အင်္ဂလိပ်စာဟာ ကမ္ဘာသုံး ဘာသာစကား ဖြစ်ပါတယ်။ အင်္ဂလိပ်စာ ကို လေ့လာထားပြီး ပြန်လည်အသုံးချနိုင်လျှင် ကွီးတို့ ဘဝတိုးတတ်မှုအတွက် အခွင့်အလမ်းများစွာ ရနိုင်ပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံများကို ခရီးသွားရာတွင်လည်း အဆင်ပြေချောမွေ့စေဖို့ အင်္ဂလိပ်စာ အနေအထားတစ်ခု လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ နည်းပညာများ ဖွံ့ဖြိုးတိုးတတ်လာတာနဲ့ အမျှ တစ်ခုခုကိုလေ့လာသင်ယူလိုလျှင် Digital Platform တွေကနေပြီး ကိုယ့်ရဲ့ အိပ်ခန်းထဲမှာပဲ လေ့လာသင်ယူလို့ ရနေပါပြီ။ ဒီဆောင်းပါးလေးမှာတော့ အင်္ဂလိပ်စာ လေ့လာချင်တဲ့ ကွီးတို့အတွက် အကူအညီပေးနိုင်မဲ့ အကောင်းဆုံး YouTube Channel များကို ဖော်ပြပေးချင်ပါတယ်။
Easy English
Source : Easy English
ကွီးတို့အတွက် အင်္ဂလိပ်စာ လေ့လာရာမှာ ကူညီပေးမဲ့ YouTube Channel တစ်ခုကတော့ Easy English ပဲဖြစ်ပါတယ်။ အခုမှ အင်္ဂလိပ်စာကို စတင်လေ့လာမဲ့ သူများအတွက် အဆင်ပြေတဲ့ Channel တစ်ခုပဲ ဖြစ်ပါတယ်။ ဗီဒီယိုတစ်ခုစီမှာ လက်တွေ့ဘဝအခြေအနေများတွင် သုံးသောအပြန်အလှန်ပြောဆိုမှုများ နဲ့ နေ့စဉ်သုံး အင်္ဂလိပ်စကားများကို အဆင်ပြေပြေ လေ့လာနိုင်ပါတယ်။
BBC Learning English
Source : BBC Learning English
BBC (British Broadcasting Corporation) က ဗြိတိသျှအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၎င်းအဖွဲ့အစည်းကနေ လွှင့်တင်ထားတဲ့ ဒီ Channel ဟာ အင်္ဂလိပ်စာလေ့လာနေသူများအတွက် အကောင်းဆုံး Channel များထဲက တစ်ခုပါ။ BBC Learning English တွင် နေ့စဉ်နေ့တိုင်း သင်ခန်းစာအသစ်တစ်ခုကို လွှင့်တင်ထားပြီး၊ တစ်ခုစီသည် မတူညီသောပုံစံများကို အသုံးပြု၍ အင်္ဂလိပ်ဘာသာစကားကို ထိထိရောက်ရောက်လေ့လာနိုင်ရန် ပြုလုပ်ပေးထားသောကြောင့် ကွီးတို့ရဲ့ အင်္ဂလိပ်စာတိုးတတ်မှုအတွက် များစွာ အကူအညီပေးပါလိမ့်မယ်။
EnglishClass101.com
Source : EnglishClass101.com
ဒီ Channelကလည်း ကွီးတို့ရဲ့ အင်္ဂလိပ်စာကို လျင်မြန်စွာ တိုးတတ်ဖို့အတွက် ကူညီပေးနိုင်တဲ့ Channel တစ်ခုပါ။ သူ့မှာ အင်္ဂလိပ်ဘာသာစကား သင်ယူခြင်းအတွက် အရေးကြီးသောအကြောင်းအရာများကို ခေါင်းစဉ်တစ်ခုစီတွင် ရွေးချယ်ရန် ဗီဒီယိုသင်ခန်းစာ ရာနှင့်ချီရှိပါတယ်။
Rachel’s English
Source : Rachel’s English
ကွီးတို့ရဲ့ အင်္ဂလိပ်စာ အသံထွက်မှန်ကန်ပြီး သဘာဝကျကျ အင်္ဂလိပ်လိုပြောရန် နည်းလမ်းရှာနေပါက Rachel’s English ဆိုတဲ့ YouTube Channel လေးက ကွီးတို့အတွက် အထောက်အကူပြုစေမှာပါ။ Rachel က ဂန္တဝင်အော်ပရာအဆိုတော်တစ်ဦးဖြစ်ပြီး အင်္ဂလိပ်အသံထွက်ကျွမ်းကျင်သူဖြစ်ပါတယ်။ သူမဟာ ကျောင်းသားတွေအတွက် အင်္ဂလိပ်စကားပြောဆိုမှုမှာ ယုံကြည်မှုအပြည့်ရှိအောင် ကူညီပေးတာက သူမရဲ့ ဝါသနာပါလို့ ဆိုပါတယ်။ သူမရဲ့ သင်ခန်းစာတွေက ကွီးတို့အတွက် မပျင်းရိစေဘဲ စိတ်ဝင်စားဖို့ကောင်းစေမှာပါ။
Business English Pod
Source : Business English
ကွီးတို့ရေ လုပ်ငန်းခွင်မှာ၊ အစည်းအဝေးတွေမှာ ပြောတဲ့စကားများ၊ အလုပ်ကိစ္စနဲ့ ဖုန်းပြောရတဲ့အခါမှာ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ အင်္ဂလိပ်စာနဲ့ မတူတော့ပါဘူး။ ဒီလို လုပ်ငန်းခွင်မှာသုံးတဲ့ အင်္ဂလိပ်စာကို လေ့လာချင်တယ်ဆိုရင်တော့ Business English Pod ဆိုတဲ့ Channel လေးရှိပါတယ်။ ဒီ Channel လေးမှာ ဘဏ္ဍာရေး၊ ဥပဒေနှင့် စီးပွားရေးစသည့် အကြောင်းအရာများကဲ့သို့သော ရှုပ်ထွေးသောဘာသာစကား အခြေအနေများကို ဒီ Channel လေးက တစ်ဆင့်လေ့လာနိုင်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ အင်္ဂလိပ်စာ လေ့လာရာမှာ ကူညီပေးမဲ့ အကောင်းဆုံး YouTube Channel အချို့ ပဲဖြစ်ပါတယ်။ အခြားသော Channel များစွာလည်းရှိတဲ့ အတွက် ကွီးတို့နဲ့အဆင်ပြေရာကို ရွေးချယ်ပြီးလေ့လာနိုင်ပါတယ်။
Source : Ef.com
Featured Photo : Learn English
