လူတိုင်းကတော့ တစ်နှစ်မှတစ်ခါ ကျင်းပရတဲ့ မွေးနေ့လေးရက်ကို အမှတ်တရဖြစ်ဖွယ် ဖြတ်သန်းချင်ကြသူတွေ ချည်းပါပဲ။ မွေးနေ့ဆိုတာ ကိုယ်ချစ်ရသူတွေ ၊ မိသားစု ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းရတာမျိုးပါ။ ဒီတစ်ခေါက်တော့ ကွီးတို့ရဲ့ မွေးနေ့ရက်လေးကို သူငယ်ချင်းတွေ ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းနိုင်ဖို့ Budget အလိုက်ရွေးချယ်နိုင်မယ့် မွေးနေ့ ပါတီပွဲ ကျင်းပလို့ကောင်းတဲ့ နေရာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အိမ် / ခြံဝန်း

Photo : iStock

များသောအားဖြင့်တော့ မွေးနေ့ ပါတီပွဲ လေးကို ချစ်ခင်ရသူတွေနဲ့ အိမ်မှာပဲ ပျော်ပျော်ပါးပါး ကျင်းပလေ့ ရှိကြပါတယ်။ ကိုယ့် နေအိမ် / ခြံဝန်းလေးထဲမှာပဲ ဆိုတော့ လွတ်လွတ်လပ်လပ်နဲ့ စိတ်လွတ်ကိုယ်လွတ်ပို ရှိပါတယ်။ ကုန်ကျစရိတ်အနေအထားကို ပြန်ကြည့်မယ်ဆိုရင်လည်း အပြင်မှာထက် အိမ်မှာက Budget နည်းနည်းနဲ့ ကိုက်ပြီး အဆင်ပြေသလို ပြင်ဆင်ကျင်းပလို့ ရပါတယ်။ အစားအသောက်အတွက်လည်း ကိုယ်တိုင်ချက်ပြုတ်နိုင်မှာဖြစ်လို့ ကုန်ကျစရိတ်ကိုတော့ သိသိသာသာ လျော့ချချင်သူတွေအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

(၂) Bar / စားသောက်ဆိုင်

Photo : The Honeycombers

အခုနောက်ပိုင်း မွေးနေ့ ပါတီပွဲ လေးကို Bar နဲ့ စားသောက်ဆိုင်တွေမှာ ကျင်းပလာကြပါတယ်။ Bar နဲ့ စားသောက်ဆိုင်တွေမှာ မွေးနေ့ပါတီလုပ်ရတဲ့ အားသာချက်တစ်ခုက အစားအသောက် ၊ နေရာထိုင်ခင်းကစ ခေါင်းစားစရာ မလိုတာပါပဲ။ နောက်ပြီးတစ်ချို့ဆိုင်တွေဆိုရင် မွေးနေ့ပါတီအတွက် Decoration အပြင်အဆင် ၊ အစားအသောက်တွေကို Budget ပေါ်မူတည်ပြီး ကာစတန်မာစိတ်ကြိုက်ဝန်ဆောင်မှု ပေးပါတယ်။ ကွီးတို့မွေးနေ့ပါတီကို ဖိတ်မယ့် ဧည့်သည်အရေအတွက် ၊ သုံးမယ့် ပိုက်ဆံပမဏ ပေါ်မူတည်ပြီး ကုန်ကျစရိတ်ကို ဆိုင်နဲ့ ညှိနှိုင်းပြင်ဆင်လို့ရပါတယ်။ တချို့ဆိုင်တွေမှာ မွေးနေ့ရှင်အတွက် လက်ဆောင်ပေးတာ ၊ Discount ပေးတဲ့ ဝန်ဆောင်မှု အစီအစဉ်လေးတွေပါ လုပ်ပေးပါတယ်။

(၃) ကမ်းခြေ

Photo : Heart Radio

ခရီးလည်းသွားရ မွေးနေ့ ပါတီပွဲ လေးလည်းကျင်းပရတဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်အမိုက်စားအစီအစဉ်လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကမ်းခြေမှာ မွေးနေ့ကျင်းပဖို့ အကြံပြုချင်ပါတယ်။ ကမ်းခြေက သဲသောင်ပြင်ပေါ်မှာ အမိုက်စား မွေးနေ့အပြင်အဆင် အခင်းအကျင်းလေးတွေနဲ့ ကွီးတို့ရဲ့ မွေးနေ့ပါတီလေးကို အမှတ်တရဖြစ်ဖွယ် အပျော်ရွှင်ဆုံး ဖြတ်သန်းလို့ရပါတယ်။ ခရီးသွားရတာဖြစ်တဲ့အတွက် မွေးနေ့မတိုင်ခင်အနည်းဆုံး ၂ – ၃ ပတ်အလိုလောက်ကတည်းက ဟိုတယ်ချိတ်တာ ၊ အစားအသောက်ရွေးချယ်တာတွေကို ကြိုတင်ပြင်ဆင်ဖို့ လိုပါမယ်။ ကုန်ကျစရိတ်ကတော့ ချုံ့ရင်ချုံ့သလောက် ၊ ချဲ့ရင်ချဲ့သလောက် Amount အနည်းအများ ကွာသွားနိုင်ပေမယ့် ပုံမှန်မွေးနေ့ပါတီတွေထက်တော့ ကုန်ကျစရိတ်ပိုများနိုင်ပါတယ်။

(၄) ရေကူးကန်

Photo : Isomr Digital

လူငယ်ဆန်ဆန် ပျော်ပျော်ပါးပါးနဲ့ အမှတ်တရ ဖြစ်စေမယ့် မွေးနေ့ ပါတီပွဲ လေးကျင်းပလို့ရတဲ့ နေရာတစ်ခုကတော့ Pool ပဲ ဖြစ်ပါတယ်။ မွေးနေ့နဲ့ Pool Party ပွဲလေးကို တစ်ပြိုင်နက်တည်း ကျင်းပသလို ခံစားရစေမှာပါ။ လူငယ်/လူလတ်ပိုင်းတွေအတွက် ပိုပြီးကိုက်ညီတဲ့ မွေးနေ့ကျင်းပမှုပုံစံတစ်ခုလို့ ပြောလို့ရပါတယ်။ ဘော်ဒါတွေနဲ့ ရေကူးလိုက် ၊ သောက်လိုက်စားလိုက် ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ပါတယ်။ ရေကူး ကန်ကို ကန်ပြတ်ငှားပြီး လူများများနဲ့ Heavy မွေးနေ့ပါတီကျင်းပလို့ရသလို ဟိုတယ်တစ်ခုခုက Pool မှာပဲ ကိုယ့်လူနဲ့ ကိုယ်ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ ရပါတယ်။ တချို့ဟိုတယ်တွေမှာ Pool နဲ့ Bar တွဲဖွင့်တာရှိတော့ အစားအသောက်အတွက် သီးခြားပြင်ဆင်စရာ မလိုပါဘူး။ ကိုယ်တိုင်အပြင်ကပဲ အစားအသောက်အတွက် ပြင်ဆင်သွားဖို့ စီစဉ်ထားတယ်ဆိုရင်လည်း ရေကူးကန်နဲ့ ကြိုတင်ညှိနှိုင်းပြီး Charges ကောက်ခံမှုရှိမရှိ စုံစမ်းဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Gotham Magazine