မြန်မာ နိုင်ငံဆိုတာကတော့ အရှေ့တောင်အာရှ နိုင်ငံများအနက် ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး လည်ပတ်စရာ နေရာ မျိုးစုံနှင့် ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံအတွင်းတွင် နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ရှေးဟောင်းမြို့တော်များ၊ ဘာသာရေး အထွဋ်အမြတ်ထားရာ နေရာများ၊ တောင်တန်းများ၊ ပင်လယ်များ အစရှိတဲ့ အမျိုးအစားမတူရှိတဲ့ နေရာ များက ခရီးသွားသူများအား ဆွဲဆောင်လျက်ရှိပါတယ်။

နေရာအများအပြားရှိတဲ့အနက် သွားရောက်လည်ပတ်လို့ အကောင်းဆုံး နေရာများကတော့…

(၁၀) ပြင်ဦးလွင်

မြန်မာ နေရာ

ပြင်ဦးလွင် (သို့) မေမြို့ (သို့) တောင်လှေကားမြို့ ဆိုပြီး နာမည်အသီးသီး ခေါ်တွင်လျက်ရှိတဲ့ မြို့လေးသည် ချမ်းစိမ့်စိမ့်လေးနှင့် နေလို့ကောင်းတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ စတော်ဘယ်ရီခင်းများ၊ ကော်ဖီခင်းများဖြင့် ခြံရံလျက်ရှိပြီး စပျစ်ခြံများလည်း ရှိတဲ့ လှပတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။

(၉) ငွေဆောင်

မြန်မာ နေရာ

သဲသောင်ပြင်ပေါ်မှာ ပြေးလွှားဆော့ကစားကာ ပင်လယ်ပြင်ကြီးရဲ့ အလှကို ခံစားချင်တယ်ဆိုရင်တော့ ငွေဆောင်ကမ်းခြေဆီသို့ သွားရောက်သင့်ပါတယ်။​ ငှက်ကျွန်းမှာ Snorkelling လုပ်ချင်သလား၊ ဒါမှမဟုတ် နေဝင်ချိန်အလှကို ကြည့်ရှုချင်သလား၊ ဒါမှမဟုတ် ကမ်းခြေရှေ့က သပ္ပါယ်လှတဲ့ စေတီတော်ကို ဖူးမြင်မလား ကွီးတို့ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။

(၈) ကျိုက်ထီးရိုး

မြန်မာ နေရာ

ကျိုးထီးရိုးကတော့ တန်ခိုးကြီးဘုရားများထဲက တစ်ဆူပဲဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင် ကျိုက်ထီးရိုးတောင်တက်ကာ ဖူးမြော်ကြသူများနှင့် ပြည့်နှက်လျက်ရှိပါတယ်။

(၇) ပဲခူး

ပဲခူး

မြို့တော်တစ်ခုဖြစ်ခဲ့ဖူးတဲ့ ပဲခူးမြို့သည်လည်း သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပါတယ်။ ရှေးဟောင်းမြို့တော်ရဲ့ အငွေ့အသက်များကိုလည်း မြင်တွေ့ခံစားရနိုင်ပါတယ်။ ကွီးတို့ သွားလည်ဖြစ်တဲ့အခါ ရွှေသာလျောင်းရုပ်ပွားတော်ကြီးကို သွားရောက်ဖူးမျှော်ဖို့လည်း မမေ့ပါနဲ့ဦး။

(၆) မြောက်ဦး

မြောက်ဦး

ရခိုင်လူမျိုးများရဲ့ အထွဋ်အမြတ်ထားရာ မြို့တစ်မြို့ဖြစ်ပါတယ်။ ရှေးဟောင်း ဗိသုကာလက်ရာများကို မြင်တွေ့ခံစားနိုင်ပြီး တစ်ခါတစ်ခေါက်လောက် သွားရောက်လည်ပတ်သင့်တဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။

(၅) ငပလီ

ငပလီ

မြန်မာနိုင်ငံရဲ့ နာမည်ကြီး ကမ်းခြေများထဲတွင် ငပလီသည်လည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ကမ်းခြေပေါ်မှာ စက်ဘီးပဲစီးမလား၊ လမ်းလျှောက်ပြီး သဲသောင်ပြင်ပေါ်မှာ ပြေးလွှားဆော့ကစားမလား၊ ကွီးတို့ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။

(၄) အင်းလေး

မြန်မာ နေရာ

မြန်မာ နိုင်ငံရဲ့ အထင်ကရ နေရာ များထဲတွင် အင်းလေးကန်သည်လည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ရေပေါ်ဈေးမှာ လျှောက်လည်မလား၊ ဒါမှမဟုတ် ရေပေါ်မှာ ဆောက်ထားတဲ့ နေရာလေးတွေမှာ တည်းခိုမလား၊ ဒါ့အပြင် နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ စေတီပုထိုးများကို သွားရောက်ဖူးမျှော်မလား၊ ကွီးတို့ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။

(၃) မန္တလေး

မြန်မာ နေရာ

အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို ဆိုတဲ့ စကားလေးကို ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ တစ်ခေတ်တစ်ခါတုန်းက မင်းနေပြည်တော်ဖြစ်ခဲ့ဖူးတဲ့ မန္တလေးမြို့သည်လည်း တစ်ခါတစ်ခေါက်လောက် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ လည်ပတ်စရာနေရာများလည်း ပြည့်နှက်နေတဲ့ အတွက်ကြောင့် တစ်နေရာမှ မကျန်ခဲ့ရလေအောင် သွားရောက်သင့်ပါတယ်။​

(၂) ရန်ကုန်

မြန်မာ နေရာ

ရန်ကုန်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်ပြီး စီးပွားရေးမြို့တော်ဆိုတဲ့အတိုင်းပဲ လည်ပတ်စရာများကလည်း အများအပြားပဲရှိပါတယ်။ ရှော့ပင်းထွက်မလား၊ ဒါမှမဟုတ် အနုပညာပြခန်းများဆီ သွားရောက်မလား၊ ရွှေတိဂုံ စေတီတော်ကြီးကို သွားရောက်ဖူးမျှော်မလား၊ ကွီးတို့ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။

(၁) ပုဂံ

မြန်မာ နေရာ

ပုဂံကတော့ မြန်မာနိုင်ငံတွင် ဆွဲဆောင်မှု အရှိဆုံး နံပါတ် (၁) မြို့ တစ်မြို့ ဖြစ်ပါတယ်။ စေတီပုထိုးများက လက်ညှိုးထိုးမလွဲ တည်ရှိနေပြီး ဂန္တဝင်ဆန်တဲ့ အလှအပက စာဖွဲ့လို့ မကုန်နိုင်တာကြောင့် ကိုယ်တိုင် ကိုယ်ကျ ကိုယ့်မျက်စိနဲ့ သွားရောက်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source: Touropia

Featured Image: Thebrokebackpacker