အမျိုးသား ဖက်ရှင်တွေထဲမယ် အရမ်းကြီး Formal မကျသလို စမတ်ကျကျနဲ့ ကြည့်ကောင်းစေတဲ့ ဖက်ရှင်တစ်မျိုးက Smart Casual စတိုင်ပါ။ Smart Casual ဖက်ရှင်က အဓိက အားဖြင့်တော့ အသက် ၂၀ ကျော် ယောကျာ်းလေးတွေကနေ လူလတ်ပိုင်း အမျိုးသားတွေအထိ ဝတ်ဆင်လို့ လိုက်ဖက်ပါတယ်။ Dress Code အနေနဲ့ Smart Casual ဆိုတဲ့အတိုင်း စမတ်ကျမှုက ပထမ သူ့နောက်မှာ ပေါ့ပါးလွတ်လပ်မှုက လိုက်ပါနေမှာပါ။ Smart Casual ဖက်ရှင်ရဲ့ အားသာချက်က ခေါင်းအစခြေအဆုံး အံ့ဝင်ဂွင်ကျရှိရှိနဲ့ လိုက်ဖက်ညီအောင် ဝတ်ဆင်ရမှာ ဖြစ်တာကြောင့် အချိန်တိုင်းသပ်ရပ်ရှင်းသန့်တဲ့ စတိုင် အသွင်အပြင်ကို ပေးစွမ်းမှာဖြစ်ပြီး နေ့စဉ် ရုံးတက်ဖက်ရှင်ကနေ ပွဲတက် အခမ်းအနားတွေအထိ နေရာတိုင်း လွတ်လပ်ပေါ့ပါးစွာနဲ့ စမတ်ကျကျ ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းလေးမှာတော့ Smart Casual ဖက်ရှင် ဝတ်ဆင်မယ့် ကွီးတို့အတွက် သပ်ရပ်ရှင်းသန့် တဲ့ စတိုင်ပေးစွမ်းမယ့် Outfit အတွဲအစပ် လေးတွေကို မျှဝေပေးပါမယ်။

Outfit (၁)

Photo : DMARGE

ဒီ Outfit ကတော့ ပေါ့ပေါ့ပါးပါးနဲ့ သပ်ရပ်ရှင်းသန့် Smart Casual Vibe မျိုး အပြည့်အဝ ပေးပါတယ်။ Collar Shirt ကို Blazer ထပ်ဝတ်ပြီး အောက်က အဖြူရောင် Trouser နဲ့ တွဲဖက်ဝတ်ရမှာပါ။ ဖိနပ် ကိုတော့ Smart ဆန်တဲ့ လည်သာ Shoes နဲ့ တွဲဝတ်လို့ ရပါတယ်။

Outfit (၂)

Smart Casual

Photo : DMARGE

လူငယ်ပိုင်းတွေ အတွက် ခေတ်မီစမတ်ကျတဲ့ Outfit စတိုင်လေးပါ။ Drawstring Trouser နဲ့ Camp Collar Shirt အတွဲအစပ်ကို ကာလာတစ်ရောင် တည်းရှိတဲ့ Sneaker နဲ့ တွဲဝတ်ရမှာ ဖြစ်ပါတယ်။ သပ်ရပ်ရှင်းသန့် တဲ့ စတိုင်မျိုးရသလို လူငယ်ဆန်ပြီး လွတ်လပ်ပေါ့ပါးမှုလည်း အပြည့် ရှိပါတယ်။

Outfit (၃)

Smart Casual

Photo : DMARGE

Chinos ဘောင်းဘီ ၊ Shirt နဲ့ အပေါ်ထပ် ဆွယ်တာ အတွဲအစပ်ကတော့ ဘယ်တော့ မရိုးနိုင်တဲ့ လူကြိုက်အများဆုံး Smart Casual Outfit တစ်စုံ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျ ဖက်ရှင်အသွင်အပြင်ကို အပြည့်အဝ ရစေမှာပါ။

Outfit (၄)

Smart Casual

Photo : DMARGE

ဒီ Outfit က Chinos ကိုမှ Striped T-shirt နဲ့ Blazer ကို တွဲဖက်ဝတ်ရတဲ့ ပုံစံပါ။ ပိုပြီး စမတ်ကျတဲ့ အသွင်အပြင်ကို ပေးစွမ်းမှာ ဖြစ်ပြီး Evening Smart Casual Outfit အနေနဲ့ ဝတ်နိုင်ပါတယ်။ Shoes ကိုတော့ နှစ်သက်ရာ Sneaker ဝတ်နိုင်ပါတယ်။

Outfit (၅)

Smart Casual

Photo : DMARGE

အေးတဲ့ နေရာဒေသ ရာသီဥတု အခြေအနေနဲ့ အကိုက်ညီဆုံး ဖြစ်ပါတယ်။ Trousers နဲ့ အပေါ်ထပ်ကိုက Heavy Jacket တွဲဝတ်ရမယ့် ဖက်ရှင် အတွဲအစပ်ပါ။ ဆိုဒ် ခပ်ကြီးကြီး Jacket ကို ဝတ်နိုင်ပါတယ်။ အောက်ခံကို Polo ဒါမှမဟုတ် Shirt တွေ တွဲဝတ်လို့ ရပါတယ်။ နွေးနွေးထွေးထွေးနဲ့ သပ်ရပ်ရှင်းသန့် တဲ့ စတိုင် အသွင်အပြင်ကို ရစေမှာပါ။

Outfit (၆)

Smart Casual

Photo : DMARGE

Suit ကို Formal မဆန်ပဲ ပေါ့ပေါ့ပါးပါးနဲ့ Smart Casual ဆန်တဲ့ Look မျိုး ရချင်ရင် Sneakers နဲ့ T-Shirt ကိုသာ တွဲဝတ်လိုက်ပါ။ ပွဲတက်အခမ်းအနားတွေနဲ့ ညနေခင်း ဒင်နာပါတီတွေအတွက် အရမ်းကို လိုက်ဖက်တဲ့ စမတ်အကျဆုံး Outfit တစ်စုံ ဖြစ်ပါတယ်။

Outfit (၇)

Smart Casual

Photo : DMARGE

Suede Trucker Jacket နဲ့ Trouser တွေက တော့ Smart Casual ဖက်ရှင်တွေထဲမှာ Unique အဖြစ်ဆုံးနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ အကောင်းဆုံး Outfit တစ်စုံပါပဲ။ အောက်ခံကို အဖြူရောင် T-Shirt လေးနဲ့ တွဲဝတ်ပါ။ ဖိနပ်ကို လည်သာ Shoes လေး ဝတ်လိုက်ရင် တကယ့်ကို သပ်ရပ်ရှင်းသန့် တဲ့ ပျိုမဒီတို့ ကြွေချင်စရာ ဒီဇိုင်းကာလာ အနေအထားကို ရသွားမှာ ဖြစ်ပါတယ်။

သပ်ရပ်ရှင်းသန့် တဲ့ စတိုင်နဲ့ မျက်နှာပွင့် ဆော်ကြည်ချင်ရင်  Smart Casual ဖက်ရှင်တွေသာ ရွေးလိုက်တော့ဗျာ။

Featured Photo : Men’s Flair