ကွီးတို့ရေ ဒီနေ့ခေတ်မှာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အမျှ စမတ်ဖုန်းနဲ့ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်ကောင်းမွန်လာနေပါတယ်။ မိုဘိုင်းလ်ဂိမ်း တော်တော်များများကတော့ အင်တာနက် ချိတ်ဆက်ပြီးမှ ကစားလို့ရတာ ဖြစ်တဲ့အတွက် နေရာမရွေး ကစားဖို့တော့ နည်းနည်း အခက်အခဲ ရှိနိုင်ပါတယ်။ သို့သော်လည်း အင်တာနက်မရှိဘဲ နေရာမရွေး Offline ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်းတွေလည်း ရှိပါတယ်။ ဆက်လက်ပြီးတော့ အင်တာနက်မလိုဘဲ Android မှာရော iOS မှာပါ ဘယ်လိုအမိုက်စား ဂိမ်း တွေ အပီကစ်လို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်။

Fire Emblem Heroes

Source : Nintendo

အင်တာနက်မလိုဘဲ ကစားလို့ရတဲ့ အမိုက်စား မိုဘိုင်းလ် ဂိမ်း တစ်ခုကတော့ Fire Emblem Heroes ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းက နည်းဗျူဟာမြောက် RPG ဂိမ်းတစ်ခု ဖြစ်ပြီး မတူညီသောအဆင့်များတွင် ရန်သူများကို တိုက်ခိုက်နိုင်ရန် ဇာတ်ကောင်များကို စုဆောင်းနိုင်ပါတယ်။ ဒီဂိမ်းကို Online မုဒ်နဲ့လည်း ကစားလို့ရသလို၊ Offline မုဒ်နဲ့လည်း ကစားနိုင်ပါတယ်။

Legendary Heroes

Source : Touch Game Play

Multiplayer Online Battle Arena (MOBA) ဂိမ်းများကို လူတော်တော်များများက သူငယ်ချင်းတွေနဲ့ အတူတကွ ကစားနိုင်တာကြောင့် ကြိုက်နှစ်သက်ကြပြီး MOBA ဂိမ်းအများစုက အွန်လိုင်းဂိမ်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အင်တာနက် မလိုဘဲ Legendary Heroes ကဲ့သို့ Offline ကစားနိုင်တဲ့ MOBA ဂိမ်းကလည်း တူညီသော စိတ်လှုပ်ရှားမှုနဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်။

Alto’s Odyssey/Adventure

Source : Alto’s Adventure

ဒီဂိမ်းလေးကလည်း အင်တာနက် မလိုဘဲ iOS ရော Android မှာပါ ကစားလို့ရတဲ့ အမိုက်စား ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့ရေ ဒီဂိမ်းလေးနဲ့ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်ပြီး ကျယ်ပြောလှတဲ့ ကန္တာရထဲမှာ စူးစမ်းမှုတွေ မလုပ်ချင်ဘူးလား။ ဒါဆိုရင်တော့ Alto နဲ့ သူငယ်ချင်းများနဲ့အတူ အဆုံးမရှိတဲ့ သဲကန္တာကြီးထဲကို ဖြတ်သန်းဖို့ အခုပဲ ပူးပေါင်းပါဝင်လိုက်ပါ။ စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းလေးမို့ အကြိုက်တွေ့စေမှာပါ။

Plants vs Zombies 2

Source : ZomVoid

Plants vs Zombies ဂိမ်းကိုတော့ တော်တော်များများ ကစားဖူးကြမှာပါ။ ဖြေးဖြေးမှန်မှန်နဲ့ Level တစ်ခုချင်းစီကို ဖြတ်ကျော်ပြီး လုံးဝပျင်းချိန်မရှိအောင် ကစားလို့ရတဲ့ ဂိမ်းပဲ မဟုတ်ပါလား။ ဒီဂိမ်းကို ဖုန်းနဲ့ ကစားကြည့်ရင်ရော အရင်တုန်းကလို Vibe မျိုးပေးနိုင်မလားဆိုတာတော့ ကစားကြည့်မှ သိနိုင်မှာပါ။

Dead Target

Source : VNG Game Studios

ဒီဂိမ်းမှာတော့ ကွီးတို့က Zombies များကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကစားချင်ရင် ဒီ Zombie သေနတ်ပစ်စွန့်စားခန်းဂိမ်းက ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။ ဒီဂိမ်းကို ကစားဖို့အတွက် ဉာဏ်ရည်ဉာဏ်သွေးနဲ့ အွန်လိုင်းဂိမ်း တိုက်ခိုက်မှုစွမ်းရည်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

အားလပ်ရက်မှာ ဂိမ်းကစားရတာ ကြိုက်တဲ့ ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ မိုဘိုင်းလ်ဂိမ်းတွေကို အင်တာနက်မလိုဘဲ Offline နဲ့လည်း အပီကစ်လို့ရပြီဗျို့။

Source : The Gamer

Featured Photo : Dead Target