သက်လုံစွမ်းအား တိုးတက်ချင်တယ် ဆိုရင်တော့ ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် များများ သယ်ပို့ပေးတဲ့ Cardiovascular Exercises တွေ လုပ်ရပါမယ်။ Cardiovascular Exercises တွေဟာ ကြွက်သားတွေဆီ အောက်ဆီဂျင် ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်သလို နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ပိုကောင်းစေတဲ့အတွက် အမောခံနိုင်ပြီး သက်လုံတက်စေဖို့ ကူညီပေးပါတယ်။ ဒီတစ်ခေါက်တော့ သက်လုံ စွမ်းအားကို တိုးတက်စေသလို အဆီလောင်ကျွမ်းမှုများပြီး ကြွက်သားကျစ်လစ် လာစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးပါမယ်။
(၁) Burpees

Photo : Muscle & Fitness
Burpees လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးအပြည့် လှုပ်ရှားခုန်ပေါက် ကစားရတဲ့ Bodyweight Exercise တစ်ခုပါ။ ကယ်လိုရီ များများ လောင်ကျွမ်းစေသလို တစ်ချိန်တည်းမှာပဲ ကြွက်သားကျစ်လစ် သန်မာစေဖို့ ကူညီပေးတဲ့အပြင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးနဲ့ သက်လုံ စွမ်းအားကို တိုးတက်ကောင်းမွန်စေဖို့ ထောက်ပံ့ပေးပါတယ်။
(၂) Jumping Jacks

Photo : Forgia
ရိုးရှင်းပြီး ကစားရ လွယ်ကူတဲ့ Jumping Jacks လေ့ကျင့်ခန်းကိုတော့ ကွီးတို့ အားလုံးသိပြီးသားဖြစ်မယ် ထင်ပါတယ်။ ဒီလေ့ကျင့်ခန်းက တူညီတဲ့ ပုံစံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ ကစားရတဲ့ ပြင်းထန်တဲ့ Cardio လေ့ကျင့်ခန်း တစ်ခုပါ။ ခန္ဓာကိုယ်အပြည့် လှုပ်ရှားကစားရတဲ့ လေ့ကျင့်ခန်း ဖြစ်တာကြောင့် အမောခံနိုင်ပြီး သက်လုံ တက်စေဖို့ ကူညီပေးပါတယ်။
(၃) Mountain Climbers
Photo : Rapid Loss® Program
ခန္ဓာကိုယ် ကြွက်သားအများစုကို ပစ်မှတ်ထားပြီး သွေးလှည့်ပတ်မှုကို တိုးတက်စေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းလို့ ပြောရင်တော့ Mountain Climbers ကို မေ့ထားလို့ မရပါဘူး။ ဒီလေ့ကျင့်ခန်းက သက်လုံစွမ်းအားနဲ့ အမောခံနိုင်ရည်ကို ကောင်းမွန်စေပြီး ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လစ်သန်မာလာစေဖို့ ကူညီပေးပါတယ်။
(၄) Pushups

Photo : Australian Fitness Academy
သက်လုံ တက်စေမယ့် နောက်ထပ် ရိုးရှင်းတဲ့ Bodyweight လေ့ကျင့်ခန်းကတော့ ဒိုက်ထိုးနည်းခေါ် Pushups ပါ။ Pushups လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံးညှစ်အားကို တိုးတက်စေသလို ရင်ဘတ်ကြွက်သား ၊ လက်မောင်း ၊ ကျော ၊ ခြေထောက်နဲ့ ဝမ်းဗိုက်စတဲ့ ခန္ဓာကိုယ် အဓိက ကြွက်သားအုပ်စု တော်တော်များများကို ထိရောက်မှု ရှိစေပါတယ်။
Source : Vogue India
Featured Photo : The Manual

