ကမ္ဘောဒီးယားနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ သဘာဝ အလှအပတွေ၊ ခမာလူမျိုးများရဲ့ ရှည်လျှားတဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ် ပေါများတဲ့ နိုင်ငံဖြစ်ပါတယ်။ ခမာလူမျိုးများဟာ ခင်မင်စရာကောင်းပြီး ရင်းနှီးပျူငှာ ကြပါတယ်။ ကွီးတို့ အနေနဲ့ ကမ္ဘောဒီးယားကို အလည်သွားမယ်ဆိုရင် ခရီးသွားကုမ္ပဏီရဲ့ အစီအစဉ်နဲ့ဖြစ်စေ ၊ ကိုယ်တိုင် ဗီဇာယူပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားရောက်လည်ပတ်နိုင်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ လည်ပတ်လို့ အကောင်းဆုံးသော နေရာများကို ပြောပြပါမယ်။
(၁) The Angkor Wat ဘုရားကျောင်း
Photo : The Ultimate Guide
အန်ကောဝပ် ဘုရားကျောင်းဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ လည်ပတ်လို့အကောင်းဆုံးသော နေရာများထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘောဒီးယားကို လာရောက်လည်ပတ်သူ တွေထဲမှာ ရေပန်းအစားဆုံး မဖြစ်မနေ သွားရောက်တဲ့ နေရာဖြစ်ပါတယ်။ အန်ကောဝပ်ဟာ အလွန်ကြီးမားတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းအဆောက်အအုံနဲ့ ပရဝုဏ် ဖြစ်ပါတယ်။ ဧက ၄၀၀ ကျော် ကျယ်ဝန်း ပြီး သဲကျောက်တွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာမှာ အကြီးဆုံး ဘာသာရေးအထိမ်းအမှတ် ဖြစ်ပါတယ်။ ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် ၁၉၉၂ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်း ဆီယမ်ရိမြို့အနီးမှာ ရှိပါတယ်။ အေဒီ ၁၂ ရာစု မှာ ခမာ ဘုရင် ဆူရာဘာမန်(၂) က တည်ဆောက်ခဲ့ပါတယ်။ နိုင်ငံတော်အလံ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ဘုရားကျောင်းများရဲ့ မြို့တော် လို့လည်း အဓိပ္ပါယ် ဖွင့်ကြပါတယ်။ ဟိန္ဒူ နဲ့ ဗုဒ္ဓ ယဉ်ကျေးမှု လက်ရာတွေကို လေ့လာနိုင်ပါတယ်။ ဘန်ကောက် ကနေ ဆီယမ်ရိ ကို လေကြောင်းနဲ့ သွားပြီး အန်ကောဝပ်ကို မော်တော်ယာဉ်ငယ်များနဲ့ လည်ပတ်နိုင်ပါတယ်။
(၂) Phnom Penh မြို့တော်
Photo : Hotels.com
ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်နဲ့ နိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်ပါတယ်။ အေဒီ ၁၅ ရာစု ကတည်းက တည်ရှိခဲ့ပြီး ပြင်သစ်ကိုလိုနီခေတ်မှာ ပြင်သစ် ဗိသုကာလက်ရာများကြောင့် အာရှရဲ့ ပုလဲ အဖြစ် ထင်ရှားခဲ့ပါတယ်။ ဖနွမ်းပင်မြို့တော်မှာ တော်ဝင်ဘုရင့်နန်းတော် ၊ The Silver Pagoda၊ ဖနွမ်းပင် ညဈေး၊ ခမာနီခေတ် လူမျိုးတုံးသတ်ဖြတ်မှု ပြတိုက်တို့ဟာ လည်ပတ်ဖို့ ကောင်းတဲ့ နေရာများဖြစ်ပါတယ်။
(၃) Siem Reap မြို့
Photo : Hotels.com
အေဒီ ၉ – ၁၅ ရာစု ခမာဘုရင် နိုင်ငံ မြို့တော်ဟောင်း ဖြစ်ပါတယ်။ ကမ္ဘာကျော် အန်ကောဝပ်ရဲ့ အဝင် နေရာဖြစ်တဲ့ ဆီယမ်ရိဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ မြို့ ဖြစ်ပါတယ်။ ကြည့်ရှု့စရာ ဘာသာရေး အဆောက်အဦးတွေ၊ အစည်ကားဆုံး Pub Street စတဲ့ လည်ပတ်စရာတွေအပြင် ၊ ကြယ် ၅ ပွင့် ဟိုတယ်၊ စားသောက်ဆိုင်တွေ ပေါများတဲ့ ဆီယမ်ရိ မြို့ ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ လည်ပတ်လို့ အကောင်းဆုံးသော နေရာများထဲက တစ်ခုဖြစ်ပါတယ်။
ကွီးတို့ရေ ကမ္ဘောဒီးယားနိုင်ငံရဲ့ လည်ပတ်လို့ အကောင်းဆုံးသော နေရာများထဲက ထင်ရှားထဲ့ နေရာတချို့ဖြစ်ပါတယ်။ ကွီးတို့ ကမ္ဘောဒီးယားနိုင်ငံ ရောက်ခဲ့ရင် မဖြစ်မနေ လည်ပတ်ခဲ့ပါလို့ အကြံပြု လိုက်ပါတယ်။
Source : Cambodia Travel Consult
Featured Photo : Unesco