ကွီးတို့ရေ ဖုန်းနဲ့ ဂိမ်းကစားရတာ ကြိုက်နှစ်သက်ပါသလား။ ယနေ့ခေတ်မှာဆိုရင် iOS ရော Android မှာပါ ကစားလို့ရတဲ့ မိုဘိုင်းဂိမ်းတွေ အများအပြားကို လွယ်လွယ်ကူကူ ရရှိနိုင်ပါပြီ။ ဒီအထဲကမှ လှုပ်ရှားသက်ဝင်မှု မျိုးစုံနဲ့ စိတ်လှုပ်ရှားဖွယ် တိုက်ခိုက်ရေး အက်ရှင် မိုဘိုင်းလ်ဂိမ်း တွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် iOS ရော Android မှာပါ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း တွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

Pascal’s Wager

Source : Pascal’s Wager

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ iOS ရော Android မှာပါ ကစားလို့ရတဲ့ အကောင်းဆုံး အက်ရှင် မိုဘိုင်းလ်ဂိမ်း တစ်ခုကတော့ Pascal’s Wager ပဲဖြစ်ပါတယ်။ ၎င်းကို ယနေ့ခေတ် Android အတွက် ဂန္တဝင် RPG ဂိမ်းများထဲမှ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ကစားသူများအနေနဲ့ ဂိမ်းဇာတ်ကောင်များစွာထဲမှ ကြိုက်နှစ်သက်ရာ ဇာတ်ကောင်ကို‌ ရွေးချယ်နိုင်ပါတယ်။ ဇာတ်ကောင် တစ်ခုချင်းစီက ထူးခြားပြီး ၎င်းတို့အတွက် ကိုယ်ပိုင်အခွင့်အရေးများ၊ စူးစမ်းလေ့လာရန် ကမ္ဘာများပါရှိပါတယ်။ ကစားသူများ ရွေးချယ်ထားတဲ့ ဇာတ်ကောင်အလိုက် ကမ္ဘာများမှာ ကိုယ်ပိုင်ဂေဟစနစ်ပါရှိပြီး ရန်သူများကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘယ်လို စိတ်ဝင်စားဖွယ် အက်ရှင်ဂိမ်းဖြစ်မလဲ ဆိုတာ ကစားကြည့်လိုက်ရအောင်။

In to The Dead 2

Source : PikPokGames

သေနတ်ပစ်ဂိမ်းတစ်ခုကို ကစားချင်ရင် တကယ်ကို ကောင်းမွန်တဲ့ In to The Dead 2 မိုဘိုင်းလ်ဂိမ်း ရှိပါတယ်။ ဒီဂိမ်းထဲမှာ Zombies များကို ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းနိုင်ဖို့အတွက် သေနတ်များနှင့် ဂိမ်းထဲမှာ နည်းဗျူဟာများစွာ ရှိပါတယ်။ ဒီဂိမ်းထဲမှာ စိတ်ကျေနပ်စရာ ကောင်းတဲ့ အပိုင်းကတော့ ကွီးတို့ Zombies တွေကို တိုက်ခိုက်ရှင်းလင်းတဲ့ တစ်လျှောက် အဖော်ပြုပေးမဲ့ ခွေးလေး တစ်ကောင်ပါရှိဖြင်းပါပဲ။ အမိုက်စား Graphics တွေနဲ့ ဒီဂိမ်းကို iOS နဲ့ Android မှာပါ ကစားနိုင်ပြီး Offline ပါကစားနိုင်ပါတယ်။

Ronin: The Last Samurai

Source : Dreamotion.Inc

နောက်ထပ်ဖော်ပြပေးချင်တဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုကတော့ Ronin: The Last Samurai ဆိုတဲ့ ဂိမ်းပါပဲ။ ဒီဂိမ်းကို ဆန်းသစ်သော ပန်းချီပုံစံဖန်တီးထားပြီး ဂျပန်ရှေးဟောင်းပန်းချီကားများကို သတိရစေမှာပါ။ ဒီဂိမ်းထဲမှာ ကွီးတို့က ဂျပန်နိုင်ငံရှိ နောက်ဆုံးကျန်ရစ်သူ ဆာမူရိုင်း အနေနဲ့ ပါဝင်ကစားရမှာပါ။ ဒီဂိမ်းက ကစားရတာ လွယ်ကူတဲ့ဂိမ်းတော့ မဟုတ်ပါဘူး။ ဂိမ်းသည် တိုက်ပွဲတစ်ခုရဲ့ စိန်ခေါ်မှုပုံစံဖြစ်ပြီး မစ်ရှင်များလည်းပါဝင်ပါတယ်။

Call of Duty

Source : Call of Duty

ကွီးတို့ရေ အကောင်းဆုံး အက်ရှင် မိုဘိုင်လ်းဂိမ်း ကိုပြောပါဆိုလျှင် ကွီးတို့အားလုံး သိပြီးသား ဖြစ်တဲ့ Call of Duty ပါပဲ။ ၎င်းက ယခုဈေးကွက်တွင် အကြီးဆုံးဂိမ်းများထဲမှ တစ်ခုလည်း ဖြစ်ပါတယ်။ ဂိမ်းတွင် ပြတ်သားသော ရုပ်ပုံများ၊ သာလွန်ကောင်းမွန်သော အသံများပါရှိပြီး ကစားသူအနေနဲ့ သေနတ်ကစားခြင်းကို အမှန်တကယ်ခံစားရပြီး လျင်မြန်သောလုပ်ဆောင်ချက်များကို ပြုလုပ်ရမှာပါ။ ဒီဂိမ်းကိုလည်း iOS နဲ့ Android မှာပါ ကစားနိုင်ပါတယ်။

Source : Clashify.in

Featured Photo : Puckettactics