နည်းပညာများ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ တီထွင်ဆန်းသစ်မှုများသည်လည်း ပိုမိုအားကောင်းလာပါတယ်။ ယခင်ကဆိုလျှင် ကြိုးတပ်နားကြပ်များကနေ တဖြည်းဖြည်း ဆန်းသစ်လာခဲ့ရာမှ ကြိုးမဲ့ နားကြပ်များကို တီထွင်နိုင်ခဲ့ပါတယ်။ တစ်ဖန် နောက်ခံ ဆူညံသံ များကို ဖယ်ရှားပေးတဲ့ Noise Cancellation နည်းပညာများကိုလည်း တစ်စထက် တစ်စ တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြပါတယ်။

ဒီလိုမျိုး နောက်ခံ ဆူညံသံ များကို အော်တိုဖယ်ရှားပေးတဲ့ Noise Cancellation နည်းပညာများကို ထည့်သွင်းကာ ထုတ်လုပ်ထားတဲ့ နားကြပ်များကို အသုံးပြုခြင်းဖြင့် ခံစားရမယ့် အကျိုးကျေးဇူးများ ရှိပါတယ်။

အာရုံစူးစိုက်နိုင်စွမ်းကို မြင့်မားစေခြင်း

ဆူညံသံ Noise Cancellation

Photo: Howtogeek

ဆူညံသံ များ ဖျောက်ပေးတဲ့ Noise Cancellation နားကြပ်များသည် ကွီးတို့ကို ပိုမိုအာရုံစူးစိုက်နိုင်အောင် ကူညီပေးပါတယ်။ ဆိုကြပါစို့၊ ကွီးတို့က အလုပ်လုပ်နေချိန်မှာ ဘေးပတ်ဝန်းကျင်က နားမခံသာအောင် ဆူညံနေတယ်ဆိုရင် နားကြပ်လေးတပ်ပြီး Noise Cancellation Mode ကို ဖွင့်ထားကာ သီချင်းတစ်ခုခု နားထောင်လိုက်မယ်ဆိုရင် စောစောက အာရုံနောက်စေတဲ့အသံများ အလိုလို ပျောက်သွားပါလိမ့်မယ်။

လေ့လာချက်များအရ အသံတွေသည် ကျွန်တော်တို့ရဲ့ တွေးခေါ်မှုများအပေါ် လွှမ်းမိုးထားပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး ပတ်ဝန်းကျင် ဆူညံတဲ့နေရာတွေမှာ အလုပ်လုပ်ရရင်ပဲဖြစ်ဖြစ်၊ စာလုပ်ရရင်ပဲဖြစ်ဖြစ် အာရုံစူးစိုက်ပြီး အလုပ်လုပ်နိုင်၊ စာကျက်နိုင်မှာမဟုတ်ပါဘူး။

သီချင်းနားထောင်ရတာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ရရှိပိုင်ဆိုင်စေခြင်း

ဆူညံသံ Noise Cancellation

Photo: Freepik

လူအများ ထူထပ်နေတဲ့ နေရာ၊ ဆူညံနေတဲ့ နေရာတစ်နေရာမှာ သီချင်းနားထောင်ဖို့ ကြိုးစားဖူးပါသလား။ ကြိုးစားဖူးတယ်ဆိုရင်တော့ ထိုကဲ့သို့ သီချင်းနားထောင်ရတာ ဘယ်လောက်ထိ ဖီးလ်ငုတ်သလဲဆိုတာကို ကွီးတို့ ကောင်းကောင်းကြီး ခံစားဖူးပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး၊ သီချင်းသံ မကြားရလို့ဆိုပြီး အသံကို မိုင်ကုန် ဖွင့်ထားလိုက်မိတဲ့အခါမှာတော့ နားစည်ကို ထိခိုက်နိုင်ပါသေးတယ်။

သို့သော် ဆူညံသံများကို ဖျောက်ပေးတဲ့ Noise Cancellation နားကြပ်ကတော့ ထိုပြဿနာများအတွက် ပူစရာမလိုအောင် ဖြေရှင်းပေးမှာဖြစ်ပါတယ်။ ကွီးတို့ဘာသာ လူထူထပ်တဲ့ ကားပေါ်မှာပဲဖြစ်ဖြစ်၊ ဆူညံလွန်းတဲ့ ရထားပေါ်မှာပဲဖြစ်ဖြစ် နေရာတွေကို ပူစရာမလိုဘဲ Noise Cancellation နားကြပ် ရှိရုံနဲ့ သီချင်းများကို ဇိမ်ကျကျ နားထောင်လို့ရပါပြီ။

မီတင်တက်နေစဥ်အတွင်းမှာ နောက်ခံဆူညံသံများ ဝင်လာမှာကို စိတ်ပူစရာမလိုတော့ခြင်း

man meeting

Photo: Gentside

မီတင်တက်နေစဥ်အတွင်းမှာ နောက်ခံဆူညံသံများက ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက်နေလို့ စိတ်ညစ်နေရပါသလား။ ဒါဆိုရင်တော့ Noise Cancellation နားကြပ်ကိုသာ ပြောင်းသုံးဖို့ အကြံပေးချင်ပါတယ်။ ဒါမှသာ စမတ်ကျကျနဲ့ မီတင်တက်တာပဲဖြစ်ဖြစ်၊ အရေးကြီး ဖုန်းများကို ပြန်လည်ဖြေကြားတဲ့အခါမှာလည်း အနှောင့်အယှက် ကင်းကင်းနဲ့ မီတင်တက်နိုင်၊ ဖုန်းပြောနိုင်မှာပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုများကိုလည်း လျော့ချနိုင်ပြီး ညဘက်မှာထိုနားကြပ်တပ်ပြီး အိပ်တဲ့အခါမှာလည်း နှစ်ခြိုက်စွာ အိပ်မောကျနိုင်မှာပဲဖြစ်ပါတယ်။

ဒီလို ကောင်းကျိုးများစွာ ရှိနေပြီဆိုမှတော့ ဒိတ်အောက်နေပြီဖြစ်တဲ့ နားကြပ်တွေအတွက် ဘာ့ကြောင့် ပိုက်ဆံ အကုန်ခံနေတာ့မလဲ။ ဒီလို နောက်ဆုံးပေါ် နားကြပ်များနဲ့ပဲ ဇိမ်ကျကျ အနားယူလိုက်တော့မှာပေါ့။

Source: Theworldofplay

Featured Image: Gq