ယနေ့ခေတ်မှာ အမျိုးသမီးများသာမက အမျိုးသားများပါ အသားအရေ ထိန်းသိမ်းမှုများကို ပြုလုပ်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါ။ အမျိုးသမီးတွေပဲ အသားအရေ ထိန်းသိမ်းမှုစနစ်ကို လိုအပ်တာမဟုတ်ဘဲ အမျိုးသားတွေ လည်းလိုအပ်ပါတယ်။ နေ့စဉ်ပုံမှန် မျက်နှာသစ်ပြီး သန့်ရှင်းစင်ကြယ်စေရုံနဲ့ ကွီးတို့ အသားအရေကို ကြည်လင်နေအောင် လုပ်ဖို့မလုံလောက်တော့ပါဘူး။ ဒါကြောင့် ကွီးတို့အတွက် မျက်နှာ အသားအရေ ကြည်လင်နေအောင် လွယ်ကူသော အသားအရေထိန်းနည်းကို လိုက်နာနိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။

မျက်နှာကို သေချာသန့်စင်ပါ

မျက်နှာ ကြည်လင်နေအောင်

Photo : Pond 5

နေ့စဉ် ကျွန်တော်တို့ဟာ လေထုညစ်ညမ်းမှုတွေ၊ ကားအိတ်ဇော၊ စီးကရက်မီးခိုးနှင့် အခြားညစ်ညမ်းမှုများနှင့် နေ့စဉ်ထိတွေ့နေရပြီး ၎င်းတို့ဟာ အသားအရေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ထိုအညစ်အကြေးတွေကို သန့်စင်စေဖို့ တစ်နေ့ကို ပုံမှန် မျက်နှာ (၂) ခါသစ်ဖို့ လိုပါတယ်။ ဒါ့အပြင် အမျိုးသားအများစုက အိပ်ရာမဝင်မီ မျက်နှာကို ဆေးကြောရန် ပျင်းလေ့ရှိကြပါတယ်။ ထို့သို့မလုပ်ပါနဲ့။ ဝက်ခြံပြဿနာများ ဖြစ်လာနိုင်ပါတယ်။ ကွီးတို့ မျက်နှာအသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပါ။ မျက်နှာ ကို သေချာစွာသန့်စင်တာက ကွီးတို့ အသားအရေ ကြည်လင်နေအောင် ထိန်းသိမ်းတဲ့ ပထမအဆင့်ပဲ ဖြစ်ပါတယ်။

အစိုဓာတ်ပါတဲ့ ခရင်မ် တစ်မျိုးမျိုးကိုလိမ်းပါ

မျက်နှာ ကြည်လင်နေအောင်

Photo : Guy Counseling

ကွီးတို့ မျက်နှာကို သေချာစွာသန့်စင်ပြီးလျှင် အမြဲ အစိုဓာတ်ပါတဲ့ ခရင်မ် (Moisturizer) တစ်မျိုးမျိုး လိမ်းပေးပါ။ အစိုဓာတ်ထိန်းပေးခြင်းက ကွီးတို့ အသားအရေခြောက်သွေ့ခြင်းနှင့် မွဲခြောက်ခြင်းများကို ကာကွယ်ပေးပါတယ်။ အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တစ်မျိုးမျိုးလိမ်းပေးခြင်းဖြင့် ကွီးတို့အသားအရေကို နုပျိုစိုပြေစေပါတယ်။

နေရောင်ကာခရင်မ်ကို အမြဲလိမ်းပါ

မျက်နှာ ကြည်လင်နေအောင်

Photo : Forbes

အမျိုးသားတွေ လျစ်လျူရှုတတ်တဲ့ နောက်တစ်ခုကတော့ နေရောင်ကာခရင်မ်ပါ။ နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က ကွီးတို့ရဲ့ အသားအရေကို ပျက်စီးစေရုံသာမက ခရမ်းလွန်ရောင်ခြည်ထိပါများရင် အရေပြားကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်။ ထို့အပြင် ခရမ်းလွန် ရောင်ခြည်က အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒါ့ကြောင့် အနည်းဆုံး SPF 30 ပါသော နေရောင်ကာခရင်မ်ကို လိမ်းပေးရပါမယ်။ ကွီးတို့အနေနဲ့ အပြင်မထွက်မီ ကွီးတို့မျက်နှာအသားအရေ၊ နားနှင့် လည်ပင်းများ အပါအဝင် နေရောင်ကာခရင်မ်ကို လိမ်းပေးပါ။

မျက်နှာကို ကြေးချွတ် (Exfoliation) ပေးပါ

clear face

Photo : Rawpixel

ကွီးတို့ရဲ့ မျက်နှာ အသားအရေ ကြည်လင်နေအောင် ၁ ပတ်တစ်ခါဖြစ်စေ၊ ၂ ပတ်တစ်ခါဖြစ်စေ သို့မဟုတ် တစ်လ တစ်ခါဖြစ်စေ မျက်နှာကို ကြေးချွတ် (Exfoliation) လုပ်ပေးပါ။ အဘယ့်ကြောင့်ဆိုသော် အရေပြားပေါ်ရှိ ဘက်တီးရီးယားပိုးမွှားများ စုပုံလာမှုနဲ့ အရေပြားဆဲလ်သေများကို ဖယ်ရှားရှင်းလင်းရန် အရေးကြီးပါတယ်။ မျက်နှာကို ကြေးချွတ်တာကို ပုံမှန်မလုပ်ပေးလျှင် ချွေးပေါက်တွေမှာ အညစ်အကြေးတွေစုလာပြီး ချွေးပေါက်ပိတ်တာ၊ ဝက်ခြံများပေါက်တာ၊ အသားအ‌ရေ ညစ်နွမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မျက်နှာကို ကြေးချွတ်တာဟာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် မျက်နှာကို ကြည်လင်ပြီး ကျန်းမာစေပါတယ်။

အလေ့အကျင့်ကောင်းတွေလုပ်ပါ

clear face

Photo : Otp Health

ကွီးတို့အနေနဲ့ မျက်နှာအသားအ‌ရေ ကြည်လင်နေအောင် လုပ်လို့ရတဲ့ အလေ့အကျင့်ကောင်းတွေ ရှိပါတယ်။ ဥပမာအားဖြင့် ရေများများသောက်တာ၊ ရေကို အလုံအလောက်သောက်ခြင်းသည် ကွီးတို့ရဲ့ အသားအရေကို စိုပြေကျန်းမာစေတယ်လို့ဆိုထားပါတယ်။ နောက်တစ်ချက်က အိပ်ရေးဝဝအိပ်တာ၊ အိပ်ချိန် အလုံအလောက်မရှိခြင်းနဲ့ နောက်ကျမှ အိပ်စက်ခြင်းဟာ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ စတဲ့ အလေ့အကျင့်ကောင်းတွေဟာ ကွီးတို့အသားအရေ အတွက်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုပါတယ်။

Source : Times of India

Featured Photo : The Georgetowner