ဘရာဇီးလ် ဘောလုံးလောကရဲ့ legend player ကြီးဖြစ်သူ ရော်နယ်လ်ဒို နာဇာရီယို ခေါ် ရော်နယ်လ်ဒိုကြီးက သူ သဘောအကျရဆုံးသော ဘောလုံးသမား (၁၁)ယောက်ကို ရွေးချယ်လာခဲ့ရာ ပရိသတ်တွေအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Transfermarket
ဘောလုံးသမားဘဝမှာ Ballon d’Or ဆုကို နှစ်ကြိမ်အထိ ပိုင်ဆိုင်ခဲ့ဖူးပြီး ဘာစီလိုနာ အင်တာမီလန် ရီးယဲလ် အေစီမီလန်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေမှာပါ ကျင်လည်ခဲ့တဲ့ တိုက်စစ်မှူးကြီးလည်း ဖြစ်ပါတယ်။ အဆုံးသတ် အလွန်ကောင်းလှတဲ့ R9 ကြီး ရော်နယ်လ်ဒိုဟာ အထောင်တိုက်စစ်မှူးတွေထဲမှာတော့ တကယ့်ကို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး ဘရာဇီးလ်အသင်းနဲ့ပါ ကမ္ဘာ့ဖလား (၂)ကြိမ် ကိုပါအမေရိကဖလား (၂)ကြိမ် နဲ့ ကွန်ဖရက်ဒေးရှင်းဖလား (၁)ကြိမ်စီ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Football Espana
ဒီလို အောင်မြင်မှုတွေ များစွာ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၁၁ခုနှစ်မှာပဲ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီး စပိန်ကလပ် ဗယ်လာဒိုးလစ်အသင်းရဲ့ ပိုင်ရှင် နဲ့ ဥက္ကဌတာဝန် ဘရာဇီးလ်ကလပ် ခရူဇီယိုရဲ့ အသင်းပိုင်ရှင် တာဝန်တွေကို ထမ်းဆောင်လို့နေပါတယ်။
Photo Credit : The Sun
ဘောလုံးလောကရဲ့ အထင်ကရ ကစားသမားကြီး ရော်နယ်လ်ဒိုက သူအနှစ်သက်ဆုံး ကစားသမားတွေ ပါဝင်တဲ့ အသင်းတစ်သင်းကို ဖော်ပြခဲ့ရာ သူ့လိုပဲ အလွန် အောင်မြင်ကျော်ကြားခဲ့တဲ့ ကစားသမား အများအပြား ပါဝင်လာခဲ့ပါတယ်။ ရော်နယ်လ်ဒိုက သူ အကြိုက်ဆုံးအသင်းကို 4-2-3-1 ကစားကွက်နဲ့ ရွေးချယ်ခဲ့ပြီး ဂိုးသမားနေရာမှာ အီတလီ ဂိုးသမားကြီး ဘူဖွန် နောက်တန်း (၄)ဦးမှာ အသင်းဖော်ဟောင်းတွေဖြစ်သော ကားလို့စ် ကာဖူး မာလ်ဒီနီ နဲ့ ဘက်ကင် ဘောင်ဝါ ကွင်းလယ် (၂)ဦးနေရာမှာတော့ ထူးထူးခြားခြား အာဂျင်တီးနား legend ကြီး မာရာဒိုနာ နဲ့ ဘရာဇီးလ် legend ကြီး ဇီကိုတို့ကို ရွေးချယ်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းအတွက် အထောင် တိုက်စစ်နေရာမှာတော့ ရော်နယ်လ်ဒိုက သူ့ကိုယ်တိုင် ရွေးချယ်ထားခဲ့ပြီး တောင်ပံနှစ်ဖက်မှာ ရော်နယ်လ်ဒင်ဟို နဲ့ မက်ဆီ သူ့အနောက်က နံပါတ် (၁၀)နေရာမှာ ပီလီတို့ကို ရွေးချယ်ခဲ့ပါတယ်။
Featured Photo : The Sun
 
											
				 
									
 
	 
	 
	 
	 
	 
	