ဟောလိဝုဒ် အကျော်အမော်များသည် ကိုယ့်ရဲ့ သရုပ်ဆောင်ခြင်းကို ဂရုစိုက်ရရုံသာမကဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာလည်း အဆီပိုတွေ စုမနေအောင် သေချာဂရုစိုက်ရပါတယ်။ သူတို့ရဲ့ အစားအစာများကိုလည်း စနစ်တကျ စားသုံးလေ့ရှိသလို ဟောလိဝုဒ် အကျော်အမော်များရဲ့ နေ့စဥ် ပြုလုပ် တဲ့အရာတွေထဲမှာ လေ့ကျင့်ခန်းများသည်လည်း တစ်ခု အပါအဝင်ပါပဲ။

ဟောလိဝုဒ် အကျော်အမော်များ ပြုလုပ် လေ့ရှိတဲ့ လေ့ကျင့်ခန်း Workout များသည်လည်း တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာခြားပါသေးတယ်။

ဒါပေမဲ့ သူတို့ရဲ့ ရည်မှန်းချက်ကတော့ ကြွက်သားများနဲ့ ကျစ်လျစ်ပြီး ခန္ဓာကိုယ်က ကြည့်ကောင်းနေစဖို့ဆိုတဲ့ ရည်မှန်းချက် တစ်ခုတည်း ဖြစ်တာကြောင့် ကွီးတို့အနေနဲ့ ကိုယ် ကြိုက်နှစ်သက်တဲ့ ဟောလိဝုဒ် အကျော်အမော် တစ်ယောက်ယောက်ရဲ့ Workout တစ်ခုကို ယူကာ လိုက်လံ ပြုလုပ်နိုင်ပါတယ်။

အရင်ဦးဆုံး Thor လို့ အမည်ရတဲ့ Chris Hemsworth ရဲ့ Workout ဆိုရင် နှစ်မျိုး ခွဲထားပါတယ်။​

ပထမဆုံး တစ်ခုကတော့ ခန္ဓာကိုယ် အပေါ်ပိုင်းအတွက် လေ့ကျင့်ခန်းပါ။

Upper Body

Upper Body အတွက် သူ ဆော့ကစားလေ့ရှိတဲ့ လေ့ကျင့်ခန်းများကတော့…

Pull Up အကြိမ်း ၂၀၊ ၁၅ ကြိမ်၊ ၁၂ ကြိမ်၊ ၁၀ ကြိမ်နှင့် ၁၀ ကြိမ်

Push Up အကြိမ် ၂၀၊ ၃ ကျော့

Dumbbell Row ၁၂ ကြိမ်၊ ၄ ကျော့

Bench Press – ၁၂ ကြိမ်၊ ၁၀ ကြိမ် ၂ ကျော့၊ ၈ ကြိမ်၊ ၂ ကျော့၊ ၄ ကြိမ် ၃ ကျော့

Incline Dumbbell Bench Press – ၁၂ ကြိမ် ၄ ကျော့

Weighted Dip – ၁၀ ကြိမ်၊ ၄ ကျော့

Cable Fly – ၁၂ ကြိမ် ၄ ကျော့ အစရှိတဲ့ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။

တစ်ခါ ဝမ်းဗိုက် အဆီတွေ ကျဖို့အတွက်ကျတော့ အခုဖော်ပြပေးတဲ့ လေ့ကျင့်ခန်းများကို ဆက်လက်ဆော့ကစား နိုင်ပါတယ်။

ဟောလိဝုဒ် ပြုလုပ်

Plank အတွက် ၁ မိနစ်

Hanging Leg Raise – ၁၂ ကြိမ်

Side Plank အတွက် ၁ မိနစ်

Toes to Bar ၁၂ ကြိမ် အစရှိတဲ့ လေ့ကျင့်ခန်းများကို ဆော့ကစားရမှာ ဖြစ်ပါတယ်။

တစ်ဖန် Wolverine အဖြစ် သရုပ်ဆောင်တဲ့ Hugh Jackman ကျတော့ တစ်ပတ်လျှင် ၅ ရက်ခန့်ကို Gym မှာ ဆော့ကစားလေ့ရှိပြီး အခုဖော်ပြပေးတဲ့ လေ့ကျင့်ခန်းများကို ဆော့ကစားပါတယ်။

ဟောလိဝုဒ် ပြုလုပ်

Back Squat ၄ ကြိမ်၊ ၄ ကျော့

Front Squat ၄ ကြိမ်၊ ၄ ကျော့

Single Leg Press ၁၀ ကြိမ်၊ ၄ ကျော့

Standing Calf Raise ၁၂ ကြိမ်၊ ၄ ကျော့

Hanging Leg Raise ၁၂ ကြိမ်၊ ၄ ကျော့

Ab-wheel Roll-Out ၁၀ ကြိမ် ၄ ကျော့ အစရှိတဲ့ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။​

ကွီးတို့လည်း ကိုယ် ကြိုက်နှစ်သက်တဲ့ လေ့ကျင့်ခန်း တစ်မျိုးမျိုးကို ရွေးချယ်ကာ ဆော့ကစား နိုင်ပါတယ်။

Source: En.velitessport.com

Featured Image: Ultimateperformance.com