Weekend တွေကို ယောကျာ်းဆန်ဆန် ဖြတ်သန်းချင်တယ်ဆိုရင် အမျိုးသားတွေနဲ့ ကိုက်ညီတဲ့ DIY ပရော့ဂျက်လေးတွေ ရှိပါတယ်။ အားလပ်ရက်မှာ အပျင်းလည်းပြေ အချိန်ကိုအကျိုးရှိရှိ အသုံးချရင်း ဖြတ်သန်းမယ်လို့ စိတ်ကူးထားတဲ့ ကွီးတို့အတွက် အခုပြောပြမယ့် DIY ပရော့ဂျက်တွေက တကယ့်ကိုပဲ စိတ်ဝင်စားစရာကောင်းပြီး အချိန်ကုန်ရကျိုးနပ်စေမှာ သေချာပါတယ်။ ကဲဒါဆို စလိုက်ရအောင်ပါ။
(၁) သစ်သား စာတိုက်ပုံး
Photo : the Awesome Orange
အိမ်တစ်အိမ်မှာ စာတိုက်ပုံး တစ်ပုံးကတော့ မရှိမဖြစ် လိုပါတယ်။ စာတိုက်ပုံးကိုမှ Modern ဆန်ပြီး နေရာလည်း သိပ်မယူတာမျိုး ကိုယ်တိုင်ဖန်တီးချင်တယ်ဆိုရင် နံရံကပ် DIY သစ်သား စာတိုက်ပုံးလေးက အတော်လေး ဟန်ကျပါတယ်။ အိမ်ရှေ့တံခါးဝမှာပဲ ဖြစ်ဖြစ် ၊ နံရံမှာပဲ ဖြစ်ဖြစ် တပ်ဆင်ထားလို့ အဆင်ပြေပါတယ်။ အဖွင့်အပိတ် တံခါးတစ်ခုပါတဲ့ သစ်သား Box လေးနဲ့ပဲ ဒီဇိုင်းရိုးရိုးရှင်းရှင်း ဖန်တီးလို့ရပါတယ်။
(၂) ကွန်ကရစ်ဘလောက်တုံး ခုံတန်းလျား
Photo : Do It Yourself by Kimberly
အိမ်ရှေ့မျက်နှာစာ ဒါမှမဟုတ် အိမ်နောက်ဖေး ခြံဝန်းလေးထဲမှာ ထိုင်ဖို့ ခုံတန်းလျားလေးတစ်ခု ဖန်တီးချင်တယ်ဆိုရင် ကွန်ကရစ်ဘလောက်တုံးတွေနဲ့ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ ရပါတယ်။ အပေါက်ပါတဲ့ ကွန်ကရစ်ဘလောက်တုံးတွေကို ၃ ဆင့်လောက်ဆင့်ပြီး သစ်သားတန်းတွေ ထိုးကာ ရိုးရှင်းပြီး ခိုင်ခံ့လှပတဲ့ ခုံတန်းလျားတစ်ခုအဖြစ် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကူးရှိရင်ရှိသလို ကိုယ့်စိတ်ကြိုက် ဆေးရောင်ခြယ်တာ ၊ ဆိုဖာအခင်းတွေ ထည့်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
(၃) တာယာ Punching Bag
Source : explosivefitnessuk
Boxing လိုတိုက်ခိုက်ရေး အားကစားနည်းတွေ ဝါသနာပါတယ် ၊ ကိုယ့်အိမ်မှာပဲ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုရင် တာယာတွေကို သုံးပြီး လက်သီးထိုးလေ့ကျင့်နိုင်မယ့် Punching Bag တစ်ခု ကွီးတို့ကိုယ်တိုင် ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ဖန်တီးလို့ရပါတယ်။ မသုံးဖြစ်တော့တဲ့ ကားတာယာအဟောင်း ၃ လုံးလောက် ရှာလိုက်ပါ။ တာယာတစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ဖို့ တာယာကိုအပေါက်ဖောက်ပြီး Nut (နတ်)နဲ့ တွဲဆက်ရမှာ ဖြစ်ပါတယ်။ ထပ်ဆုံးတာယာမှာ ချိတ်ဆွဲဖို့ သံကြိုးတပ်ဆင်ပြီးရင် အမိုက်စား Homemade တာယာ Punching Bag တစ်ခုရပါပြီ။
Featured Photo : Ross Boxing