ခရီးသွားရတာက တကယ်ကို စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းပြီး အတွေ့အကြုံအသစ်တွေကို ပေးစွမ်းနိုင်တယ်ဆိုလည်း မမှားပါဘူး။ တစ်ယောက်တည်း ခရီးသွားတာဖြစ်စေ၊ အဖွဲ့လိုက် ခရီးသွားတာ ဖြစ်စေ၊ ချစ်သူလေးနဲ့ ခရီးသွားတာ ဖြစ်စေ တကယ်ကို မတူညီတဲ့ ခံစားမှုတွေနဲ့ ပျော်ရွှင်စရာကောင်းမှာ အသေအချာပါပဲ။ အကယ်၍ ကွီးတို့က ချစ်သူလေးနဲ့ ပိုပြီးကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာဖို့ဆိုရင် ခရီးအတူတူထွက်ဖို့ အကြံပေးပါရစေ။ သို့သော်လည်း ခရီးမှာ အဆင်မပြေမှုတွေ၊ လွဲချော်မှုတွေရှိလာခဲ့လျှင်လည်း ကွီးတို့ရဲ့ ဆက်ဆံရေး အပေါ် အကောင်း၊ အဆိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ခရီးမသွားခင် သိထားရမဲ့ အချက်လေးတွေ၊ ပြင်ဆင်ရမဲ့အချက်တွေ ရှိပါတယ်။ ဒီတော့ စာရေးသူက ရှော်တီလေးနဲ့ ခရီး ဒိုးမဲ့ ကွီးတို့အတွက် အောက်ပါ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ခရီးသွားမဲ့ နေရာ ရွေးချယ်ပါ

ရှော်တီလေးနဲ့ ခရီး

Photo : Trip Zilla

ရှော်တီလေးနဲ့ ခရီး ထွက်မယ်ဆို အရင်ဆုံး ခရီးသွားမဲ့ နေရာကို ရွေးချယ်ရပါမယ်။ ကွီးတို့က စွန့်စွန့်စားစား ခရီးသွားချင်ပေမဲ့ ကွီးတို့ ချစ်သူလေးက လှပတဲ့ ကမ်းခြေမှာ အပန်းဖြေရင်း ဓာတ်ပုံတွေ အများကြီး ရိုက်ချင်နေတာ ဖြစ်ရင်ဖြစ်မှာပါ။ ဒါကြောင့် ခရီးမထွက်ခင် ကွီးတို့အနေနဲ့ အရင်ဆုံးဘယ်နေရာကို ခရီးသွားမယ်ဆိုတာ အတူတူ ရွေးချယ်ပါ။ အချိန်ယူပြီးဆွေးနွေးပါ။ အကောင်းဆုံးနေရာများကို စာရင်းပြုစုပြီး ကွီးတို့နှစ်ယောက်လုံး ကြိုက်တဲ့နေရာကို ရွေးချယ်ပါ။

ခရီးအတွက် ဘတ်ဂျက်ကို ဆုံးဖြတ်ပါ

ရှော်တီလေးနဲ့ ခရီး

Photo : The Budget

ဒုတိယ အရေးအကြီဆုံးကတော့ ဒီခရီးစဉ်မှာ သုံးမဲ့ငွေကြေးပမာဏ တစ်ခုကိုသတ်မှတ်ပါ။ နှစ်ဦးနှစ်ဖက် ညှိညှိနှိုင်းနှိုင်းနဲ့ ကိုယ်သွားချင်တဲ့နေရာ၊ တစ်ဖက်လူသွားချင်တဲ့နေရာများကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ထားပါ။ ထို့နောက် သင့်လျော်သော ငွေကြေးပမာဏတစ်ခုကို ဆုံးဖြတ်ပါ။ သတ်မှတ်ထားသော ဘတ်ဂျက်ဖြင့် နှစ်ဦးစလုံး သဘောတူကြောင်း သေချာပါစေ။

ခရီးစဉ်တစ်လျှောက် အချင်းချင်း ဂရုစိုက်ပါ

ရှော်တီလေးနဲ့ ခရီး

Photo : Exotic Voyages

ရှော်တီလေးနဲ့ ခရီး ထွက်တာဟာ ရင်ခုန်စိတ်လှုပ်ရှားစေပြီး ပျော်ရွှင်ဖို့စေတာ မှန်ပါတယ်။ သို့သော်လည်း မရင်းနှီးသေးတဲ့ နေရာမှာ ဘေးကင်းလုံခြုံစေဖို့ တစ်ယောက်နဲ့ တစ်ယောက် စည်းစည်းလုံးလုံးနဲ့ ဂရုစိုက်ဖို့လိုပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး ကိစ္စတော်တော်များများကိုလည်း အချင်းချင်းညှိနှိုင်း တိုင်ပင် ဆောင်ရွက်ပါ။ အရေးပေါ်အတွက် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်များကိုလည်း လေ့လာထားပါ။

အမှတ်တရ ဖြစ်စေမဲ့ အရာလေးတွေ ပြုလုပ်ပါ

travel

Photo : Travel and Leisure Asia

ကွီးတို့ရေ အမှတ်တရ ခရီးစဉ်လေးကို ပိုပြီး ရင်ခုန်ကြည်နူး ပျော်စရာကောင်းအောင် ပြင်ဆင်လို့ရပါတယ်။ ကွီးတို့ရဲ့ ခရီးစဉ်အတွင်းမှာ လူနှစ်ယောက်ပိုပြီး ရင်းနှီးစေမဲ့ အရာလေးတွေ ပြုလုပ်ပါ။ စခန်းချတာ၊ တောင်တက်တာ၊ အတူတူစွန့်စားရတဲ့ လှုပ်ရှားမှုလေးတွေကို ပြုလုပ်ပါ။ ရယ်မောပျော်ရွှင်ရင်းနဲ့ ချစ်ခြင်းတရားတွေ ပိုတိုးလာစေမှာပါ။

ညစာစားပွဲလေး လုပ်ဖို့ မမေ့ပါနဲ့

travel

Photo : Daily Travel Pill

နေရာအသစ်၊ နယ်မြေအသစ်ကို စူးစမ်းလေ့လာရင်း ကွီးတို့ရှော်တီလေးနဲ့ ရင်ခုန်စရာ အချိန်လေး ဖန်တီးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဖယောင်းတိုင်မီးလေးတွေနဲ့ ရိုမန့်တစ်ဆန်တဲ့ ညစာစားပွဲလေး ပြင်ဆင်ပါ။ ရာသီဥတုသာယာရင် အပြင်ဘက်မှာ ညစာစားပွဲလေးကို ကွီးတို့ တည်းခိုတဲ့ ဟိုတယ်ကို ပြင်ဆင်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဖယောင်းတိုင်မီး မှိန်မှိန်လေးတွေနဲ့ ကြယ်ရောင်စုံနေတဲ့ ကောင်းကင်အောက်မှာ ချစ်ရသူလေးနဲ့ အရသာရှိတဲ့ အစားအစာတွေကို စားရင်း ကွီးတို့ ခရီးစဉ်ကို ပိုရင်ခုန်စရာကောင်းတာ ဘာရှိတော့မလဲ ကွီးတို့ရေ။

အခုဖော်ပြပေးလိုက်တဲ့ အချက်တွေကို ရှော်တီလေးနဲ့ ခရီးထွက်မဲ့ ကွီးတို့ အတွက် အဆင်ပြေချောမွေ့ပြီး ရင်ခုန်စရာခရီးစဉ်လေး ဖြစ်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Funday Holidays

Featured Photo : Two Drifters