လုပ်ငန်းခွင် မှာ ပျော်ရွှင် ဖို့ဆိုတာသည် အင်မတန်မှ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ မပျော်မရွှင်ဖြစ်တာတွေ များလာတဲ့အခါ စိတ်ဖိစီးမှုများ များလာပြီး လုပ်ငန်းကိုင်ငန်းတွေလည်း အဆင်မပြေ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ယနေ့ခေတ်တွင် လုပ်ငန်းခွင် မှာ ပျော်ရွှင် ဖို့သည် အင်မတန်မှ အရေးကြီးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒါဆိုရင် လုပ်ငန်းခွင် မှာ ပျော်ရွှင် ဖို့အတွက် ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲ။

အခုဖော်ပြသွားမယ့် အချက်များနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြည့်လိုက်ရအောင်။

ကိုယ် လုပ်တဲ့အလုပ်က ကိုယ့်အတွက် အဓိပ္ပါယ်ရှိရဲ့လား

man at work

လုပ်ငန်းခွင်မှာ ပျော်ရွှင်တဲ့ လူတစ်ယောက်သည် သူ့ရဲ့ ပရော်ဖက်ရှင်နယ် တိုးတက်ရေးအတွက်လည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် အလုပ်လုပ်ရတာသည် ပိုမိုစိတ်လက်ပေါ့ပါးပြီး လုပ်ငန်း ပိုမိုတွင်ကျယ်ပါတယ်။ ကိုယ့်ရဲ့ အလုပ်အပေါ်မှာလည်း ပိုမိုအာရုံစူးစိုက်နိုင်ပြီး ကိုယ့်ရဲ့ အထက်လူကြီးများကလည်း ကိုယ့်ရဲ့ အားစိုက်ထုတ်မှုကို အသိအမှတ် ပြုပေးကြပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ် လုပ်နေတဲ့အလုပ်က ကိုယ့်အတွက် အဓိပ္ပါယ်ရှိရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပြီး မေးမြန်းကြည့်လိုက်ပါ။

ကိုယ့်ရဲ့ ရာထူးက ဘယ်လောက်ပဲ ကြီးကြီး၊ ဝင်ငွေက မိုးထိအောင်ပဲ လန်ပြန်ထွက်အောင် မြင့်မားနေပါစေ ကိုယ် မကြိုက် မနှစ်သက်တဲ့ အလုပ်သည် ကိုယ့်အတွက် အဓိပ္ပါယ် မရှိပါဘူး။ ဒါ့ကြောင့် ကိုယ် လုပ်တဲ့အလုပ်သည် ကိုယ့်အတွက် အဓိပ္ပါယ်ရှိရဲ့လားဆိုတာကို ပြန်လည် ဆန်းစစ်မေးမြန်း ကြည့်လိုက်ပါ။

ရှာကြံဂုဏ်ပြုပါ

man at work

အဖွဲ့အစည်းလိုက် လုပ်ဆောင်ရတာ အောင်မြင်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြု ချီးမွမ်းပါ။ အသေးအဖွဲလေးက အစ ကိုယ့်ရဲ့ အောင်မြင်မှုကို ကိုယ်ကိုယ်တိုင် အသိအမှတ်ပြုပြီး ချီးမွမ်းဖို့ လိုအပ်ပါတယ်။ အသင်းအဖွဲ့အလိုက် လုပ်ဆောင်ရတဲ့ အလုပ်မှ မဟုတ်ပါဘူး။ တစ်ယောက်တည်း လုပ်ဆောင်ရတဲ့ အလုပ်တွေက အောင်မြင်သွားတယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပြီး ချီးမွမ်းဖို့ လိုအပ်ပါတယ်။

တစ်နေ့တာလုံးမှာ မရပ်မနား အလုပ်လုပ်တာထက် မကြာခဏ ဆိုသလို ခဏတဖြုတ် အနားယူပေးဖို့ လိုအပ်ပါတယ်

လုပ်ငန်းခွင် ပျော်ရွှင်

တစ်နေ့တာလုံး ဘယ်လောက်ပဲ အလုပ်များနေပါစေ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ လိုအပ်ပါတယ်။ တစ်နေကုန် တောက်လျှောက် ဦးနှောက်ရော ခန္ဓာကိုယ်ကိုပါ မရပ်မနား အလုပ်ပေးထားမယ်ဆိုရင် အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်လာပြီး အလုပ်လည်း မတွင်ကျယ်တော့ပါဘူး။ ဒါ့ကြောင့် မိနစ် ၄၀ (သို့) ၄၅ မိနစ်လောက် အလုပ်လုပ်၊ ၁၀ မိနစ်လောက် အနားပေးပါ။ အနားပေးနေချိန်မှာလည်း ဖုန်းသုံးတာမျိုး မဟုတ်ဘဲ ဟိုနား ဒီနား အညောင်းပြေ အညာပြေ လမ်းထ လျှောက်ကြည့်လိုက်ပါ။ ဒါမှသာလျှင် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်မှာ ဖြစ်ပါတယ်။

ကျေးဇူးစကား ဆိုဖို့ ဝန်မလေးပါနဲ့

လုပ်ငန်းခွင် ပျော်ရွှင်

“ကျေးဇူး တင်ပါတယ်” ဆိုတဲ့ စကားတစ်ခွန်းသည် ကွီးတို့ရဲ့ တစ်နေ့တာကို အပြောင်းလဲကြီး ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ကို ကူညီတဲ့အတွက်ကြောင့် ကျေးဇူးတင်စကား ဆိုခြင်းအားဖြင့် ကွီးတို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေပြီး နောက်ထပ် ကိုယ် အကူအညီ လိုအပ်နေချိန်မှာလည်း ကိုယ့်ကို ကူညီမယ့်သူတွေ ပေါများနေမှာ အမှန်ပါပဲ။

အလုပ်နဲ့ ကိုယ်ပိုင်ဘဝ မျှခြေရှိအောင် နေထိုင်ပါ

လုပ်ငန်းခွင် ပျော်ရွှင်

ကိုယ့်ရဲ့ အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို မျှခြေရှိအောင် နေထိုင်ခြင်းသည် ကွီးတို့ရဲ့ ပျော်ရွှင်မှုကို တိုးတက်စေနိုင်ပါတယ်။ ဥပမာအနေနဲ့ တစ်နေကုန် အလုပ်လုပ်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါမှာ အလုပ်ပဲ ဆက်လုပ်နေတာထက် ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းအတွက် ဆက်လက်ပြီး အချိန်ပေးဖို့ လိုအပ်ပါတယ်။

တစ်နေ့တာလုံး ရေဓာတ် ပြည့်ဝစွာ နေထိုင်ပါ

လုပ်ငန်းခွင် ပျော်ရွှင်

ကွီးတို့သည် တစ်နေ့တာလုံး ရေဓာတ် ပြည့်ဝနေမယ်ဆိုရင် စိတ်လက် ပိုမိုကြည်လင်ပြီး အလုပ်အပေါ်မှာလည်း ပိုမိုအာရုံ စူးစိုက်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့ အလုပ်စားပွဲမှာ ရေဘူးတစ်ဘူး အမြဲတမ်း ဆောင်ထားပြီး ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်ဖို့ လိုအပ်ပါတယ်။

ဒီအချက်တွေကို သိထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ လုပ်ငန်းခွင်ဘဝကလည်း ပိုမိုပျော်ရွှင်ဖွယ်ရာအတိ ပြီးပါလိမ့်မယ်။

Source: Indeed

Featured Image: Smartsurvey