နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့ အမျှ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးမှာ နည်းပညာသုံး စက်ပစ္စည်းတွေ၊ အံ့သြဖွယ် ဆန်းသစ်တီထွင်မှုတွေနဲ့ ပြည့်နှက်လာပါတယ်။ ထို့အတူပါပဲ အဆင့်မြင့် နည်းပညာကို အသုံးပြုထားတဲ့ အမိုက်စား စက်ပစ္စည်းအသေးလေးတွေကလည်း ကျွန်တော်တို့ နေ့စဉ်ဘဝအတွက် ပိုမို အဆင်ပြေလွယ်ကူအောင် ပံ့ပိုးပေးလျက်ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နည်းပညာသုံး ပစ္စည်း သေးသေးလေးတွေပေမဲ့ တကယ်ကို မိုက်တဲ့ အလန်းစား Gadget အချို့ကို ဖော်ပြပေးချင်ပါတယ်။

Beeline Velo 2

သေးသေးလေးတွေပေမဲ့

Photo : Beeline

ကွီးတို့က စက်ဘီးစီးရတာ ဝါသနာပါတဲ့ သူလား။ ဒါမှမဟုတ် အားကစားလုပ်ရင်းနဲ့ အပြင်ဘက်မှာ စက်ဘီးအမြဲစီးတတ်ပါသလား၊ ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ စက်ဘီးစီးစီး ကွီးတို့အတွက် အသုံးတည့်မဲ့ ပစ္စည်းလေး တစ်ခုကို အရင်ဆုံး ဝေမျှပေးချင်ပါတယ်။ ဒါလေးကိုတော့ Beeline Velo 2 လို့ခေါ်ပါတယ်။ ဒီသေးငယ်တဲ့ အဝိုင်းပုံ စက်ပစ္စည်းလေးက ကွီးတို့ရဲ့ စက်ဘီးမှာ တွဲထားရမှာ ဖြစ်ပြီး လမ်းကြောင်းများ ညွှန်ပြပေးခြင်း၊ လမ်းညွှန်ချက်များပေးခြင်း၊ ကွီးတို့ရဲ့ စက်ဘီးအမြန်နှုန်း၊ ဆိုက်ရောက်ချိန်၊ အကွာအဝေးကို ခြေရာခံပြီး အချိန်ကိုလည်း စစ်ဆေးနိုင်ပါတယ်။ ရာသီဥတုဒဏ်လည်း ကောင်းကောင်းခံနိုင်အောင် တည်ဆောက်ထားပါတယ်။

DJI Action 2

Photo : DPR Review

DJI ကတော့ GoPro နှင့်အတူ အက်ရှင်ကင်မရာ ဈေးကွက်မှာ နာမည်ကြီး အမှတ်တံဆိပ် ဖြစ်ပါတယ်။ DJI ကနေ ထုတ်လုပ်ထားတဲ့ Action 2 ကင်မရာဟာ သေးငယ်သော်လည်း အလုံးစုံသော အင်္ဂါရပ်များစွာ ပါဝင်ပါတယ်။ ဒီကင်မရာမှာ ခိုင်ခံ့သော သံလိုက်များနဲ့ ချိတ်ဆက်ခြင်းကို အလွယ်တကူပြုလုပ်နိုင်ပြီး နေရာကိုလည်း လျင်မြန်စွာ ပြောင်းလဲနိုင်ပါတယ်။ ၎င်းမှာ Tripod၊ Helmet Mount နဲ့ ရေစိုခံအိတ်များ စတာတွေလည်း ပါဝင်ပါတယ်။ ၎င်းတွင် 4K၊ 120fps ဗီဒီယိုများကို ပံ့ပိုးပေးနိုင်ပြီး ရေ၊ ဖုန်မှုန့်နဲ့ ပြုတ်ကျမှု ဒဏ်ကို ခံနိုင်ရည်ရှိအောင်လည်း တည်ဆောက်ထားပါတယ်။

Nothing Ear (Stick)

သေးသေးလေးတွေပေမဲ့

Photo : Gadget 360

ရိုးရိုးနားကြပ်တွေ သုံးနေရတာ ရိုးနေပြီလား။ အခုဖော်ပြပေးမယ့် Nothing Ear (Stick) နားကြပ်လေးကတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆန်းသစ်တီထွင်မှုဖြစ်ပြီး အခြားသော ထုတ်ကုန်များနဲ့ အနည်းငယ်ကွဲပြားအောင် ပြုလုပ်ထားပါတယ်။ ဒီနားကြပ်မှာ အားသွင်းအိတ်ကို Stick ပုံစံဖြင့် ဖန်တီးထားပါတယ်။ ကျစ်လစ်သေးငယ်သော ကိုယ်ထည်နဲ့ ဒီဇိုင်းဆန်းတို့ကြောင့် လူငယ်တွေအကြိုက်တွေ့မှာတော့ သေချာပါတယ်။ နားကြပ်များကလည်း အသံထွက်ကောင်းမွန်ပြီး အသုံးပြုရတာ သက်တောင့်သက်သာ ရှိစေပါတယ်။ ဒါ့အပြင် ဘက်ထရီသက်တမ်းကလည်း တော်တော်လည်း ကောင်းမွန်ပါတယ်။ အခြားနားကြပ်များနဲ့မတူဘဲ နည်းနည်းဆန်းပြားတဲ့ နားကြပ်ကို သုံးကြည့်ချင်ရင်တော့ ဒါလေးက ရွေးချယ်ချင်စရာလေးပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ပစ္စည်းလေးတွေကတော့ အရွယ်အစားအားဖြင့် သေးသေးလေးတွေပေမဲ့ လည်း ၎င်းတို့ရဲ့ စွမ်းဆောင်ရည်ကတော့ အံ့မခန်းပါပဲ။ ဒါဟာ နည်းပညာတိုးတက်မှုရဲ့ ပြယုဒ် ပင်မဟုတ်ပါလား။ နောက်ထပ်လည်း နည်းပညာမြင့် Gadgets လေးတွေကို ဆက်လက်ပြီး ဝေမျှပေးသွားမှာ ဖြစ်တာကြောင့် စောင့်မျှော် ဖတ်ရှုပေးကြပါဦးခင်ဗျာ။

Source : Science Focus

Featured Photo : Wired