ညဘက်မှာ နှစ်ခြိုက်စွာ အိပ်စက် အနားယူဖို့ ခက်ခဲနေပါသလား။ စိတ်ဖိစီးမှုများ၊ အတွေးနယ်ချဲ့ကာ တောင်တွေး မြောက်တွေးတာတွေကြောင့် စိတ်ပင်ပန်းနေရပြီး အိပ်မောကျဖို့ ခက်ခဲနေပါသလား။ ဒါဆိုရင်တော့ ညဘက်မှာ ကွီးတို့အားလုံး သာယာ ငြိမ့်ညောင်းစွာ အိပ်စက် အနားယူနိုင်ဖို့ ကူညီပေးမယ့် ပစ္စည်း ကောင်းများကို အသုံးပြုရမယ့်အချိန် ရောက်ရှိလို့လာခဲ့ပါပြီ။

ထိုပစ္စည်းများကတော့ အခြားတော့ မဟုတ်ပါဘူး။ Sleep Headphones လို့ခေါ်တဲ့ သီချင်း နားထောင်ရင်း အိပ်စက် သွားဖို့ ကူညီပေးမယ့် ပစ္စည်း ကောင်းလေးတွေပဲဖြစ်ပါတယ်။

ကွီးတို့ ရွေးချယ် ဝယ်ယူချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းကောင်းများကို ရွေးချယ်ဝယ်ယူ သင့်ပါတယ်။

(၁) Google Pixel Buds Pro

Google Pixel Buds Pro

ဒီပစ္စည်းလေးကတော့ အကောင်းဆုံး ကြိုးမဲ့ နားကြပ် အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

(၂) Soundcore By Anker Sleep A10 Earbuds

Soundcore By Anker Sleep A10 Earbuds

ဒီမော်ဒယ် အမျိုးအစားကတော့ ဒေါ်လာ ၉၀ သာ ပေးချေရမှာ ဖြစ်ပါတယ်။ ကြိုးမဲ့ အမျိုးအစားလေးဖြစ်ပြီး ဒီဇိုင်းကလည်း နောက်ဆုံးပေါ် ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး ကြွေချင်စရာပါပဲ။

(၃) Bedphones Sleep Headphones

အိပ်စက် ပစ္စည်း

တကယ်လို့ ကွီးတို့ ကြိုးပါတာကိုမှ ကြိုက်တယ်၊ ကွာလတီ ကောင်းတာမျိုးကိုလည်း ကြိုက်တယ်ဆိုရင်တော့ Bedphones Sleep Headphones မော်ဒယ် အမျိုးအစားကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၈၉ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။

(၄) QuietOn 3.1

အိပ်စက် ပစ္စည်း

ဒီအမျိုးအစားလေးကတော့ နောက်ခံ ဆူညံ့သံများအားလုံဂကို ဖယ်ရှားပေးမယ့် Noise-canceling ဖန်ရှင်ပါ ပါဝင်တဲ့ အကောင်းစား ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ သူ့ရဲ့ စုံလင်တဲ့ ဖန်ရှင်ကြောင့် ဒေါ်လာ ၂၈၉ ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။

(၅) Dormi Headband Headphones

အိပ်စက် ပစ္စည်း

ဈေးသက်သာတာမျိုးလည်း ဝယ်ယူချင်တယ်၊ အရည်အသွေး ကောင်းတာမျိုးကိုလည်း ဝယ်ယူချင်တယ်ဆိုရင်တော့ Dormi Headband Headphones အမျိုးအစားလေးကို ဝယ်ယူသင့်ပါတယ်။ ဒီအမျိုးအစားကတော့ ဈေးနှုန်း ဒေါ်လာ ၅၀ သာ ကုန်ကျမှာ ဖြစ်ပါတယ်။

ကွီးတို့ရော ဘယ်အမျိုးအစားကို ဝယ်ယူဖို့ စိတ်ကူးထားပါသလဲ။

Source: Cnet

Featured Image: Cnet