မူလလက်ဟောင်း Margarita တစ်ခွက်သည် ပြလုပ်ရအလွယ်ကူဆုံး ကော့တေးအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ ကော့တေးချစ်သူများအတွက် ပြုလုပ်ရအလွယ်ဆုံးကတော့ သံပုရာ ရနံ့သင်းပျံ့နေတဲ့ ရေခဲခြစ် Margarita ပဲဖြစ်ပါတယ်။ ရေခဲခြစ် အဆင်သင့်မရှိလည်းရပါတယ်။ ရေခဲတုံးနဲ့ အစားထိုးပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကွီးတို့အနေနဲ့ သောက်လည်း သောက်ချင်တယ် ရေခဲခြစ်လိုမျိုးလည်း စားချင်တယ်ဆိုရင်တော့ ရေခဲခြစ်ကတော့ မပါမဖြစ် လိုအပ်ပါတယ်။
ကွီးတို့အနေနဲ့ သံပုရာ ရနံ့သင်းသင်းလေးနဲ့ Margarita တစ်ခွက် ဖျော်သောက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းဖြင့် ဖော်စပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- တကီလာ ၆၀ မီလီလီတာ
- လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် ၃၀ မီလီလီတာ
- လိမ္မော်အယ်လ်ကိုဟော ၃၀ မီလီလီတာ
- Simple Sugar Syrup အနည်းငယ်
- ဆား (သို့) သကြား အနည်းငယ်
- ရေခဲတုံး အနည်းငယ်နှင့် ရေခဲခြစ်အနည်းငယ်
- အလှဆင်ဖို့ရန်အတွက် သံပုရာသီးစိပ် အနည်းငယ်
လိုအပ်မယ့် ပစ္စည်းများကတော့ ကော့တေး လှုပ်ခါတဲ့ ခွက်နှင့် သောက်ရန်အတွက် ကော့တေး ဖန်ခွက်တို့ပဲ ဖြစ်ပါတယ်။
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အရင်ဦးဆုံး ကော့တေး သောက်မယ့် ဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို သံပုရာသီးစိပ်ဖြင့် သုတ်လိမ်းကာ စိုစွတ်အောင် ထားလိုက်ပါ။ ထို့နောက် ဆား (သို့) သကြား ထည့်ထားတဲ့ ပန်းကန်ထဲသို့ ခွက်ရဲ့ နှုတ်ခမ်းဝကို နှစ်ထည့်ပေးလိုက်ပါ။
၂။ ထို့နောက် ကော့တေး ရှိတ်ကာထဲသို့ တကီလာ၊ သံပုရာရည်၊ လိမ္မော်အယ်လ်ကိုဟောနှင့် ရေခဲတုံးတို့ ထည့်ကာ အဖုံးပိတ်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။
၃။ ထို့နောက် ရရှိလာတဲ့ ဖျော်ရည်ကို ကော့တေး ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။
၄။ ထို့နောက် ရေခဲခြစ်များ မိမိလိုသလောက် ထည့်ပေးလိုက်ပါ။ နောက်ဆုံးအဆင့်မှာတော့ ဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို သံပုရာသီးစိပ်လေး ညှပ်တင်ထားလိုက်ပါ။
ဒါဆိုရင်တော့ သံပုရာ ရနံ့ သင်းပျံ့နေတဲ့ ရေခဲခြစ် Margarita တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။
တကယ်လို့ ကွီးတို့အနေနဲ့ နှစ်ခွက်၊ သုံးခွက်စာ ဖျော်ချင်တယ်ဆိုရင်တော့ ပါဝင်ပစ္စည်းများကို ခွက်အရေအတွက်နဲ့ မြှောက်ပေးလိုက်ပါ။ တိကျတဲ့ အချိုး ထွက်လာမှာဖြစ်ပြီး အရသာစွဲမက်သွားစေမယ့် Margarita များ ရရှိလာမှာပဲ ဖြစ်ပါတယ်။
Photo: Houseofyumm
တကယ်လို့ သံပုရာ ရနံ့ မကြိုက်ဘူးဆိုရင်တော့ စတော်ဘယ်ရီ၊ သရက်သီး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ သစ်သီးများဖြင့် အစားထိုးကာ ပြုလုပ်နိုင်ပါသေးတယ်။
Source: Thespruceeats
Featured Image: Absolutdrinks