Workout မလုပ်ခင်မှာ သွေးပူ လေ့ကျင့်ခန်းကို ဘာ့ကြောင့် မဖြစ်မနေ ပြု လုပ် သင့်တယ်လို့ ထင်ပါသလဲ။

သွေးပူ လေ့ကျင့်ခန်းကို မဖြစ်မနေ ပြု လုပ် သင့်တဲ့ အကြောင်းအရင်းကတော့ လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ နာကျင်ကိုက်ခဲမှုတွေကို ပိုမိုဆိုးရွားမလာအောင် တားဆီးပေးဖို့ပဲဖြစ်ပါတယ်။ ထို့နောက် ဆက်လက်ပြုလုပ်ရမယ့် လေ့ကျင့်ခန်းများအတွက် ကိုယ်ရော စိတ်ပါ အဆင်သင့်ဖြစ်နေစေဖို့ရန်အတွက် သွေးပူ လေ့ကျင့်ခန်းများကို ပြု လုပ် ရခြင်းခြင်းပါတယ်။

သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် နှလုံးခုန်နှုန်းကို ဖြည်းဖြည်းချင်းစီ တိုးမြှင့်ပေးပြီး သွေးလှည့်ပတ် စီးဆင်းမှုကိုလည်း မြန်ဆန်လာစေပါတယ်။ ထိုမှဆင့် ကြွက်သားများဆီသို့ အောက်ဆီဂျင် ရောက်ရှိမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် ခံစားရမယ့် အကျိုးကျေးဇူး (၆) ချက်ရှိပါတယ်။

သွေးပူ လုပ်

  • ခန္ဓာကိုယ် အပူချိန် မြှင့်တက်လာခြင်း
  • ဆံချည်မျှင်သွေးကြောများ အပါအဝင် သွေးကြောကြီးများအားလုံး ပွင့်သွားပြီး ကြွက်သားများဆိသို့ သွေးစီးဆင်းမှုကို မြှင့်တင်ပေးခြင်း
  • ဆက်လက်ဆော့ကစားမယ့် Workout အတွက် လိုအပ်မယ့် အောက်စီဂျင်များက သွေးများကတဆင့် ထုတ်လွှတ်ပေးခြင်း
  • ကြွက်သားများက ပိုမိုနွေးသွားတဲ့အတွက်ကြောင့် ကျုံ့ရတာ ပိုမိုလွယ်ကူလာခြင်း
  • အရွတ်များ အဆစ်များ တင်းကြပ်မနေဘဲ ပြေလျော့သွားခြင်း
  • ဦးနှောက်နှင့် ခန္ဓာကိုယ်က အတူတကွ အလုပ်လုပ်ဆောင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း မလုပ်ခင်မှာ ပြုလုပ်ရမယ့် သွေးပူလေ့ကျင့်ခန်းများကတော့

လေ့ကျင့်ခန်း (၁)

Source: Richard Malpass

ခြေထောက်နှစ်ဖက်ကို ခပ်ကျယ်ကျယ် ချဲထားပြီးနောက် ခါးကို ဘယ်လှည့်လိုက်၊ ညာလှည့်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

Source: DAREBEE

စောစောကလိုပဲ ခြေထောက်နှစ်ဖက် ချဲထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းလိုက်၊ ပြန်စုလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

Source: Hybrid Athlete

ခြေထောက်နှစ်ဖက်ကို ချဲထားကာ လက်နှစ်ဖက် ထောက်ထားပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို စက်ဝိုင်းပုံသဏ္ဍာန် ပုံဖော်ကာ လှည့်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

Source: Hybrid Athlete

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ ပြေးတော့မယ့် အနေအထားဖြင့် အသင့်ပြင်ပါ။ ထို့နောက် အရှေ့သို့ ပြေးလာလိုက်၊ အနောက်သို့ ဆုတ်သွားလိုက်ဖြင့် စက္ကန့် အနည်းငယ်ကြာအောင် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

Source: Hybrid Athlete

ဒီတစ်ခါမှာတော့ ခြေထောက်ကို အရှေ့အနောက် လွှဲပါ။ စက္ကန့် အနည်းငယ်ကြာအောင် ပြုလုပ်ပါ။ တစ်ဖန် ဘယ် ညာ ထပ်လွှဲရပါမယ်။ စက္ကန့်အနည်းငယ်ကြာအောင် ပြုလုပ်ရပါမယ်။ ကျန်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရပါမယ်။

ကွီးတို့ရော Workout မလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ဖို့ မေ့နေတုန်းလား။ ဒါဆိုရင်တော့ ခါးနာသွားရုံတင်မက တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲပြီး နောက်တစ်ရက်ကျ လေ့ကျင့်ခန်း မလုပ်နိုင်ဘဲ နေလိမ့်မယ်နော်။

Featured Image: Freepik