ကွီးတို့ဆီ လာချင်တဲ့ အချိန်လာ၊ ထားခဲ့ချင်တဲ့အချိန် ထားခဲ့ကြတာကတော့ ကွီးတို့ရဲ့ ခရက်ရှ်လေးရယ်၊ မှန်းရခက်တဲ့ လျှပ်စစ်မီးပဲ ဖြစ်ပါတယ်။ မီးပျက်လွန်းလို့ မှောင်ကြီးမည်းကြီးထဲမှာ နေရတာလည်း အသားကျနေလောက်ရောပေါ့။ ဒါပေမဲ့ လုပ်စရာအလုပ်တွေ တစ်ပုံတစ်ပင်ကြီး ရှိတဲ့အချိန်မှာ မှောင်မည်းမည်းထဲ အလုပ်လုပ်ရင် မျက်စိကိုလည်း ထိခိုက်နိုင်ပြီး အချိန်ကြာကြာ အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလို မှောင် အတိကျနေတဲ့ ကွီးတို့ရဲ့ ဘဝထဲမှာ မီးအိမ်တွေကသာ အလင်းရောင် ဆောင်ကျဥ်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။

မှောင် အတိကျနေတာထက်စာရင် စာကြည့်မီးအိမ်လေးပဲဖြစ်ဖြစ်၊ စားပွဲတင်မီးအိမ်လေးပဲဖြစ်ဖြစ် အသုံးပြုမယ်ဆိုရင် အလင်းရောင် အောက်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ မီးအိမ် ဝယ်တဲ့အခါမှာလည်း ကွာလတီကောင်းတဲ့ မီးအိမ်လေးတွေကို အသုံးပြုသင့်ပါတယ်။

ဘယ်လိုမီးအိမ်လေးတွေလဲဆိုတော့ …

BenQ e-Reading Desk Lamp

မှောင် အလင်းရောင်

ဒီမီးအိမ် ဒီဇိုင်းလေးကတော့ မော်ဒယ်ဆန်ဆန်နဲ့ လှပနေတာ အမှန်ပါပဲ။ သူ့ရဲ့ မီးအိမ်ခေါင်းကလည်း စာကြည့်တဲ့အခါ (သို့) အလုပ်လုပ်တဲ့အခါမှာ အနှောင့်အယှက်မဖြစ်အောင် ဒီဇိုင်းဆွဲထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အလင်းရောင်ကိုလည်း Warm Tone ကနေ Cool Tone အဖြစ် အရောင်အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ ကွာလတီကောင်းတဲ့ မီးအိမ်တစ်လုံးဖြစ်တဲ့ အားလျော်စွာ သူ့ရဲ့ ဈေးနှုန်းကတော့ ယူရို ၂၅၀ ဝန်းကျင်ဖြစ်ပါတယ်။

Ikea Forsa

မှောင် အလင်းရောင်

ဒီမီးအိမ်ကတော့ မီးလုံးလေးနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး အလေးချိန်ကတော့ ၅ ပေါင်ဖြစ်ပါတယ်။ Watts ကတော့ 40 Watts ရှိပါတယ်။ ဈေးနှုန်းကတော့ ၂၀ ယူရို ပေးချေရမှာ ဖြစ်ပါတယ်။

OttLite Dual-Shade LED Desk Lamp

မှောင် အလင်းရောင်

သူ့ကို ဝယ်သင့်တဲ့ အကြောင်းအရင်းကတော့ သူ့မှာ Dual LED Lights ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ထိုမီးချောင်း နှစ်ချောင်းကို တစ်ချောင်းတည်း စုထားလို့လည်း ရသလို နှစ်ဖက် ခွဲထားလိုက်လို့လည်း ရပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၄၃ ယူရိုဝန်းကျင် ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။

Ikea Hektar

မှောင် အလင်းရောင်

ဒီမီးအိမ်လေးရဲ့ အလေးချိန်ကတော့ ၈ ပေါင်လေးပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း ချစ်စရာ ကောင်းပြီး ကိုယ်ထည်ကလည်း တောင့်တင်းခိုင်မာပါတယ်။ 7 Watts ပါရှိပြီး Qi Charging Pad လည်း ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ၆၅ ယူရို ဝန်းကျင် ကုန်ကျမှာပဲ ဖြစ်ပါတယ်။

Govee Ambient RGBWW Portable Table

Govee Ambient RGBWW Portable Table

ဖန်စီဖြစ်တဲ့ ဒီဇိုင်းလေးကို နှစ်သက်တယ်၊ ရိုးရိုးမီးအိမ်အရောင်ကိုလည်း သုံးရတာ ငြီးငွေ့လာတယ်ဆိုရင်တော့ ဒီမီးအိမ်ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ မိမိနှစ်သက်ရာ အရောင်အမျိုးမျိုးကို ပြောင်းလဲနိုင်ပြီး အလင်း အမှောင်ကိုလည်း မိမိစိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။ ဒါ့အပြင် Timer လည်း သတ်မှတ်ထားလို့ရတာကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။ Bluetooth နဲ့ ချိတ်ဆက်လို့ ရတာကလည်း သူ့ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၃၇ ယူရို ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခန်းထဲမှာ မှောင် အတိကျနေတဲ့အချိန် အလင်းရောင် ဆောင်ကျဥ်းပေးဖို့ ဘယ်လိုမီးအိမ်မျိုးကို အသုံးပြုနေပါသလဲ။

Source: Tomsguide

Featured Image: Homestratosphere