ပင်လယ်ကြီးကို ချစ်တယ် ၊ အသစ်အဆန်းတစ်ခုခု Try ချင်တယ် ၊ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ချင်တယ် ဆိုရင် ဒါတွေအားလုံးတစ်ချိန်တည်းမှာ ရနိုင်မယ့် ရေလှိုင်း စီးခြင်း Surfing လုပ်ဖို့ အကြံပေးချင်ပါတယ်။ Surfing လုပ်တာကို ဒီနေ့ခေတ်လို အဘက်ဘက်က Anxiety ၊ Depression နဲ့ PTS (Post-Traumatic Stress) တွေ မြင့်တက်လာနေတဲ့ ခေတ်သစ် လူ့အဖွဲ့အစည်းအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ခြင်းတွေကို အတိုင်းအတာတစ်ခုအထိ ကောင်းကျိုးအထောက်အပံ့ဖြစ်စေတဲ့ တရားဝင်ကုထုံးတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ရေလှိုင်း စီးခြင်းကနေ ကွီးတို့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရစေလဲဆိုတာ ပြောပြပေးပါမယ်။
(၁) ခန္ဓာကိုယ် တစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေတယ်

Photo : Sportsmatik
ရေလှိုင်းစီးတာဟာ တကယ်တော့ Full-Body Workout တစ်ခုပါပဲ။ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို ထိရောက်မှုရှိစေပြီး ကျစ်လစ်ကြံ့ခိုင်တဲ့ ကြွက်သား ဘော်ဒီကို တည်ဆောက်ပေးနိုင်ပါတယ်။ နောက်ပြီး Outdoor မှာကစားရတာ ဖြစ်တဲ့အပြင် ပင်လယ်ပြင်ကြီးရဲ့ရေလှိုင်းတွေအထက်မှာ လိုက်ပါစီးမြောရတာဖြစ်တာကြောင့် ပုံမှန် Gym ကစားတာလို့ အားကစားနည်းတွေထက် ရင်ခုန်စိတ်လှုပ်ရှားဖို့လည်း ပိုကောင်းပါတယ်။
(၂) နှလုံးကို ကျန်းမာစေတယ်

Photo : Entrepreneur
ရေလှိုင်း စီးတယ်ဆိုတာဟာ ကုန်းပေါ်လေ့ကျင့်ခန်းတွေဖြစ်တဲ့ စက်ဘီးနင်းတာ ၊ ပြေးတာ ၊ ကြိုးခုန်တာတွေနဲ့ နည်းတူ ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် များများရေလှိုင်းစီလေ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်လေဖြစ်ပြီး နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါအန္တရာယ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) သွေးလည်ပတ်မှုကို ကောင်းစေတယ်

Photo : CentralHome
လှိုင်းစီးတဲ့အခါ ခန္ဓာကိုယ်တစ်ဝိုက်မှာ စီးဆင်းနေတဲ့ သွေးတွေအားလုံးရဲ့ သွေးလည်ပတ်မှုကို အထူးကောင်းမွန်စေပါတယ်။ သွေးလှည့်ပတ်မှုကောင်းခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာ သွေးနဲ့အောက်ဆီဂျင် ကောင်းစွာစီးဆင်းသွားစေဖို့ သေချာစေပြီး ကိုယ်တွင်းအင်္ဂါတွေကို အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။
(၄) တက်ကြွလန်းဆန်းစေတယ်
Photo : Freepik
ရေလှိုင်း စီးတာက ကွီးတို့ရဲ့ ခန္ဓာကိုယ် Active ဖြစ်စေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ မနက်ခင်းစောစော ရေလှိုင်းစီးမယ်ဆိုရင် တစ်နေ့တာလုံးကို အားအင်အပြည့် ၊ လန်းဆန်းတက်ကြွမှုအပြည့်နဲ့ ဖြတ်သန်းနိုင်စေမှာ ဖြစ်ပါတယ်။
(၅) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

Photo : Pexels
လေ့လာမှုတွေအရ ရေအေးနဲ့ ထိတွေ့ခြင်းဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကြောင်း သက်သေ အထောက်အထားတွေ ရှိပါတယ်။ ဒါကြောင့် အေးမြလတ်ဆတ်တဲ့ ပင်လယ်ရေနဲ့ ထိတွေ့ခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဖျားနာခြင်းတွေ ၊ ရောဂါဘယတွေကို ကင်းစေပြီး ကျန်းမာကြံ့ခိုင်နေစေမှာ ဖြစ်ပါတယ်။
အထက်ပါ ကောင်းကျိုးတွေအပြင် စိတ်ကျန်းမာရေးကို အကျိုးပြုတာ ၊ စိတ်ဖိစီးမှုနဲ့ မွန်းကြပ်မှုတွေကို ပြေလျော့သက်သာစေတာ ၊ သဘာဝတရားကြီးနဲ့ နီးကပ်မှုပိုရှိစေတာ ၊ သဘာဝအတိုင်း Vitamin D ရစေတာ စတဲ့ စိတ်နဲ့ ခန္ဓာအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေများစွာကို ရေလှိုင်း စီးခြင်းကနေ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော Surfing လုပ်ဖူးပါသလား ၊ Surfing လုပ်ဖို့ရော စိတ်ကူးရှိလား ကွန်းမန့်မှာ ရေးခဲ့ပါဦး။
Featured Photo : Freepik

