အချိန် ၂ မိနစ်လောက်ပေးရုံနဲ့ အရသာရှိတဲ့ ကော့လ်တေးတစ်ခွက် ဖျော်စပ်နိုင်မယ်ဆိုရင် စိတ်ဝင်စားလား။ ဟုတ်ပါတယ် လွယ်ကူတယ် ၊ ရိုးရှင်းတယ် ၊ အချိန်ရာသီတိုင်းနဲ့ ကိုက်ညီတဲ့ Refreshing ဖြစ်တဲ့ ကော့လ်တေး Drink ဆိုတာ ဝီစကီ Whiskey Lemonade မှတပါး အခြားမရှိနိုင်ပါ။ နှစ်သက်ရာ ဝီစကီ Whiskey တစ်မျိုးနဲ့ Homemade Lemonade သို့မဟုတ် ရယ်ဒီမိတ် Lemonade တစ်မျိုးရှိရင်ပဲ ကော့လ်တေးတစ်ခွက် ဖျော်စပ်ဖို့ ရယ်ဒီဖြစ်ပါပြီ။

Photo : A Couple Cooks
ဝီစကီ Whiskey ထဲမှာတော့ ဘော်ဘွန်း ဝီစကီ Whiskey ၊ Rye ဝီစကီ Whiskey ၊ Irish ဝီစကီ Whiskey ၊ ဂျပန် ဝီစကီ Whiskey ၊ Scotch ဝီစကီ Whiskey နှစ်သက်ရာကို သုံးနိုင်ပါတယ်။ ဝီစကီ Whiskey Lemonadeရဲ့ ထူးခြားချက်က သုံးလိုက်တဲ့ ဝီစကီ Whiskey ပေါ်မူတည်ပြီး အရသာနည်းနည်းလေး ပြောင်းလဲသွားစေတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Irish ဝီစကီ Whiskey နဲ့ဖျော်စပ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ချိုမြိန်တဲ့ အရသာကို ပေးစွမ်းပါတယ်။ Rye ဝီစကီနဲ့ ဖျော်စပ်တဲ့အခါမှာတော့ လေးလေးနက်နက် ခပ်ပြင်းပြင်းနဲ့ အဆုံးသတ်မှာ ခပ်ရှရှ အရသာကို ခံစားရမှာပါ။ ဘော်ဘွန်း ဝီစကီ Whiskey ကို သုံးမယ်ဆိုရင်တော့ ချိုမြမြအရသာနဲ့ သင်းပျံ့ပျံ့ မွှေးရနံ့ကို ထိထိမိမိ ခံစားရမှာ ဖြစ်ပါတယ်။
Photo : A Couple Cooks
ကဲဒါဆို လွယ်ကူရိုးရှင်းတဲ့ ဝီစကီ Whiskey Lemonadeတစ်ခွက် ကိုယ်တိုင်ဖျော်စပ်နည်းကို ကြည့်လိုက်ရအောင်ပါ။ Lowball ဖန်ခွက်တစ်ခွက်စာအတွက် နှစ်သက်ရာဝီစကီ Whiskey ၂ အောင်စနဲ့ Lemonadeဖျော်ရည် ၄ အောင်စနေ ၆ အောင်စအထိ မိမိနှစ်သက်ရာ အရသာအတိုင်း ချိန်ဆဖျော်စပ်နိုင်ပါတယ်။ ဝီစကီ Whiskey နဲ့ Lemonadeကို ဖန်ခွက်ထဲရောထည့်ပြီးတာနဲ့ ရေခဲအနည်းငယ်ထပ်ဖြည့်ပြီး ကော့လ်တေးချယ်ရီသီးနဲ့ သံပုယိုကွင်းလေး အလှဆင်ပြီး ဝီစကီ Whiskey Lemonade တစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။
Featured Photo : On The Bay Magazine

