အကြောင်းအမျိုးမျိုးကြောင့် စိတ်ထဲမှာ မွန်းကြပ်စရာများနဲ့ ပြည့်နှက်နေတတ်ပြီး စိတ်ထွက်ပေါက် ပိတ်နေမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး မွန်းကြပ် မှုတွေကို ပြေပျောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ စိတ်အပန်းပြေစေတဲ့ ဂိမ်းတွေ ဆော့ ကစားခြင်းပဲဖြစ်ပါတယ်။

ဒီဂိမ်းတွေက တကယ်ပဲ မွန်းကြပ် မှုတွေကို ပြေလျော့သွားစေသလား၊ မပြေလျော့စေဘူးလားဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုပဲ စမ်း ဆော့ ကြည့်လိုက်ပါ။

(၁) Mech Arena

Mech Arena

ဒီဂိမ်းလေးကတော့ Android မှာရော iOS မှာပါ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးဖြစ်ပြီး ပိုက်ဆံ ပေးစရာမလိုဘဲ ဖရီးဆော့ကစားနိုင်ပါတယ်။ Raid: Shadow Legends ဂိမ်းကို ဖန်တီးထားတဲ့ Developer ကပဲ တီထွင်ထားတာဖြစ်ပြီး ဆော့ကစားရတာလည်း အမိုက်စား ခံစားချက်ကို ပေးစွမ်းနေမှာပဲဖြစ်ပါတယ်။

ကွီးနဲ့ ကွီးတို့ရဲ့ ရန်သူက အချင်းချင်း နိုင်အောင် တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ ယှဥ်ပြိုင်တိုက်ခိုက်တဲ့ နေရာကိုလည်း ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ သဲသောင်ပြင်မှာပဲ ယှဥ်တိုက်မလား၊

(၂) Epic Seven

Epic Seven

ကွီးတို့က Anime တွေက ကြိုက်နှစ်သက်ပါသလား။ ဒါဆိုရင်တော့ ဒီဂိမ်းလေးကို ရွေးချယ်ဆော့ကစားသင့်ပါတယ်။ Epic Seven က ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးဖြစ်ပြီး ကွီးတို့က ဟီးရိုးတွေကို စုပေါင်းပြီး လူစွမ်းကောင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့နိုင်ပါတယ်။ ထိုလူစွမ်းကောင်းအဖွဲ့ကနေ လူဆိုးတွေကို နိုင်အောင် ချေမှုန်းတိုက်ခိုက်ရမှာဖြစ်ပါတယ်။

(၃) Idle Bank Tycoon: Money Empire

Idle Bank Tycoon: Money Empire

ဒီဂိမ်းထဲမှာဆိုရင်တော့ ကွီးတို့က ဘဏ်လုပ်ငန်းရှင်ကြီးတစ်ယောက်အဖြစ် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ကွီးတို့က ကိုယ့်ရဲ့ ဘဏ်အင်ပါယာကြီးကို ကြီးသထက် ကြီးလာအောင် ချဲ့ထွင်ရမှာဖြစ်ပြီး ကိုယ့်ရဲ့ ဂုဏ်သတင်းကိုလည်း ကျော်ကြားလာအောင် ဖန်တီးရမှာဖြစ်ပါတယ်။ ထိုမှတဆင့် ချမ်းသာတဲ့ ကလိုင်းရန့်တွေကို ဆွဲဆောင်နိုင်ပါပြီ။

(၄) Forge of Empires

မွန်းကြပ် ဆော့

ကွီးတို့က ကိုယ့်ရဲ့ ရွာကို ကိုယ့်စိတ်ကြိုက် ဖန်တီးနိုင်ပြီး ထိုမှတဆင့် ရွာအဆင့်ကနေ မြို့ပြအဖြစ် အဆင့်မြင့်လာအောင် ချဲ့ထွင်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့ကို ဘေးရပ်ဝန်းကျင်က ရန်သူတွေက အမြဲတမ်း ထိုးစစ်ဆင်ဖို့ ချောင်းမြောင်းနေတယ်ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။ ကျူးကျော်လာတဲ့ ရန်သူတွေကို အနိုင်တိုက်ထုတ်ပြီး ကွီးတို့ရဲ့ အင်ပါယာကို ချဲ့ထွင်နိုင်ပါတယ်။

(၅) Rise of Cultures

မွန်းကြပ် ဆော့

ဒီဂိမ်းကလည်း ဖရီးဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ မြို့ကို ကိုယ့် စိတ်ကြိုက်ဖန်တီးနိုင်ပြီး ထိုမြို့ထဲက အလုပ်သမား တစ်ယောက်ချင်းစီကိုလည်း ကွီးတို့ကိုယ်တိုင် ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် အလုပ် လုပ်ချိန်ကိုလည်း ကွီးတို့ကိုယ်တိုင် ကြီးကြပ်နိုင်ပါသေးတယ်။ ဒီ့ထက်မိုက်တဲ့ဂိမ်းတောင် ဒီလောက်မိုက်မှာမဟုတ်ပါဘူး။

(၆) Jetpack Joyride

မွန်းကြပ် ဆော့

စက်ရုပ်နဂါးတွေကို အသုံးပြုပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ ကွီးတို့က ထိုနဂါးပေါ်မှာ တက်စီးပြီး နဂါးနဲ့အတူတူ ပြေးတာ၊ ပျံတာမျိုးတွေ ပြုလုပ်ရမှာဖြစ်ပြီး အတားအဆီးတွေကိုလည်း ဖြတ်ကျော်ရမှာပဲ ဖြစ်ပါတယ်။ ပွိုင့်တွေကိုလည်း အမိအရ ဖမ်းဆုပ်ဖို့ လိုအပ်ပါသေးတယ်။

(၇) Hero Wars

မွန်းကြပ် ဆော့

ဒီဂိမ်းကလည်း တခြား ဟီးရိုးဂိမ်းတွေနဲ့ ဆင်တူပါတယ်။ ကွီးတို့က ဟီးရိုးတွေ အကုန်လုံးကို ပေါင်းစည်းပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ရမှာဖြစ်ပါတယ်။ ထို့နောက် ကွီးတို့က ချဲလန့်တွေ တစ်ခုပြီး တစ်ခု ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ အဖွဲ့က တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင် စွမ်းအားတွေ မြင့်လာအောင် ကြိုးစားဖို့လည်း လိုပါသေးတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်ဂိမ်းတွေကို ဆော့ဖူးပါသလဲ။

Source: Pockettactics

Featured Image: Gamerefinery