တန်ဆေးလွန်ဘေး ဆိုတဲ့စကားက ကိစ္စတိုင်းနဲ့ ဆက်စပ်နေပါတယ်။ ကွီးတို့ရဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးမှာလည်း အတူတူပါပဲ။ ကျွန်တော်တို့ အရွယ်ရောက်ပြီးသား ယောကျာ်းလေးတိုင်း တစ်ကိုယ်ရည် အာသာဖြေခြင်းအကြောင်း ကောင်းကောင်း သိထားကြပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာရှိတယ်ဆိုတာ ကွီးတို့အားလုံးလည်း သိထားပြီးသား ဖြစ်မှာပါ။ ဒီနေရာမှာ တန်ဆေးလွန်ဘေးစကားနဲ့ ပြန်ဆက်စပ်ကြည့်တဲ့အခါ အလွန်အကျွံ လက်လွန်ကြက်သွန် ဖြစ်နေပြီဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ သေချာပေါက် ရှိလာမှာပါ။ ဒီဆောင်းပါးလေးမှာတော့ Masturbation နဲ့ပတ်သတ်ပြီး ဘရို တို့ လက်လွန် နေပြီဆိုတာ သိနိုင်မယ့် အချက်ပြ Signs တွေ ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ဒဏ်ဖြစ်လာစေတယ်ဆိုရင်

masturbation mistakes

Photo : Times of India

တစ်ကိုယ်ရည် အာသာဖြေတာ ကောင်းပါတယ်။ သင့်ကိုယ်သင် ဒဏ်ဖြစ်မလာခင် အချိန်ထိပါ။ တစ်နေ့မှာ အကြိမ်အရေ ဘယ်လောက်အထိ တစ်ကိုယ်ရည် အာသာဖြေသင့်တယ်ဆိုတဲ့ ပုံသေနည်း သတ်မှတ်ထားတာမျိုးမရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် ဒဏ်ဖြစ်စေတဲ့အထိ ဆက်သွားနေမယ်ဆိုရင်တော့ ဘရို နည်းနည်းလျှော့ဖို့ လိုနေပါပြီ။ ဒဏ်ဖြစ်တယ်ဆိုတဲ့ နေရာမှာ လိင်တံကြွက်သားတွေ နာကျင်လာတာ ၊ လိင်တံအရေပြား ရောင်ရမ်းတာ စတဲ့ အသေးစား ထိခိုက်ဒဏ်ရာတွေကို ဆိုလိုပါတယ်။

(၂) အလွန်အမင်း စွဲလမ်းလာတယ်ဆိုရင်

masturbation mistakes

Photo : Next Luxury

တစ်နေ့တာအတွင်းမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းကိုပဲ အချိန်တော်တော်များများ ခေါင်းထဲရောက်တယ်ဆိုရင် ဒါဟာ စွဲလမ်းတဲ့အဆင့်ကို ရောက်နေပြီလို့ ပြောရပါမယ်။ ကွီးတို့အနေနဲ့ တစ်ကိုယ်ရည် အာသာဖြေပြီးသည့်တိုင် နောက်ထပ်လိုအပ်နေသေးတယ်လို့ ခံစားနေရပြီး အာသာမပြေ မာမာဝေ ဖြစ်နေတယ်ဆိုရင် လက်လွန် နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုက်ပါ။ ကြာလာရင် ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။

(၃) လက်ကလေးမှလွဲရင် ဘာမှမတိုးတော့ဘူးဆိုရင်

Photo : Best Health Magazine

မယုံမရှိပါနဲ့ ဆန့်ကျင်ဘက် ပါတနာနဲ့ လိင်ဆက်ဆံရတာထက် တစ်ကိုယ်ရည် အာသာဖြေရတာကို ပိုကြိုက်သွားတဲ့ သူတွေအများကြီး ရှိပါတယ်။ ဘရို တို့ဟာ ကိုယ့်ချစ်သူ ၊ ဇနီးသည်နဲ့ နှစ်ဦးသား အတူတူ သာယာမှုကို ခံစားဖို့ထက် လက်ကလေးကပေးတဲ့ ခံစားမှုကို ပိုတောင့်တနေတယ် ၊ လက်ထက် ပိုပြီးကျေနပ်စရာ ဘာတစ်ခုမှ မရှိဘူးလို့ မသိစိတ်က ကိုယ့်ကိုယ်ကိုယ် သတ်မှတ်နေမိတယ်ဆိုရင် Sex ထက် Masturbation ကို ပိုစွဲလန်းနေပြီဆိုတာ ဖော်ပြနေတာ ဖြစ်ပါတယ်။

