လေ့ကျင့်ခန်းမလုပ်ဘဲ အဆီအဆိမ့်တွေချည်းပဲ နင်းကန်စားနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ အဆီပိုတွေ စုလာမယ့်အပြင် ကွီးတို့ရဲ့ မျက်နှာကလည်း အသားအရေ မဲညစ်ညစ်ကြီး ဖြစ်နေမှာပါ။ အသားအရေ ကြည်ကြည်လင်လင်လေးနဲ့ ခန္ဓာကိုယ်က ကြည့်ကောင်းပြီး ရူပါလန်း ဖို့အတွက် မိနစ် ၂၀ တည်း အချိန်ပေးဖို့ လိုအပ်ပါတယ်။

ဘယ်လေ့ကျင့်ခန်းတွေက ကွီးတို့ကို ဆွဲဆောင်မှုတိုးပြီး ကြည့်ကောင်းလာအောင် ကူညီပေးနိုင်မလဲဆိုတာ သိပါသလား။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ပထမလေ့ကျင့်ခန်းလေးကတော့ High Knees လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။

အရင်ဦးဆုံး လက်နှစ်ဖက်ကို ဘေးချထားကာ ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး မတ်တပ်ရပ်နေပါ။

ထို့နောက် ဘယ်ခြေထောက်ကို မြှောက်လိုက်၊ ညာခြေကို မြှောက်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ခြေထောက်မြှောက်နေချိန်မှာ လက်နှစ်ဖက်ကလည်း အလိုက်သင့်လေး လွှဲရမှာဖြစ်ပါတယ်။

၁ မိနစ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ရူပါလန်း ၂၀

ဒုတိယလေ့ကျင့်ခန်းလေးကတော့ Squats ထိုင်ရမယ့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားလိုက်ပါ။

ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်ရမှာ ဖြစ်ပါတယ်။

ထိုင်လိုက် ထလိုက်ဖြင့် ၁ မိနစ် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ရူပါလန်း ၂၀

ဒီလေ့ကျင့်ခန်းကတော့ Forward Lunges လို့ ခေါ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁ မိနစ်ပြည့်အောင် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ရူပါလန်း ၂၀

နောက်ထပ် လေ့ကျင့်ခန်းကတော့ Cross-Body Mountain Climbers လို့ ခေါ်ပါတယ်။ ကွီးတို့ ဝမ်းဗိုက်က အဆီပိုများကို ဖယ်ရှားပေးပြီး လက်မောင်းကြွက်သားများကိုလည်း သန်မာလာစေမယ့် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁ မိနစ်ပြည့်အောင် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

ရူပါလန်း ၂၀

ကွီးတို့ ခန္ဓာကိုယ် တောင့်တင်းလာအောင် ကူညီပေးမယ့် နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ Push Ups လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့် ၄၀ ပြည့်အောင် ပြုလုပ်ရပါတယ်။

လေ့ကျင့်ခန်း (၆)

Source: Final Round Training

နောက်ထပ် လေ့ကျင့်ခန်းလေးရဲ့ နာမည်ကတော့ Bear Crawl လို့ ခေါ်ပါတယ်။

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်လိုက်ပါ။

ထို့နောက် ဒူးနှစ်ဖက်က ကြမ်းပြင်နဲ့ ထိကပ်မနေရဘဲ အနည်းငယ် ကြွထားကာ ၉၀ ဒီဂရီပြည့်အောင် အသင့်အနေအထားပြင်ပါ။

ထို့နောက် အရှေ့သို့ ၅ လှမ်း (သို့) ၁၀ လှမ်းခန့် တိုးပေးလိုက်ပါ။

ထို့နောက် လာရာလမ်းအတိုင်း ပြန်လှည့်ကာ လေးဘက်ထောက်ပြီး လမ်းလျှောက်ပေးလိုက်ပါ။ စက္ကန့် ၂၀ ပြည့်အောင် ပြုလုပ်ရမှာဖြစ်ပါတယ်။

ကဲ… ဘယ်လိုလဲ။ ကွီးတို့ ရူပါလန်း ဖို့အတွက် မိနစ် ၂၀ တည်း အချိန်ပေးဖို့တောင် မပေးချင်ဘူးလား။

Source: Pinterest

Featured Image: Freepik