အားကစားမှာ ထူးချွန်သူတွေအဖို့ ဘဝမှာ ကြီးပွားစရာ အခွင့်အလမ်းတွေ အများကြီးပါပဲ။ အားကစားနဲ့ စီးပွားရှာကြတဲ့ ပရော်ဖက်ရှင်နယ် အားကစားသမားတွေဟာ မီလျံနာတန်းဝင် ချမ်းသာသူတွေ များပါတယ်။ ဒီတစ်ခေါက်တော့ ဘယ် အားကစား က ဝင်ငွေအကောင်းဆုံး လဲဆိုတာကို မျှဝေပေးချင်ပါတယ်။
(၁) Basketball
Photo : Burnt Orange Nation
ဘက်စကတ်ဘောအားကစားဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအမြင့်ဆုံး အားကစားအဖြစ် Forbes မဂ္ဂဇင်းက ဖော်ပြထားပါတယ်။ ၂၀၁၈-၁၉ ရာသီခွင်မှာကိုပဲ ဘက်စကတ်ဘောကစားသမားတွေရဲ့ တစ်နှစ် ပျမ်းမျှ လစာဟာ ဒေါ်လာ ၇.၄ သန်းကျော်ပါတယ်။ အားကစားအနေနဲ့ လုပ်ခလစာ မြင့်မားသလို စပွန်ဆာကြေးကနေ ရမယ့် အခွင့်အလမ်းတွေကလည်း အများကြီးပါပဲ။
NBA အားကစားသမားတစ်ယောက်အဖို့ ပျမ်းမျှလစာဟာ ဒေါ်လာ ၇.၄ သန်းကနေ ၇.၇ သန်း ရှိပါတယ်။ NBA အပြင် FIBA ၊ CBA ၊ ABL ၊ Asia League စတဲ့ ဘက်စကတ်ဘော အစည်းအရုံးတွေကလည်း အားကစားသမားတွေကို လစာကောင်းကောင်း ပေးပါတယ်။ NBA ကစားသမားတွေထဲမှာ လစာအမြင့်ဆုံးကတော့ LeBron James ဖြစ်ပြီး လစာ ၊ ခံစားခွင့်အပါအဝင် တစ်နှစ်ကို ဒေါ်လာ ၉၂ သန်းနှုန်းနဲ့ ၆ နှစ်ဆက်တိုက်ရခဲ့ပါတယ်။ စပိန် ၊ ဂရိ ၊ အီတလီ ၊ တရုတ် နဲ့ အာဂျင်တီးနားက ကမ္ဘာ့ထိပ်တန်း ဘက်စကတ်ဘောကစားသမားတွေဟာ လုပ်ခလစာ ဒေါ်လာ ၁ သန်းကျော်နဲ့ အထက် ရကြပါတယ်။
(၂) Cricket
Photo : mykhel
နိုင်ငံတကာ ခရစ်ကတ်ကစားသမားတွေဟာ နိုင်ငံတကာပွဲတွေမှာ နိုင်ငံ့လက်ရွေးစင်အနေနဲ့ ကစားမယ်ဆိုရင် ပျမ်းမျှ ဒေါ်လာ ၁ သန်းခန့် ရလေ့ ရှိပါတယ်။ The Indian Premier League (IPL) လိဂ် ခရစ်ကတ်ကစားသမားတစ်ဦးရဲ့ ပျမ်းမျှ လစာဟာ ဒေါ်လာ ၄.၃၃ သန်း ကျော် ရှိပါတယ်။ IPL အသင်းတွေဟာ တစ်ရာသီ ၅ ပတ်စာ အတွက်ကို ဒေါ်လာ ၁.၅ သန်းအထိ ရကြပါတယ်။
(၃) Baseball
Photo : The Omega
နာမည်ကျော် Major League Baseball အားကစားဟာ ကမ္ဘာ့တတိယ ဝင်ငွေအရဆုံး အားကစားစာရင်းဝင်ပါတယ်။ Baseball Batting Skills မြင့်တဲ့ အားကစားသမားတွေအဖို့ တစ်နှစ်တစ်နှစ် ရတဲ့ ဝင်ငွေဟာ မနည်းမနောပါပဲ။ ၂၀၁၈ ခုနှစ်အတွက် MLB ကစားသမားတစ်ယောက်ရဲ့ ပျမ်းမျှ လစာဟာ ဒေါ်လာ ၄.၅၂ သန်း ရှိပါတယ်။
(၄) Soccer
Photo : Europosters
ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားတွေထဲမှာ ဘောလုံးအားကစားလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကစားတဲ့ ကလပ်အသင်း နဲ့ လိဂ်ပေါ် လိုက်ပြီး ကစားသမားတွေရဲ့ လုပ်ခလစာဟာ အနိမ့်အမြင့် ရှိပါတယ်။ UEFA အားကစားသမားတွေဆိုရင် ပျမ်းမျှ ဒေါ်လာ ၆ သန်းကနေ ၈ သန်း ရပြီး ပရီးမီးယားလိဂ် EPL ကစားသမားတစ်ယောက်ရဲ့ ပျမ်းမျှလစာဟာ ဒေါ်လာ ၃.၂ သန်း ရှိနေပါတယ်။ La Liga ကစားသမားတွေရဲ့ ပျမ်းမျှ လစာဟာ ဒေါ်လာ ၁.၆ သန်း ရှိပါတယ်။
ကမ္ဘာ့ဖလား နဲ့ Champion League တို့လို ဖလားပွဲကြီးတွေမှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကို အသင်းကြီးတွေက မက်လောက်စရာ လစာတွေနဲ့ ကမ်းလှမ်းလေ့ရှိပါတယ်။ ဘောလုံးလောကသားတွေထဲက ပြောင်းရွှေ့ကြေး မြင့်သလို လစာ နဲ့ ဝင်ငွေ ၊ ဆုကြေး တစ်နှစ်ကို ဒေါ်လာ သန်းဆယ်ဂဏန်းအထိ ရတဲ့ အားကစားသမားတွေ အများကြီး ရှိပါတယ်။ ဘောလုံးအားကစားဟာ လစာအပြင် ဆုကြေး ၊ မူပိုင်ကြေး ၊ ကလပ်အသင်းအမြတ်ငွေ ၊ ထောက်ပံ့ကြေး ၊ Sponsorship ၊ စာချုပ်ကြေး စသည်ဖြင့် ခံစားခွင့်တွေ အများကြီး ရတဲ့ အားကစားတစ်မျိုးပါပဲ။
(၅) American Football
Photo : Mob
Soccer လိုမျိုး ခြေထောက်နဲ့ မကန်ဘဲ လက်နဲ့ ပစ်ပေး ပြေးကျော် ကစားရတဲ့ American Football အားကစားကတော့ ဝင်ငွေအကောင်းဆုံး အားကစားတွေထဲမှာ နံပါတ် ၅ နေရာက ရှိပါတယ်။ NFL League ကစားသမားတွေရဲ့ ပျမ်းမျှ လစာဟာ ဒေါ်လာ ၈ သိန်း ၆ သောင်း ရှိပါတယ်။ အသင်းနဲ့ ကစားသမားရဲ့ အရည်အသွေးပေါ် လိုက်ပြီး လုပ်ခလစာဟာ ဒေါ်လာ သိန်းဂဏန်းကနေ ဒေါ်လာ သန်းချီ ရှိကြပါတယ်။
Featured Photo : NBA