တစ်နေ့တာလုံး လန်းဆန်း တက်ကြွပြီး ဆော်ကြည်ဘဲ တစ်ဗွေဖြစ်ချင်တဲ့ ကွီးတို့အတွက် ဒီလေ့ကျင့်ခန်း (၅) မျိုးက အထောက်အကူ ပြုပါလိမ့်မယ်။ ပြုလုပ်ရ လွယ်ကူပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

လန်းဆန်း ဆော်ကြည်ဘဲ

Source: Menshealth

ပထမဦးဆုံး လေ့ကျင့်ခန်းလေးရဲ့ နာမည်ကတော့ Jumping Jacks လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ပုံထဲက ပြထားတဲ့အတိုင်း လေ့ကျင့်ခန်း ပြုလုပ်ပေးရမှာဖြစ်ပြီး ၁ မိစန်ခန့် ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကြွက်သားများကို သန်မာစေပြီး သွက်လက်ကျန်းမာအောင် ကူညီပေးမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

လန်းဆန်း ဆော်ကြည်ဘဲ

Source: Menshealth

လန်းဆန်း တက်ကြွပြီး ဆော်ကြည်ဘဲ တစ်ဗွေဖြစ်ချင်တဲ့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကိုတော့ စက္ကန့် ၃၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားများကို သန်မာလာစေမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

လန်းဆန်း ဆော်ကြည်ဘဲ

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ Plank ထောက်ခြင်း လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပုံပါအတိုင်း ၁ မိနစ်ခန့် Plank ထောက်ပေးရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားများကို သန်မာလာစေပြီး ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးကာ ဝမ်းဗိုက်ကြွက်သားများကို သန်မာလာစေမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

workout

Source: Menshealth

လက်နှစ်ဖက်ကို ပုံပါအတိုင်း ထောက်ထားကာ ဒူးခေါင်းတစ်ဖက်စီကို ရင်ဘတ်ဆီသို့ ဆွဲယူကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ စက္ကန့် ၃၀ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

workout

Source: Menshealth

နောက်ဆုံး လေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Russian Twist လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ သူကတော့ ပုံပါအတိုင်း ခန္ဓာကိုယ်ကို ပြုလုပ်ထားကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ဘယ်လှည့်လိုက် ညာလှည့်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဘယ် ညာကို တစ်ကြိမ်လို့ သတ်မှတ်ရမှာဖြစ်ပြီး စုစုပေါင်း အကြိမ်ရေ ၃၀ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁) ကနေ (၅) အထိ ပြီးသွားတဲ့အခါ စက္ကန့် ၃၀ ခန့် အနားယူပါ။ ထို့နောက် နောက်တစ်ကျော့ ပြန်စပါ။ နောက်ထပ် စက္ကန့် ၃၀ အနားယူပြီး နောက်ဆုံး တစ်ကျော့ လေ့ကျင့်ခန်း အစကနေ အဆုံးအထိ ဆော့ကစားရမှာ ဖြစ်ပါတယ်။

ကွီးတို့အတွက် အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကတော့ တစ်နေ့တာလုံး လန်းဆန်း တက်ကြွပြီး ဆော်ကြည်ဘဲ တစ်ဗွေဖြစ်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Mensjournal

Featured Image: Freepik