လူ့ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုအတွက် တိကျတဲ့ ရည်ရွယ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်ဖို့ဆိုတာ ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါသလဲ။ ကိုယ်လိုချင်တဲ့ အရာကို တိတိကျကျ သတ်မှတ်ထားပြီးတော့ အဲ့ဒီအရာကို ရရှိနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေရတာဟာ တကယ့်ကို အဓိပ္ပါယ်ရှိပါတယ်။
Photo : Employee Engagement
အဓိကျတဲ့ ရည်ရွယ်ချက် တိတိကျကျ မရှိတဲ့သူတစ်ယောက်ဟာ လမ်းပြအိမ်မြှောင် မပါရှိတဲ့ သင်္ဘောတစ်ဦးလိုပဲ အားကိုးရာမဲ့နေပါလိမ့်မယ်။ တက်မ မရှိတဲ့ သင်္ဘောနဲ့ ရည်ရွယ်ချက် ကင်းမဲ့နေသူတို့ဟာ နောက်ဆုံးမှာတော့ လူသူကင်းမဲ့တဲ့ သောင်ပြင်ပေါ်မှာ သောင်တင်နေသွားတက်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းက ကိုယ့်ဘဝအတွက် တကယ်ကို အရေးကြီးမယ့် ရည်မှန်းချက် ရည်ရွယ်ချက်တစ်ခုကို ချမှတ်ပြီး ကိုယ်ချမှတ်လိုက်တဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်လာအောင် ကြိုးစား ဆောင်ရွှက်သွားသင့်ပါတယ်။
Photo : John Mattone
ဘဝအတွက် အရေးကြီးတဲ့ ရည်ရွယ်ချက် မရှိဘဲ အရေးမပါတဲ့ ရည်ရွယ်ချက်တွေသာ ရှိနေမယ်ဆိုရင်တော့ ဒီကနေ ဘာမှ မယ်မယ်ရရ ဖြစ်လာစေမှာ မဟုတ်ဘဲ ဘဝမှာ ဆင်းရဲချို့တဲ့စွာနဲ့သာ နေထိုင်သွားရပါလိမ့်မယ်။ ရိုးသားဖြောင့်မတ်စွာနဲ့ အလုပ်ကို ပင်ပင်ပန်းပန်း ကြိုးစားလုပ်ကိုင်မှုတို့ဟာ ချီးကျူးထိုက်တဲ့ အကျင့်စရိုက်များ ဖြစ်ပေမယ့် တိကျခိုင်မာတဲ့ ကြီးကြီးမားမား ရည်ရွယ်ချက်လိုမျိုး ဦးတည်ချက် ရှိမနေရင်တော့ ဘယ်အခါမှ အောင်မြင်စေမှာ မဟုတ်ပါဘူး။
Photo : Medium
ရည်ရွယ်ချက်ကို တစ်သမတ်တည်း ထားရှိခြင်းက အောင်မြင်မှု ရဖို့အတွက် ပထမဆုံး ခြေလှမ်းတစ်ခု ဖြစ်နိုင်ပေမယ့် တိကျတဲ့ ရည်ရွယ်ချက် ရှိမနေရင်တော့ ကျရှုံးမှုဆီ ဦးတည်နေပြီဆိုတာ သေချာပါတယ်။ ကိုယ်ပိုင်ညဏ်ကို အခြေခံပြီး မဆုတ်မနစ် ဆောင်ရွှက်ခြင်းဟာ စိတ်စွမ်းအားလို့ ဆိုနိုင်ပြီး အဲ့ဒီစိတ်စွမ်းအားနဲ့အတူ ခိုင်မာတဲ့ ရည်ရွယ်ချက်ထား လုပ်ဆောင်ခြင်ဟာ ထူးထူးခြားခြား အောင်မြင်မှု ရနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ဘဝအတွက် ရည်ရွယ်ချက်တိကျခိုင်မှု ရှိဖို့ဆိုတာ ဘယ်လောက်ထိတောင် အရေးကြီးသလဲဆိုတာ နားလည်လောက်ပြီလို့ ထင်ပါတယ်။
Featured Photo : Medium