Mobile Legends: Bang Bang ၊ PUBG ၊ Call of Duty: Mobile နဲ့ Among Us စတဲ့ ဂိမ်းတွေကတော့ ဘော်ဒါတွေနဲ့ အတူတူ ဆော့ဖြစ်ကြတဲ့ ရေပန်းအစား ဂိမ်းတွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီဂိမ်းတွေပဲ ပတ်ဆော့နေရတာ ငြီးငွေ့နေပြီ ၊ အပြောင်းအလဲအနေနဲ့ တခြားဂိမ်းမိုက်မိုက်လေးတွေ ဆော့ချင်တယ် ၊ ဘယ်ဂိမ်းတွေ ကောင်းလဲဆိုတာ မသိသေးတဲ့ ဂိမ်းဝါသနာရှင်တွေအတွက် နောက်ထပ် ဘော်ဒါတွေနဲ့ အတူ ချိတ်ဆက်ကစားလို့ရတဲ့ အမိုက်စား Android ဂိမ်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) Riptide GP: Renegade

Source : Vector Unit

Riptide GP: Renegade ဂိမ်းလေးကတော့ Racing ဂိမ်းတွေကြိုက်တဲ့ ကွီးတို့အတွက် ဖြစ်ပါတယ်။ Campaign Mode က တော်တော်လေး ပျော်ဖို့ကောင်းပြီး Events တွေလည်း အများကြီးပါပဲ။ Head To Head Matchups တွေမှာ ကစားသမား ၈ ယောက်အထိ ပါဝင်ကစားနိုင်မှာပါ။ Plit-Screen Multiplayer Mode ၊ Hardware Controllers နဲ့ တခြားလုပ်ဆောင်ချက်တွေလည်း အများကြီး ပံ့ပိုးပေးထားပါတယ်။ ဘော်ဒါတွေနဲ့ Challenge ခေါ်ပြီး ကစားလို့ရတဲ့ အမိုက်စား ဂိမ်းလေးဖြစ်ပါတယ်။

(၂) Supercell Games

Source : Brawl Stars

Supercell ကတော့ တော်တော်လေး လူကြိုက်များရေပန်းစားခဲ့တဲ့ Multiplayer ဂိမ်းတွေ အများကြီး ဖန်တီးခဲ့ပါတယ်။ ဒီထဲမှာ Clash Royale ၊ Clash of Clans နဲ့ Boom Beach ဂိမ်းတွေတော့ တော်တော်ကြီး ဟော့ဖြစ်ခဲ့ပါတယ်။ Clash of Clans နဲ့ Boom Beach ကတော့ ဗျူဟာကျကျ ဆော့ရတဲ့ဂိမ်းတွေဖြစ်ပြီး Clash Royale ကတော့ Hearthstone နဲ့တူတဲ့ ကတ်ဂိမ်းတစ်ခုဖြစ်ပါတယ်။ Clash of Clans ကို တော်တော်များများ ဆော့ဖူးကြလောက်မယ် ထင်ပါတယ်။ Clash Royale နဲ့ Boom Beach ကို မဆော့ဖူးသေးရင် Try ကြည့်ဖို့ ညွှန်းချင်ပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Brawl Stars ဂိမ်းကလည်း ဘော်ဒါတွေနဲ့ အတူတူဖြတ်လို့ရတဲ့ အမိုက်စား ဂိမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

(၃) T3 Arena

Source : T3 Arena

T3 Arena ဂိမ်းကတော့ ပစ်ရခတ်ရ ကြိုက်သူတွေအတွက် Third-Person Hero Shooter ဂိမ်း ဖြစ်ပါတယ်။ ဒီဂိမ်းမှာက ဂိမ်း Modes မျိုးစုံနဲ့ ရွေးချယ်စရာ Heroes တွေလည်း တော်တော်လေး များပါတယ်။ Hero တစ်ကောင်စီမှာ သူတို့ရဲ့ ကိုယ်ပိုင်ထူးခြားချက် စွမ်းရည်တွေလည်း ပိုင်ဆိုင်ထားကြပါတယ်။ နာမည်ကြီး Battle Royale ဂိမ်း Fortnite နဲ့ဆင်တူတယ်လို့ ပြောလို့ရပြီး ကိုယ့် ဘော်ဒါတွေနဲ့ အတူတူ ချိတ်ဆက်ပြီးကစားလို့ရသလို အွန်လိုင်းပေါ်က တခြားသူတွေနဲ့ တွဲပြီးလည်း ကစားလို့ရပါတယ်။

(၄) Terraria

Source : Terraria

Terraria က Minecraft ရဲ့ 2D ဗားရှင်းနဲ့ တူပါတယ်။ စူးစမ်းရှာဖွေဖို့အတွက် Open World ကြီး ပေးထားပါတယ်။ Minecraft လိုပဲ Resources တွေရှာတာ ၊ အဆောက်အအုံတွေ တည်ဆောက်တာ ၊ ရန်သူတွေနဲ့ တိုက်ခိုက်ရတာတွေ ပါပါတယ်။ Multiplayer Mode ပါတဲ့အတွက် ဘော်ဒါတွေနဲ့ အတူတူ ချိတ်ဆက်ပြီး ပျော်ပျော်ပါးပါး ကစားလို့ရပါတယ်။ Minecraft နဲ့ တူသလိုရှိပေမယ့် Terraria က အနည်းငယ်ကွဲပြားနေတဲ့ စိတ်ဝင်စားစရာ အမိုက်စား ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

Featured Photo : House of Kingdoms