အရပ်တော့ ရှည်ချင်ပေမယ့် ဘာလေ့ကျင့်ခန်းမှ မလုပ်ဘဲ ပျင်းရိနေမယ်ဆိုရင်တော့ လူပု လေးလို့ အခေါ် ခံရမှာ ဧကန် မုချပါပဲ။ လူပု လေးလို့ အခေါ် မခံချင်ဘူးဆိုရင် အချိန်ရှိခိုက် လုံ့လ စိုက်ထုတ်ကာ လေ့ကျင့်ခန်း ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုလေ့ကျင့်ခန်းတွေက ကွီးတို့ကို အရပ်ရှည်လာအောင် ကူညီပေးနိုင်သလဲဆိုတာကိုရော သိပြီးပါပြီလား။
လေ့ကျင့်ခန်း (၁)
ဘားတန်းခိုရတဲ့ လေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ အရပ်ကို ရှည်ထွက်လာအောင် ကူညီပေးမယ့် အကောင်းဆုံး လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဘားတန်းပေါ်မှာ ၂ မိနစ်ခန့် တွဲလွဲခိုခြင်းကို ၂ ကျော့ခန့် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ မြွေဟောက်ပုံသဏ္ဍာန် အကြောဆန့်ထုတ်ခြင်းပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ Cobra Stretch လို့ အမည်ပေးထားပါတယ်။ ခြေထောက်နဲ့ ပေါင်ကို ဆန့်တန်းထားပြီး ကြမ်းပြင်နဲ့ ဆန့်တန်းထားရပါမယ်။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ခါးနေရာကနေ အပေါ်သို့ ဆန့်တန်းထားလိုက်ပါ။ အသက်ကို ပုံမှန် ရှူသွင်း ရှူထုတ်ပြီးနောက် ထိုအနေအထားအတိုင်း ၂ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၃)
ဒီလေ့ကျင့်ခန်းလေးကတော့ Child’s Pose လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ပုံပါအတိုင်း ၁ မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အသက် ရှူသွင်း ရှူထုတ်ခြင်းကိုလည်း ပုံမှန်ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။
လေ့ကျင့်ခန်း (၄)
နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ကြိုးခုန် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ အခုမှ ကြိုးခုန် လေ့ကျင့်ခန်းကို စလုပ်မယ်ဆိုရင်တော့ အကြိမ်ရေ နည်းနည်းနဲ့ စလုပ်ဖို့ လိုအပ်ပါမယ်။ လောဘကြီးပြီး ပထမတစ်ရက်မှာတင် အကြိမ်ရေ အများကြီး လုပ်မိမယ်ဆိုရင် မောဟိုက်ပြီး လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ပထမတစ်ရက်/နှစ်ရက်လောက်ကို အကြိမ် ၅၀ ခန့် လောက်နဲ့ စတင်ခုန်ပေးပါ။ တဖြည်းဖြည်း ကျင့်သားရလာတာနဲ့အမျှ အကြိမ်ရေကို ၇၅ / ၁၀၀ စသည်ဖြင့် တိုးသွားတာ ကောင်းပါတယ်။
လေ့ကျင့်ခန်း (၅)
အရပ်ရှည်ဖို့အတွက် ကူညီပေးမယ့် နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ Burpees လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကတော့ ကွီးတို့ကို အရပ်ရှည်လာဖို့ ကူညီပေးမယ့်အပြင် ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီပိုများကိုပါ ဖယ်ရှားပေးဖို့ ကူညီပေးနိုင်ပါတယ်။ ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
ကွီးတို့ရော လူပု လေး လို့ အခေါ် မခံရဖို့ ဘယ်လိုမျိုး ကြိုးစားလေ့ရှိပါသလဲ။
Source: Mensfitness
Featured Image: Freepik