ပထမဦးဆုံး ကွန်ပျူတာကို ကွီးတို့ မြင်ဖူးကြပါသလား။ လူတစ်ရပ်စာထက် ပိုမြင့်တဲ့ စက်ပစ္စည်းကြီးက ကွန်ပျူတာလို့ ပြောရင် ကွီးတို့ ယုံမှာတောင် မဟုတ်ပါဘူး။ အခုတစ်ခါမှာတော့ နည်းပညာရဲ့ တိုးတက်မှုကြောင့် ပါးလွှာပြီး သေးငယ်တဲ့ လက်ပ်တော့တွေက ကွန်ပျူတာ အစားထိုး ဝင်ရောက်လာကြပါပြီ။ ဒါပေမဲ့ ကွီးတို့က လက်ပ်တော့ စခရင်မ် သေး လွန်းရင် အား မရဘူး ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို အစားထိုး အသုံးပြုနိုင်ပါတယ်။
(၁) Dell UltraSharp U2723QE

ဒီအမျိုးအစားကတော့ 4K ကွာလတီမျိုးကိုမှ လိုချင်တဲ့ ကွီးတို့အတွက် ကွက်တိကျပါလိမ့်မယ်။ ကြည်ရှင်းတောက်နေတဲ့ စခရင်မျိုးကိုမှ စခရင်အကြီးကြီးပေါ်မှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၈၀ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။
(၂) Asus ProArt Display PA278CV

ဒီအမျိုးအစားကတော့ ၂၇ လက်မ အရွယ်အစားရှိတဲ့ စခရင်မ်ပဲ ဖြစ်ပါတယ်။ သူ့မှာ 4K တော့ မရပါဘူး။ ဒါပေမဲ့ 2560 x 1440 ရုပ်ထွက် ရှိတဲ့အတွက်ကြောင့် စခရင်မ်မကြည်မှာကိုလည်း ပူနေစရာမလိုပါဘူး။ ဈေးနှုန်းကလည်း ဒေါ်လာ ၂၅၀ သာ ပေးချေရမှာ ဖြစ်ပါတယ်။
(၃) Asus VA24DCP

ဘတ်ဂျက် မော်နီတာ အမျိုးအစားကို ရွေးချယ် အသုံးပြုချင်တယ် ဆိုရင်တော့ ဒီမော်ဒယ်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကလည်း ဒေါ်လာ ၁၂၅ ဒေါ်လာသာ ပေးချေရမှာပဲ ဖြစ်ပါတယ်။
(၄) HP Z32k G3

4K ကွာလတီ ထွက်တာမျိုးလည်း လိုချင်တယ် စခရင်ကလည်း ၃၂ လက်မလောက် ရှိတာမျိုးကို လိုချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀၀ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။
(၅) Asus ProArt PA348CGV

မျက်နှာပြင်ကျယ်တဲ့ Ultrawide စခရင်မျိုးဖြစ်တဲ့ အတွက်ကြောင့် စခရင်မ်သေးသေးလေးကနေ အကြီးကြီး ပြောင်းချင်တဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့အထဲမှာ သူပါပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၇၂၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။
ဒီအမျိုးအစားများကတော့ လက်ပ်တော့ စခရင်မ် သေး လွန်းလို့ အား မရတဲ့ ကွီးတို့အတွက် အစားထိုး အသုံးပြုနိုင်တဲ့ မော်နီတာ စခရင်မ်တွေပဲဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ အမျိုးအစားများထဲက ဘယ်အမျိုးအစားတွေကို နှစ်သက်ပါသလဲ။
Source: Nytimes
Featured Image: Nytimes
