လာမယ့် ၂၀၂၄ခုနှစ် ဇန်နဝါရီ (၁၉)ရက်နေ့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပပြုလုပ်သွားမယ့် 2023 Globe Soccer Awards ဆုပေးပွဲအတွက် ဆန်ခါတင် ကစားသမားစာရင်း မနေ့ကပဲ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဆန်ခါတင် စာရင်းထဲမှာ ဒီဆုနဲ့ အမြဲတမ်း အကျွမ်းတဝင် ရှိနေတက်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုလည်း ထပ်မံ ပါဝင်နေပြန်တာမို့ ဒီဆုအကြောင်းနဲ့ ဒီဆုမှာ ဘယ်လို အခန်းဏ္ဍတွေ ပါဝင်နေလဲ ဘယ်ကစားသမားတွေက ဒီဆုကို အကြိမ်ပေါင်းများစွာ ရယူနိုင်ခဲ့သလဲဆိုတာ ဖော်ပြပေးသွားချင်ပါတယ်။

globe soccer award

Photo Credit : FC Barcelona

၂၀၁၀ခုနှစ်ကနေ စတင် ချီးမြှင့်ခဲ့တဲ့ Globe Soccer Awards ဆုကို လူအများက ဒူဘိုင်း ဘာလွန်းဒေါဆုလို့ သတ်မှတ်နေကြပြီး နှစ်တိုင်းလိုလိုမှာ ဘောလုံးနဲ့ ပတ်သက်ပြီး ကဏ္ဍအသီးသီးက ထူးချွန်တဲ့ လူတွေကို ရွေးချယ် ဆုချီးမြှင့်ကြပါတယ်။ ဒီဆုကို ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်တုန်းက Globe Soccer Awards ရဲ့ အရေးအပါဆုံး ဆုတစ်ခုဖြစ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ထည့်သွင်းခဲ့ခြင်း မရှိပဲ ၂၀၁၁ခုနှစ်မှသာ ရော်နယ်လ်ဒိုက Best Player of the Year ဆုကို စတင် ဆွတ်ခူးခဲ့ပါတယ်။

gsa nominations

Photo Credit : Sports Illustrated

GOAT ကြီး ရော်နယ်လ်ဒိုကတော့ GSA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို အဲ့ဒီ ၂၀၁၁ခုနှစ်ကနေ စတင်ပြီး ၂၀၁၄ ၂၀၁၆ ၂၀၁၇ ၂၀၁၈ ၂၀၁၉ခုနှစ်တွေမှာ (၆)ကြိမ်ထိ ပိုင်ဆိုင်ခဲ့ရင်း GSA ဆုပေးပွဲ သမိုင်းတစ်လျှောက် ဆုအကြိမ်ရေ အများဆုံး ဆွတ်ခူးနိုင်သူ ဖြစ်ခဲ့ရပါတယ်။ အခုလည်း ရော်နယ်လ်ဒိုက သူရဲ့ မဟာပြိုင်ဘက်ကြီး မက်ဆီ အပါအဝင် အယ်လ်ဗာရက်ဇ် ဘာရယ်လာ ဘယ်လင်ဟမ် ဘန်ဇီမာ ဘူနူ ဒီဘရိုင်းနား ရူဘင်ဒီးယက်ဇ် အီဒါဆန် ဖိုဒန် ဂရီးဇ်လစ်ရှ် ဂရီးဇ်မန်း ဂွန်ဒိုဂန် ဟာလန်း ဟယ်ရီကိန်း ခွာရတ်စကယ်လီယာ လီဝန်ဒေါစကီး လော်တာရိုမာတီနက်ဇ် ဘာပေ ကင်မင်ဂျေး မိုဒရစ် အိုဒီဂတ် အိုနာနာ အိုဆီမန် ရိုဒရီ ဆာကာ ဆာလာ ဘာနာဒိုဆေးလ်ဗား ဗင်နီစီယပ်စ်တို့နဲ့အတူ 2023 Globe Soccer Awards ရဲ့ Nominations စာရင်းမှာ ပါဝင်လာခဲ့ရပါတယ်။

ronaldo gsa award

Photo Credit : Pinterest

ဒီဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေက သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေ နဲ့ နိုင်ငံအသင်းတွေအတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသထားသူတွေ ဖြစ်ပေမယ့်လည်း ဒီကစားသမားတွေထဲ အသက် (၃၈)နှစ်အရွယ် ကစားသမားကြီး ရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်မှုတွေက အကောင်းဆုံးလို့ ဆိုနိုင်တာကြောင့် (၇)ကြိမ်မြောက် Globe Soccer Award ကို ပိုင်ဆိုင်နိုင်ဖို့ အလားအလာ အလွန်ကောင်းနေရရပါတယ်။