(၄) ဆံပင်တွေ အများအပြား ကျွတ်လာနေတယ်ဆိုရင်

masturbation mistakes

Photo : Medical News Today

ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးအခြေအနေ ၊ နေထိုင်မှုပုံစံ ၊ ဆံပင်နဲ့သက်ဆိုင်တဲ့ ထုတ်ကုန်တွေအပြင် အခြားအကြောင်းတခြားတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းကလည်း တစ်ခုအပါအဝင်ပါ။ လက်လွန် တဲ့အဆင့် အလွန်အကျွံ တစ်ကိုယ်ရည်အာသာဖြေခြင်းက ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တခြားသက်ဆိုင်တဲ့အကြောင်းအရင်းမရှိပါပဲ ဆံပင်တွေ ပုံမှန်ထက်ကျွတ်နေတယ်ဆိုရင်တော့ တစ်ကိုယ်ရည် အာသာဖြေခြင်းကို လျော့ဖို့ လိုပါလိမ့်မယ်။

(၅) တစ်ရက်ကလေးမှ မနေနိုင်ဘူးဆိုရင်

Photo : Ecohustler

တစ်ခါတစ်လေ အလုပ်တွေပင်ပန်းတဲ့အခါ သို့မဟုတ် ခရီးသွားရတဲ့အချိန်တွေမှာ တစ်ကိုယ်ရည် အာသာဖြေဖို့ကို မေ့မှန်းမသိ မေ့နေတာမျိုး ဖြစ်တက်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ တစ်ကိုယ်ရည် အာသာဖြေခြင်းမရှိပဲနဲ့ တစ်ရက်လေးတောင် မနေနိုင်ဘူး ၊ ရောက်ရာအရပ်မှာ အာသာဖြေဖို့ စိတ်ပါနေတုန်းပဲ ဆိုရင်တော့ ဒါဟာ လက်လွန် အောင် လက်သိုင်းတွေ ကျင့်နေမိပြီဆိုတာ ဘရို တို့ သိနိုင်ပါပြီ။

(၆) အလုပ်နဲ့ ပေါင်းသင်းဆက်ဆံရေးမှာပါ ထိခိုက်လာတယ်ဆိုရင်

masturbation mistakes

Photo : Next Luxury

တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် လုပ်ရမယ့်အလုပ်တွေ ပျက်ကွက်လာနေတယ် ၊ အလုပ်အပေါ် အာရုံစူးစိုက်နိုင်စွမ်းတွေ ကျဆင်းလာတယ် ၊ အားလပ်ရက်တွေမှာလည်း ဘော်ဒါတွေနဲ့ တွေ့ဖို့ထက် အိမ်မှာ တစ်ယောက်တည်း ညစ်ညမ်းဝက်ဘ်ဆိုဒ်တွေထဲ အချိန်ကုန်နေချင်တယ် ၊ ပြင်ပ လက်တွေ့ဘဝနဲ့ ကွာဟလာနေတယ် ဒီလို ကွီးတို့ရဲ့ လူမှုဘဝထဲက အလုပ် ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံရေး ကဏ္ဍတွေမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ထိခိုက်လာနေတယ်ဆိုရင်တော့ တစ်ကိုယ်ရည် အာသာဖြေခြင်း နွံထဲက ရုန်းထွက်ဖို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်သင့်ပြီလို့ပဲ အကြံပေးချင်ပါတယ်။

အခုပြောတဲ့ အချက်တွေက တစ်ချက်ချက် ဒါမှမဟုတ် သုံး,လေးချက်နဲ့ ညှိနေပြီဆိုရင် ကွီးတို့ လိုတာထက်ပိုပြီး တစ်ကိုယ်ရည် အာသာဖြေမိနေတယ်ဆိုတာ သိနိုင်ပါပြီ။ ကဲဒါဆို ကွီးတို့ကိုယ်တိုင် အချိန်မီ ဆင်ခြင်မိစေဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးသင့်သလို ကွီးတို့ရဲ့ လက်သမား ဘော်ဒါ သူငယ်ချင်းများကိုပါ လက်လွန်ကြက်သွန် မဖြစ်အောင် တစ်ခါတည်း မန့်ရှင်းခေါ်ပြီး သတိပေးလိုက်ပါဦး။

Featured Photo : Tracey Folly