ကိုယ့်အိမ်မှာပဲ အိမ်တွင်း မွေးနေ့ ပါတီပွဲ ကျင်းပဖို့ စီစဉ်နေကြသူများအတွက် သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန် များရှိပါတယ်။ ဒီအချက်များကို သေချာဂရုစိုက်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိမ်တွင်း မွေးနေ့ ပါတီပွဲ လေးသည် အမှတ်တရကောင်းများစွာနဲ့ ပျော်ရွှင်နေရမှာပဲဖြစ်ပါတယ်။

ကိုယ့်အိမ်က ကလေးတွေအတွက် အိမ်တွင်း မွေးနေ့ ပါတီပွဲ ကျင်းပပေးချင်တာမျိုးပဲ ဖြစ်ဖြစ်၊ လူကြီးတစ်ယောက်ယောက်အတွက် မွေးနေ့ပွဲ ကျင်းပပေးချင်တာပဲဖြစ်ဖြစ် ဒီအချက်များက အကြုံးဝင်ပါတယ်။

လာရောက်မယ့် ဧည့်သည်များအား ကြိုတင်ဖိတ်ကြားထားပါ

party invitation

ဖိတ်စာနဲ့ သေသေချာချာ ဖိတ်မယ်ဆိုရင် ဖိတ်စာရိုက်ဖို့ ကြိုတင်ပြင်ဆင်ပါ။ ထို့နောက် မိမိဖိတ်ချင်တဲ့ ဧည့်သည်တွေကို တစ်ပတ်တန်သည် နှစ်ပတ်တန်သည် ကြိုတင်ကာ ဖိတ်ကြားထားဖို့ လိုအပ်ပါတယ်။ အချိန်နီးမှ ဖိတ်တဲ့အခါ အချို့သူငယ်ချင်း အပေါင်းအဖော်တွေကို ဖိတ်ဖို့ မေ့သွားတာမျိုးဖြစ်တတ်ပါတယ်။ အမေ့လျော့ခံရသူအဖို့လည်း အောင့်သက်သက် ခံစားချက်မျိုး ခံစားရနိုင်ပြီး သင်တို့နှစ်ယောက်ကြား ဆက်ဆံရေးကို ထိခိုက်စေပါလိမ့်မယ်။

အကြောင်းပြန်ရမယ့် ရက်စွဲကိုလည်း ဖိတ်စာပေါ်မှာ တစ်ပါတည်း ထည့်ထားပါ

party invitation

Photo: Online.visual-paradigm

ဖိတ်စာပေါ်မှာ RSVP နေ့စွဲလေးကိုပါ ထည့်သွင်းထားပါ။ RSVP ဆိုတာကတော့ ဖိတ်ကြားခံရတဲ့ ပွဲသို့ တက် မတက် အကြောင်းပြန်ရတာဖြစ်ပါတယ်။ လာရောက်ဖြစ်မယ် မလာဖြစ်ဘူးဆိုတာကို အီးမေးလ်ကနေဖြစ်စေ၊ ဖုန်းဆက်အကြောင်းကြာ၍ ဖြစ်စေ၊ ဆိုရှယ်မီဒီယာများကနေ မက်ဆေ့ပို့၍ဖြစ်စေ အကြောင်းပြန်နိုင်ကြောင်း ထည့်ရေးထားနိုင်ပါတယ်။

အသေးစိတ်ကအစ ဂရုစိုက်ပါ

အသေးစိတ်ကအစ ဂရုစိုက်ပါ

Photo: Postable

ပါတီပွဲက ဘယ်အချိန်ကစပြီး ဘယ်အချိန်မှာ ဆုံးမလဲဆိုတဲ့ အသေးစိတ်အချက်အလက်များကိုပါ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ဒါမှ မွေးနေ့ပွဲ စီစဉ်သူလည်း သူ အားတဲ့အချိန်အထိ ဧည့်ခံပေးနိုင်မှာဖြစ်ပြီး ဧည့်သည်များအတွက်လည်း သူတို့ရဲ့အချိန်ကို ချိန်ညှိကာ ပြန်ရမှာဖြစ်ပါတယ်။

အစားအသောက်ပိုင်းနှင့် ပတ်သက်၍လည်း သေချာဂရုစိုက်ပါ

အိမ်တွင်း မွေးနေ့ ပါတီပွဲ

Photo: Instacart

မတည့်တဲ့အစားအစာရှိသူများအတွက်၊ သားသတ်လွတ်သမားများအတွက် စသည်ဖြင့် အစားအစာများကို သေသေချာချာဂရုစိုက်ကာ ပြင်ဆင်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါမှ လာရောက်တဲ့ ဧည့်သည်တွေအတွကလည်း အဆင်ပြေမှာဖြစ်ပါတယ်။

မွေးနေ့လက်ဆောင်များ ချက်ချင်း ဖွင့်ဖောက်ခြင်းကို ရှောင်ကြဉ်ပါ

အိမ်တွင်း မွေးနေ့ ပါတီပွဲ

Photo: Thejakartapost

ဒီအချက်တော့ မွေးနေ့ရှင်အတွက်ပဲဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က မတူကြပါဘူး။ အချို့ကလည်း ဟန်ဆောင်တတ်ကြသလို၊ အချို့ကလည်း ကိုယ့်ခံစားချက်အတိုင်း မျက်နှာမှာ သွားပေါ်တတ်ပါတယ်။

တကယ်လို့ ကိုယ် မနှစ်သက်တဲ့ မွေးနေ့လက်ဆောင်တစ်ခုခုကို ရရှိခဲ့သော် မျက်နှာပျက်သွားတာမျိုး မဖြစ်ရလေအောင် ဧည့်သည်များအရှေ့မှာ မွေးနေ့လက်ဆောင်တွေ ချက်ချင်း ဖွင့်ဖောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ကျေးဇူးတင်လွှာလေး ပို့ဖို့လည်း မမေ့ပါနဲ့

အိမ်တွင်း မွေးနေ့ ပါတီပွဲ

Photo: Ideas

ဒီအချက်လေးကတော့ ပါတီပွဲ ကျင်းပပြီးတဲ့နောက်မှာ ပြုလုပ်ရမယ့်အချက်လေးဖြစ်ပါတယ်။ မွေးနေ့ပါတီပွဲ တက်ရောက်ပေးလို့ ကျေးဇူးတင်ကြောင်း ကတ်လေး ပို့ပေးတာပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာကနေ ကျေးဇူးတင်ကြောင်း ပြောကြားတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။ ဒီအချက်ကတော့ ပွဲတက်ရောက်တဲ့ ဧည့်သည်များအတွက်လည်း ကြည်နူးစရာ စိတ်ခံစားချက်လေးကို ခံစားနိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Mommynearest

Featured Image: Next Luxury