ကော့တေးချစ်သူ ကွီးတို့အားလုံးအတွက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း (၃) မျိုးတည်းနဲ့ ဖော်စပ်ထားတဲ့ သုံးရောင်ခြယ် Superman Shot ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ မိမိဘာသာ အိမ်မှာ ဖျော်သောက်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် Recipe ကို အသုံးပြုကာ ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

cocktail

  • ချယ်ရီ အရသာ အယ်လ်ကိုဟော ဖျော်ရည် (Cherry Liqueur) စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငှက်ပျော်သီး အရသာ အယ်လ်ကိုဟော ဖျော်ရည် (Banana Liqueur) စားပွဲတင်ဇွန်း ၁ ဇွန်း
  • UV Blue ဗော့ကာ စားပွဲတင်ဇွန်း ၁ ဇွန်း

အစရှိတဲ့ ပါဝင်ပစ္စည်း (၃) မျိုး လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်း အဆင့်ဆင့်

cocktail

၁။ ပါဝင်ပစ္စည်းများကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ။

၂။ Shot Glass လို့ခေါ်တဲ့ ကော့တေးဖန်ခွက် ပုတိုတိုထဲသို့ ချယ်ရီ အယ်လ်ကိုဟောဖျော်ရည်များ လောင်းထည့်လိုက်ပါ။

သုံးရောင်ခြယ် Superman

၃။ နောက်တစ်ဆင့်အနေနဲ့ အပေါက်ပါတဲ့ ဇွန်းအသေးတစ်ချောင်းကို အသုံးပြုရမှာဖြစ်ပါတယ်။ ဇွန်းကို မှောက်ခုံ လှန်ထားကာ ငှက်ပျောသီး Liqueur ကို Shot Glass ထဲသို့ လောင်းထည့်ပေးလိုက်ပါ။ ငှက်ပျောသီး Liqueur က စောစောက ချယ်ရီဖျော်ရည်ရဲ့ အောက်တစ်လွှာသို့ စိမ့်ဝင်သွားပါလိမ့်မယ်။

သုံးရောင်ခြယ် Superman

၄။။ နောက်တစ်ဆင့်အနေနဲ့ စောစောက ဇွန်းကိုပဲ အသုံးပြုကာ Blue ဗော့ကာကို လောင်းထည့်ပေးလိုက်ပါ။ အပြာရောင် ဗော့ကာကတော့ ထိပ်ဆုံးအလွှာမှာ တင်ကျန်ရစ်ခဲ့ပါလိမ့်မယ်။

ဖျော်ရည်များကို ဇွန်းဖြင့် မွှေစရာမလိုပါဘူး။ ဒါမှသာလျှင် သုံးရောင်ခြယ် Superman Shot ကော့တေးကို ရရှိမှာပဲ ဖြစ်ပါတယ်။

သုံးရောင်ခြယ် Superman

ကွီးတို့အနေနဲ့ UV Blu ဗော့ကာကို အသုံးမပြုချင်ဘူးဆိုရင်တော့ Blue Curaçao ကို အစားထိုးအသုံးပြုနိုင်ပါတယ်။ သူ့ရဲ့အရသာကတော့ ရက်စ်ဘယ်ရီအရသာကနေ လိမ္မော်အရသာသို့ ပြောင်းလဲသွားပါလိမ့်မယ်။

နောက်ထပ် သတိထားရမယ့်အချက်ကတော့ အပေါက်ပါတဲ့ ဇွန်းဖြင့် ဖျော်ရည်များကို လောင်းထည့်တဲ့အခါ ဖြည်းဖြည်းချင်းစီသာ လောင်းထည့်ရပါမယ်။ အရှိန်ဖြင့် ဝေါခနဲ လောင်းထည့်တဲ့အခါ ကွီးတို့ လိုချင်တဲ့ သုံးရောင်ခြယ် Superman Shot ရဲ့ အသွင်အပြင်ကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် Shot Glass ကို ရေခဲသတ္တာထဲ အအေးခံပြီးမှ အသုံးပြုမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရရှိမှာပဲ ဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Thespruceeats