တချို့တွေက အပြောသာရှိပြီး တကယ်တမ်း လက်တွေ့မှာတော့ ပြောသလောက် မဖြစ်လာတာတွေ တစ်ပုံကြီးပါပဲ။ အပြောနဲ့ လက်တွေ့က တခြားစီ ဖြစ်နေပြီး လေပဲ ပေါနေမယ်ဆိုရင်တော့ အများက ကိုယ့်ကို ဘယ်လိုမှ အထင်ကြီး လေးစားလာမှာ မဟုတ်ပါဘူး။ လူအများရဲ့ အထင်ကြီး လေးစားခြင်းကို ခံချင်တယ်ဆိုရင် အလုပ် နဲ့ သက်သေပြဖို့ လိုအပ်ပါတယ်။

အလုပ်နဲ့ ဘယ်လို သက်သေပြကြမလဲ။​

ကိုယ် ကြံစည် ထားသမျှ အရာတွေကို သိုသိုသိပ်သိပ်သာ ပြုလုပ်ပါ

man keeping secret

ကွီးတို့ ပတ်ဝန်းကျင်မှာ ကွီးတို့ အောင်မြင်မှာကို စိတ်ရင်းထဲကနေ လိုလိုလားလား ဂုဏ်ပြုပေးမယ့်သူ ဘယ်နှယောက်လောက်များ ရှိမယ်ထင်ပါသလဲ။ လက်ချိုးရေကြည့်လို့မှ လက်ငါးချောင်း ပြည့်ရင်တောင် ကံကောင်းပါ။ ကွီးတို့သာ ကိုယ့်ရဲ့ Plan ကို အများသိအောင် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား လိုက်ပြောကြည့်လိုက်ပါ။ “မင်း လုပ်ရင် ဖြစ်မှာမဟုတ်ပါဘူးကွာ၊ လုပ်မနေပါနဲ့”၊ “ပင်ပန်းတာပဲ အဖတ်တင်မယ်၊ ဘာ့ကြောင့် လုပ်နေမှာလဲ”၊ “အေးအေးဆေးဆေး ဖြောင့်တန်းနေတဲ့ လမ်းမကြီး တစ်ခုလုံး ရှိရဲ့သားနဲ့၊ ဘာ့ကြောင့် ဖြောင့်တန်းတဲ့ လမ်းပေါ်က မလျှောက်ချင်ရတာလဲ၊ ဘာ့ကြောင့် ကောက်ကွေးနေတဲ့ လမ်းကနေ လျှောက်သွားချင်ရသလဲ” စသည်ဖြင့် ကဖျက်ယဖျက် လုပ်မယ့် သူတွေက ကွီးတို့ကို အရင်ဆီးကြိုနေပါလိမ့်မယ်။ ဒါ့ကြောင့် ကွီးတို့ ကြံစည်ထားတာတွေကို သိုသိုသိပ်သိပ်နဲ့ တစ်ယောက်တည်းသာ ပြုလုပ်ပါ။

တစ်မိနစ် အချိန်ကိုလည်း တန်ဖိုးထားပါ

အထင်ကြီး အလုပ်

အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ အချိန်ကိုလေးစားတန်ဖိုးထားခြင်းက အမှန်တကယ်ကို ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အချိန်မလေးစားမှုနဲ့  လုပ်ဆောင်စရာများကို အချိန်ဆွဲခြင်းတို့ကြောင့် ထိုက်သင့်သလောက် အောင်မြင်မရတာမျိုး ဖြစ်တတ်ပါတယ်။ မိမိ လုပ်ဆောင်စရာရှိတဲ့အရာများကို အချိန်မဆွဲပဲ လုပ်ဆောင်ပါ။ ကွီးတို့အားလုံး သိပြီးသားဖြစ်တဲ့ အမေရိကန် စွန့်ဦးတီထွင်သူ ၊ စီးပွားရေးလုပ်ငန်းရှင် ၊ မီဒီယာပိုင်ရှင် နှင့် ရင်းနှီးမြှုပ်နှံသူ Steven Jobs ဟာ “မင်းရဲ့အချိန်တွေကို မဖြုန်းတီးပါနဲ့”ဟူ၍ အချိန်နဲ့ ပတ်သတ်ပြီး အလေးထားသင့်ကြောင်း စကားဆိုခဲ့ပါတယ်။ ဒီကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ လူတော်တော်များများဟာ အချိန်နဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ချမှတ်ပြီး တန်ဖိုးထားလိုက်နာကြပါတယ်။

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဖျောက်ပါ

အထင်ကြီး အလုပ်

ဒီနေ့ တစ်ရက်တော့ နားလိုက်ပါဦးမယ်လေ၊ မနက်ဖြန်မှ စလုပ်လိုက်မယ် ဆိုတဲ့ မနက်ဖြန်ပေါင်း များစွာကို ကွီးတို့ ရင်းနှီးနေပါလိမ့်မယ်။ မနက်ဖြန် မနက်ဖြန်ဆိုပြီး တစ်နှစ်ပြီး တစ်နှစ် ကုန်လာလိုက်တာ အခုဆို ၂၀၂၄ နှစ်စတောင် ရောက်နေပါရောလား။ နေ့ရက်တိုင်းမှာ ဘယ်လောက်ပဲ သေးငယ်တဲ့ အရာပဲဖြစ်ပါစေ၊ လုပ်ဆောင်လိုက်ပါ။ ခြေလှမ်း တစ်သောင်းပြည့်ဖို့ ခြေလှမ်း တစ်လှမ်းပေါင်း များစွာကို စုပေါင်းရတာပဲ မဟုတ်လား။

အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ လက်မလျော့လိုက်ပါနဲ့

အထင်ကြီး အလုပ်

အောင်မြင်မှု လမ်းကြောင်းကို လျှောက်လှမ်းနေချိန်မှာ အဆင်မပြေမှုတွေ ကျရှုံးမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ထိုသို့ ကြုံတွေ့ရတဲ့အခါ စိတ်ပျက်မသွားပါနဲ့၊ အရှုံးမပေးပါနဲ့ ဆက်ပြီးကြိုးစားပါ။ အောင်မြင်သူတွေဟာ ကျရှုံးမှုတွေကို ကျရှုံးမှုလို့ မမြင်ပါဘူး။ ၎င်းတို့ကို အရေးကြီးသော သင်ခန်းစာအဖြစ် မြင်ပါတယ်။ ဒီလိုအမှားတွေ၊၊ ကျရှုံးမှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့၊ သတိထားဆင်ခြင်နိုင်ဖို့ ကိုယ်တိုင်ပေးတဲ့ သင်ခန်းစာတွေပါ။ ကျရှုံးမှုတိုင်းကို သင်ခန်းစာတစ်ခု သို့မဟုတ် အခွင့်အလမ်းအဖြစ် ပြောင်းလဲခြင်းက ကွီးတို့ကို အောင်မြင်မှုဆီသို့ တတ်လှမ်းနိုင်မယ့် လှေကားထစ် တစ်ခုပါပဲ။

ဒီနည်းလမ်းတွေနဲ့သာ တစ်စိုက်မတ်မတ် ပြုလုပ်သွားမယ်ဆိုရင်တော့ ကွီးတို့သည် လူအများ အထင်ကြီး လေးစားခံရအောင် အလုပ် နဲ့ သက်သေပြသွားတာပြဖြစ်ပါတယ်။

ကဲ… ဘယ်လိုလဲ။ အလုပ်နဲ့ သက်သေပြဖို့ ရယ်ဒီပဲလား။

Source: Linkedin.com

Featured Image: Phoenix.edu