ကွီးတို့ရေ ကောင်းမွန်သော လိင်မှုဘဝ နဲ့ သာယာပျော်ရွှင်ဖွယ် လိင်ဆက်ဆံမှုဆိုတာ သူ့အလိုလိုတော့ မရလာနိုင်ပါဘူး။ ကြိုးပမ်းအားထုတ်မှုနဲ့ ကိုယ့်ရဲ့ အလုံးစုံသော ကျန်းမာရေးအပြင် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးပေးမှုတို့ ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေ၊ အလေ့အကျင့်တွေက လိင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများနှင့် ကမောက်ကများကို ဖြစ်စေပြီး အိပ်ရာပေါ်မှာ ယောက်ျားသားတို့ အစွမ်း ကို ထိခိုက်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘယ်လိုအလေ့အကျင့်ဆိုးတွေက ယောက်ျားသားတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုက်ရိုက်ထိခိုက်စေတာလဲဆိုတာ ဝေမျှပေးမှာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်း
Photo : The Sun
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေတယ်ဆိုတာ လူတော်တော်များများ သိပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေပြီး လိင်စိတ်ဆန္ဒကိုလည်း လျော့ကျစေပါတယ်။ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အထူးသဖြင့် အမျိုးသားတွေအတွက် လိင်အင်္ဂါနဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေပါတယ်။ ဒါကြောင့် ကောင်းမွန်သော လိင်မှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင် ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပစ်ဖို့ လိုပါတယ်။
လုံလောက်စွာ အိပ်စက်မှုမရှိခြင်း
Photo : CNBC
တိုးတက်လာတဲ့ခေတ်နဲ့အညီ လူတော်တော်များများ အထူးသဖြင့် လူငယ်တွေက ညနက်တဲ့အထိ မအိပ်ပဲနေလေ့ ရှိပါတယ်။ ဒီလို ညဘက်နောက်ကျမှ အိပ်ပြီး အိပ်စက်ခြင်းစက်ဝန်းကို ထိခိုက်စေခြင်းက ယောက်ျားသားတို့ ရဲ့ အစွမ်း ကို တိုက်ရိုက် အနှောင့်အယှက်ပေးနိုင်ပါတယ်။ အိပ်ရေးမဝသော အမျိုးသားများက လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု နည်းပါးပြီး အမျိုးသားတို့ အဓိကကျတဲ့ လိင်ဟော်မုန်း တစ်မျိုးဖြစ်တဲ့ Testosterone ပမာဏ လျှော့ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်သော အစားအစာများ စားသုံးခြင်း
Photo : Crossroads Initiatives
ကျန်းမာရေးနဲ့ မညီညွတ်သော အစားအစာများ၊ ကာဗိုဟိုက်ဒရိတ်များ၊ သကြားများနှင့် ပြည့်ဝဆီများသော အစားအစာများ၊ အသင့်စားအစားအစာများ စားသုံးခြင်းက ကိုယ်ခန္ဓာအတွင်း သွေးစီးဆင်းမှုကို နှေးကွေးစေပြီး လိင်ဆက်ဆံချိန်မှာ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်သော လိင်မှုဘဝကို ရရှိစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။ လိင်ပိုင်းဆိုင်ရာအတွက် အထောက်အကူပြုသော အစားအစာများကိုလည်း ထည့်သွင်းစားသုံးပေးပါ။ ရရှိရန် လွယ်ကူတဲ့ လိင်ပိုင်းဆိုင်ရာကို အထောက်အကူပြုတဲ့ အစားအစာ အချို့ကတော့
- ဖရဲသီး
- ငှက်ပျောသီး
- ထောပတ်သီး
- ဥအမျိုးမျိုး
- အစေ့အဆံများ
- ချောကလက်
- စတော်ဘယ်ရီသီး စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကမာ ကလည်း လိင်ပိုင်းဆိုင်ရာ အားကောင်းစေတဲ့ ဂုဏ်သတ္တိများရှိတယ်လို့ ဆိုထားပါတယ်။
စိတ်ဖိစီးမှုများခြင်း
Photo : Pharmacist Support
စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကများက ကွီးတို့ရဲ့ လိင်မှုရေးရာမှာ ထိခိုက်စေသည်သာမက လိင်တံ အရွယ်အစားကိုပါ လျော့ကျနိုင်တယ်ဆိုတာ သိပါသလား။ ဒါ့အပြင် စိတ်ဖိစီးမှုက Libido လို့ခေါ်တဲ့ လူတစ်ဦးရဲ့ အလုံးစုံ လိင်ပိုင်းဆိုင်ရာ တွန်းအား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် ဆန္ဒကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ အတတ်နိုင်ဆုံး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချပါ။ စိတ်ပိုင်းဆိုင်ရာကို အထူးအလေးပေးပြီး ပြုမူနေထိုင်ပါ။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။
ကွီးတို့ရေ အိပ်ရာပေါ်က ကိုယ့်ရဲ့အစွမ်းကို မထိခိုက်စေချင်ရင်တော့ အပေါ်က အချက်တွေလုပ်မိနေရင် ချက်ချင်း ရပ်တန့်ပစ်ဖို့ လိုတယ်နော်။
Source : Guardian
Featured Photo : The Sun