အားကစား လုပ်ဖို့ Gym သွားနိုင်မှ မဟုတ်ပါဘူး။ အချိန်နေရာမရွေး ကုန်ကျစရိတ်သက်သာစွာနဲ့ ထိထိရောက်ရောက် ကစားနိုင်မယ့် အားကစားနည်းတွေ ရှိပါတယ်။ ဒီထဲကမှ အမျိုးသားတွေအတွက် ကျန်းမာကြံ့ခိုင်စေဖို့ အချိန်နေရာမရွေး ကစားနိုင်မယ့် အကောင်းဆုံး အားကစားနည်း ၅ ခုကို ပြောပြပေးချင်ပါတယ်။

(၁) ဒိုက်ထိုးခြင်း

Photo : iStock

ကိုယ့်ရဲ့ ဘော်ဒီပုံစံကို ထိန်းဖို့နဲ့ ပိုပြီး ကြည့်ကောင်းစေဖို့ နေ့တိုင်း လုပ်ပေးလို့ရမယ့် လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဘေးက ကြည့်ရင်တာ့ ဒိုက်ထိုးတာ လွယ်လွယ်လေးလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ သူလည်း ခက်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးများတဲ့ ကိုယ်လက်လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။

(၂) လမ်းလျှောက်ခြင်း

Photo : iStock

လမ်းလျှောက်တာဟာ အလွယ်ဆုံးနဲ့ အဖိုးတန်ဆုံး ကျန်းမာရေး အလေ့အကျင့်ပါ။ ဘာကုန်ကျစရိတ်မှ မရှိဘဲနဲ့ လူ့ရဲ့ ကိုယ်နဲ့စိတ်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။ လမ်းလျှောက်ခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ အစာကြေတာ ၊ ခန္ဓာကိုယ်အလေးချိန် ထိန်းနိုင်တာ အပြင် ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ပါ အထောက်အကူဖြစ်ပါတယ်။ လမ်းလျှောက်တာဟာ မိတ်ဆွေသစ်တွေလည်း ရနိုင်ပြီး စိတ်ကို လန်းဆန်းကြည်လင်စေပါတယ်။ လမ်းကို နှစ်ပေါင်းများစွာ ပုံမှန်လျှောက်ဖြစ်သူတွေဟာ အသက်ပိုရှည်ပြီး အနာအဖျား ကင်းပါတယ်။

(၃) ထိုက်ကျိကစားခြင်း

Photo : iStock

ထိုက်ကျိကစားနည်းဟာ တရုတ်ရိုးရာအဖြစ် ထင်ရှားပါတယ်။ ထိုက်ကျိဟာ သိုင်း သက်သက်မဟုတ်ပါဘူး ။ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလျံနာတစ်ဦး ဖြစ်တဲ့ ဂျက်မားဟာ ထိုက်ကျိကစားနည်းကို နှစ်ပေါင်း ၃၀ ကျော် ကစားခဲ့သူ ဖြစ်ပါတယ်။ ထိုက်ကျိကစားခြင်းဟာ စိတ်ကို အေးဆေးတည်ငြိမ်စေပြီး အကြောများ ပြေလျော့စေပါတယ်။

(၄) ရေကူးခြင်း

Photo : iStock

ရေကူးတာဟာ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားဖို့ အကောင်းဆုံး အခြေအနေပါ။ လက်မောင်း ၊ ပေါင်တံနဲ့ ခါးတစ်လျှောက်က ကြွက်သားအားလုံးကို သုံးပြီး လှုပ်ရှားရတာကြောင့် ကြွက်သား ဖွံ့ဖြိုးမှုလည်း အားကောင်းလာစေပါတယ်။ ငယ်ငယ်ရွယ်ရွယ်မှာ ရေကူးတဲ့သူတွေဟာ ရေကူးလေ့ကျင့်ခန်း မလုပ်သူတွေထက် အရပ်ပိုရှည်တတ်ပါတယ်။

(၅) Plank ထောက်ခြင်း

Photo : iStock

ကြမ်းပြင်ပေါ်မှာ အဝတ်ပိုင်းတစ်ခု ချပြီး လေ့ကျင့်နိုင်တဲ့ Planking လေ့ကျင့်ခန်းကလည်း ကြွက်သားအစုတွေကို စုစည်းပေးပြီး ကိုယ့်ရဲ့ ကိုယ်ဟန်အနေအထားကိုပါ ပိုမိုကောင်းမွန်စေပါတယ်။ တံတောင်နှစ်ဘက် အားပြုထောက်ပြီး ကိုယ်ကို တစ်ဖြောင့်တည်း မှောက်ထားရတဲ့ ဒီလေ့ကျင့်ခန်းကို လေ့ကျင့်သူတွေဟာ လက်ပြင်ကုန်းတာ ပျောက်ကင်းစေပြီး စိတ်စုစည်းမှု အားကောင်းလာပါတယ်။

Featured Photo : GQ México