အရွယ်ရောက်ပြီးသား အမျိုးသားတော်တော်များများ အာသာဖြေဖူးကြမှာ ဖြစ်ပြီး အာသာဖြေခြင်းကလည်း ကျန်းမာသော လိင်ပိုင်းဆိုင်ရာအပြုအမူတစ်ခု ဖြစ်ပါတယ်။ အမျိုးသားများအတွက် တစ်ကိုယ်ရည်အာသာဖြေခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပြီး အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေပါတယ်။ သို့သော်လည်း “တန်ဆေး လွန်ဘေး” ဆိုသည့်အတိုင်း အာသာဖြေခြင်းကို အလွန်အကျွံလုပ်မိရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ အမျိုးသားများအတွက် တစ်ပတ်လျှင် ၂ ကြိမ် (သို့) ၃ ကြိမ်ထက်ပိုပြီး အာသာဖြေခြင်းကို မလုပ်သင့်ပါဘူး။ တစ်ပတ်မှာ နေ့တိုင်းလိုလို တစ်ကိုယ်ရည် အာသာဖြေခြင်း သို့မဟုတ် တစ်နေ့တည်းမှာ အကြိမ်ရေ များများ ပြုလုပ်တာက ရေရှည်အတွက်တော့ ကွီးတို့ကို ထိခိုက်စေမယ့် ကွိုင်အကြီးကြီးပါပဲ။ ဒီတော့ ကွီးတို့ မကြာခဏ အကြိမ်ရေများများ အာသာဖြေမိပြီး လက်လွန် ကြက်သွန် ဖြစ်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာ အတူတူလေ့လာ ကြည့်လိုက်ရအောင်။

ပူပင်သောက ဖြစ်လာနိုင်ခြင်း

လက်လွန် ကြက်သွန်

Photo : Medical News Today

တစ်ကိုယ်ရည်အာသာဖြေခြင်းက ပုံမှန်အားဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး လိင်မှုဆက်ဆံရေးကိုပါ ကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ သို့သော်လည်း အလွန်အကျွံ အာသာဖြေခြင်းက ကိုယ့်ကိုယ်ကို စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုကို ဖြစ်လာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း လျော့နည်းလာကာ အပြစ်ရှိသလို ခံစားမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေမှု လွန်ကဲသော အမျိုးသားနဲ့ အမျိုးသမီးတို့ နှစ်ဦးစလုံးက လိင်ပိုင်းဆိုင်ရာ ပူပင်သောကနဲ့ ပင်ပန်းနွမ်းနယ်မှု၊ လိင်အင်္ဂါ ပိုးဝင်ခြင်းစတာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ပင်ပန်းနွမ်းနယ်မှု

လက်လွန် ကြက်သွန်

Photo : Health line

တစ်ကိုယ်ရည်အာသာဖြေခြင်းက စတီးရွိုက်ဟော်မုန်းနဲ့ ကော်တီဆော ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဒါက ဇီဝဖြစ်ပျက်မှုနှုန်းကို တိုးစေပြီး မောပန်းနွမ်းနယ်တဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။ အာသာဖြေခြင်းကို လွန်လွန်ကဲကဲလုပ်လေ၊ ပင်ပန်းနွမ်းနယ်လေ ဖြစ်ပါတယ်။ ဒါ့အပြင် ပညာရှင်တွေက သုတ်ရည် အလွန်အကျွံ ဆုံးရှုံးရင် ခန္ဓာကိုယ်ဟာ တက်ကြွမှု တဖြည်းဖြည်း ကျဆင်းလာနိုင်တယ်လို့ ဆိုပါတယ်။ အလွန်အကျွံ တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအဖြစ် အားနည်းခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။

ခါးနာခြင်း

Photo : Verywell Fit

တစ်ကိုယ်ရည်အာသာဖြေခြင်းက အောက်စီတိုစင်၊ DHEA၊ တက်စတိုစတီရုန်းနဲ့ DHT ထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။ အလွန်အကျွံအာသာဖြေခြင်းဖြင့် ထိုအာရုံကြောဓာတု ပစ္စည်းများ ထုတ်လုပ်မှုကို ပိုမိုလျော့နည်းလာစေပါတယ်။ ၎င်းတို့ လျော့နည်းလာခြင်းက ရောင်ရမ်းမှုဖြစ်စေသော ဟော်မုန်း Prostaglandin E2 ကို ထုတ်ပြီး ခါနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အချိန်မတိုင်မီ သုတ်လွှတ်ခြင်း

Photo : Premature ejaculation

အလွန်အကျွံ အာသာဖြေခြင်းက အချိန်မတန်မီ သုတ်လွှတ်ခြင်းနှင့် လုံးဝဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အာသာဖြေမှုကို အလွန်အကျွံပြုလုပ်တဲ့ အမျိုးသားတွေက လက်တွဲဖော်နဲ့ လိင်ဆက်ဆံနေစဉ်တွင်းမှာ သုတ်လွှတ်ခြင်းကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာပြီး အချိန်မတိုင်မီ သုတ်လွှတ်ခြင်း (သို့) သုတ်လွှတ်မြန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ လိင်တံရဲ့ အာရုံကြောကို အလွန်အကျွံ နှိုးဆွခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးပါပဲ။ ဒါ့အပြင် အလွန်အကျွံ အာသာဖြေခြင်းကြောင့် လိင်အင်္ဂါရောင်ရမ်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီအချက်က ကွီးတို့ရဲ့ အိမ်ထောင်ရေး နဲ့ လိင်မှုဘဝကို ထိခိုက်စေနိုင်ပါတယ်။

ကွီးတို့ရေ တစ်ကိုယ်ရည် အာသာဖြေခြင်းကို အလွန်အကျွံလုပ်မိရင် ဖြစ်ပွားလာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း လက်လွန် ကြက်သွန် မဖြစ်အောင် သတိလေးနဲ့ ထိန်းပါဗျို့။

Source : DR.VAIDA’S, Lybarte

Featured Photo : Rolling Stone