လက်ဖျံကြွက်သား တွေ ကျစ်လစ်သန်မာနေခြင်းဟာ ကွီးတို့ကို ပိုပြီး ယောကျာ်းဆန်တဲ့အသွင်အပြင်ကို ပေးစွမ်းရုံသာမက Deadlift လို လက်ဖျံကြွက်သားလေ့ကျင့်ခန်းတွေ ကစားပေးတာဟာလည်း ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ခွန်အားကို တိုးစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ လက်ဖျံကြွက်သား တွေကို ကျစ်လစ်သန်မာလာစေမယ့် ထိရောက်တဲ့ လေ့ကျင့်ခန်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) EZ-Bar Preacher Curl

Photo : Men’s Journal

ဒီလေ့ကျင့်ခန်းကတော့ Preacher Bench ပေါ်မှာထိုင်ပြီး EZ-Curl Bar ကို အသုံးပြုကာ ကစားရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း လက်ဖျံကြွက်သား တွေကို အသုံးပြုပြီး Bar တန်းကို အပေါ်သို့ မတင်ပေးရမှာပါ။ Bar တန်းကို အပေါ်မှာ ၃ စက္ကန့်လောက် ထိန်းထားပြီးမှာ အောက်သို့ ပြန်ချပေးရမှာ ဖြစ်ပါတယ်။

(၂) Reverse Curl

Photo : Men’s Journal

ဒီလေ့ကျင့်ခန်းကတော့ ရိုးရှင်းပါတယ်။ Bar တန်းကို လက်ပြောင်းပြန်ကိုင်ပြီး ရင်ဘတ်နားသို့ မတင်ပေးရမှာ ဖြစ်ပါတယ်။ Bar တန်းကို ဆုပ်ကိုင်ထားတဲ့ လက်အကျယ်ကိုတော့ သက်တောင့်သက်သာရှိသလို ကိုင်နိုင်ပါတယ်။ လက်နှစ်ဖက်ကို အပေါ်ပိုင်းကို ဖြည်းဖြည်းချင်း မတင်ပြီး ၃ စက္ကန့်လောက်ထိန်းထားကာ အောက်သို့ ဖြည်းဖြည်းချင်း ပြန်ချခြင်းနည်းဖြင့် ကစားပေးရမှာ ဖြစ်ပါတယ်။

(၃) Towel Cable Row

Photo : Men’s Journal

ဒီလေ့ကျင့်ခန်းကတော့ Pullup နဲ့ သဘောတရားချင်း တူပါတယ်။ မတူတာတစ်ခုက မျက်နှာသုတ်ပုဝါတစ်ထည်ကို အသုံးပြုပြီး ကစားရမှာပါ။ Pullup Bar တန်းပေါ်မှာ ပုဝါကို ချိတ်ဆွဲထားပြီး လက်တစ်ဖက်စီက ပုဝါရဲ့တစ်စစီကို ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း ခန္ဓာကိုယ်ကို အပေါ်သို့ ဖြည်းဖြည်းချင်း ဆွဲတင်ဆွဲချ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

(၄) Parallel Bar Hand Walk

Photo : Men’s Journal

ဒီလေ့ကျင့်ခန်းကတော့ Bar တန်းခိုလျက်သား လမ်းလျှောက်ရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ မျဉ်းပြိုင်ပုံရှိတဲ့ Bar တန်း ၂ ခု ခိုဆွဲပြီး လက်ကိုတစ်ဖက်စီ ပြောင်းကာ ခန္ဓာကိုယ်ကို ရှေ့ရောက်အောင် လျှောက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက အမေရိကန်စစ်သားတွေ ကစားတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပြီး လက်ဖျံကြွက်သား တွေသာမက ပခုံးနဲ့ နောက်ကျောကြွက်သားတွေပါ ကြံ့ခိုင်သန်မာလာစေမယ့် ထိရောက်တဲ့လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၅) Wrist Curl

Photo : Men’s Journal

ဒီလေ့ကျင့်ခန်းကစားဖို့အတွက် Dumbbell အလေးတုံး ၂ တုံး လိုပါတယ်။ Gym Bench သို့မဟုတ် သေတ္တာတစ်လုံးပေါ်မှာ ထိုင်ပြီး Dumbbell အလေးတုံးကို လက်တစ်ဖက်စီမှာ ကိုင်ထားကာ လက်ကိုပက်လက်အနေအထား ပေါင်ပေါ်တင်ထား ပေးရပါမယ်။ ပြီးတဲ့ အခါမှာ လက်ကောက်ဝတ် နေရာကိုပဲအဓိကထားပြီး ခန္ဓာကိုယ်ရှိရာဘက်သို့ ပြန်ပြီးကွေးပေးရမှာ ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ လက်ဖျံကြွက်သား တွေကို ကျစ်လစ်သန်မာစေမယ့် ထိရောက်တဲ့ လေ့ကျင့်ခန်း ၅ ခုပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့ အားကစားပစ္စည်းကိရိယာ တချို့ရှိရုံနဲ့ ကွီးတို့အိမ်မှာပဲ အလွယ်တကူ ကစားနိုင်ပါတယ်။

Featured Photo : Muscle & Fitness