ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေဖို့အတွက် Resistance Band နဲ့ ကွီးတို့ ဗျင်းလို့ရပါတယ်။ Resistance Band လေ့ကျင့်ခန်းတွေဟာ ကယ်လိုရီလောင်ကျွမ်းဖို့အတွက်သာမက ကြံ့ခိုင်မှုနဲ့ ခွန်အားတိုးဖို့ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒီတစ်ခေါက်တော့ အဆီတွေ ရှယ်ကြီးလောင်ကျွမ်းစေပြီး ကျစ်ကျစ်လစ်လစ်နဲ့ အမိုက်စား ကြွက်သားဘော်ဒီရရှိဖို့ Resistance Band လေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Banded Good Morning

Source : Functional Bodybuilding

Banded Good Morning လေ့ကျင့်ခန်းက ခန္ဓာကိုယ်နောက်ဘက် ကျောပြင်ကြွက်သားတွေကို အဓိကပစ်မှတ်ထားပါတယ်။ ပင်မကျောရိုးမကြီးတစ်လျှောက်က ကြွက်သားတွေကို ကျစ်လစ်သန်မာစေရုံမက ပေါင်အနောက်ဘက်ကြွက်သားနဲ့ တင်ပါးဆုံကြွက်သားတွေကိုလည်း ထိစေပါတယ်။ အဆီတွေ လောင်ကျွမ်းပြီး ကြွက်သားကျစ်လစ်ချင်တယ်ဆိုရင်တော့ Banded Good Morning လေ့ကျင့်ခန်းကို သေချာပေါက် ကစားပေးဖို့ လိုပါမယ်။ ၁၀ ကြိမ် , ၄ ကျော့ ကစားပေးပါ။

(၂) Band Pull Apart

Source : Functional Bodybuilding

Band Pull Apart လေ့ကျင့်ခန်းက ခန္ဓာကိုယ်ကျောဘက် အပေါ်ပိုင်း ကြွက်သားအုပ်စုတွေအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပခုံးတဝိုက်ကမာဆယ်တွေရဲ့ကျန်းမာရေးနဲ့ ပခုံးကြွက်သား တည်ငြိမ်မှုကို မြှင့်တင်ပေးပြီး Upper Back က အဆီတွေ ကိုလောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။ Band Pull Apart လေ့ကျင့်ခန်းကိုလည်း ၁၀ ကြိမ် , ၄ ကျော့ ကစားပေးပါ။

(၃) Banded Tricep Extensions

Source : Functional Bodybuilding

Banded Tricep Extensions လေ့ကျင့်ခန်းကတော့ ပခုံးနဲ့ လက်မောင်းနောက်ဘက် Tricep ကြွက်သားတွေကို ကျစ်လစ်သန်မာလာစေမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ စက်တွေနဲ့ ကစားတဲ့နည်းအတိုင်း Resistance Band နဲ့ ကစားလို့ ရပါတယ်။ Banded Tricep Extensions လေ့ကျင့်ခန်းကိုလည်း ၁၀ ကြိမ် , ၄ ကျော့ ကစားပေးပါ။

(၄) Banded Hip Thrust

Source : Functional Bodybuilding

Banded Hip Thrust လေ့ကျင့်ခန်းကတော့ အောက်ပိုင်းကြွက်သားတွေအတွက် အဓိက ပစ်မှတ်ထားပါတယ်။ တင်ပါးဆုံကြွက်သားတွေရဲ့ ကျစ်လစ်သန်မာမှုကို တိုးစေပြီး Adductors ၊ Quads ၊ Hamstrings ၊ Erector Spinae နဲ့ Core ကြွက်သားတွေ အားလုံးကိုပါ တပြိုင်နက်တည်း ထိရောက်မှု ရှိစေပါတယ်။ Banded Hip Thrust လေ့ကျင့်ခန်းကို ၁၀ ကြိမ် , ၄ ကျော့ ကစားပေးပါ။

(၅) Banded Chop

Source : Functional Bodybuilding

Banded Chop လေ့ကျင့်ခန်းက Shoulders ၊ Triceps ၊ Biceps ၊ Quadriceps ၊ Glutes ၊ Hamstrings နဲ့ Core Muscles တွေ အားလုံးကို ထိရောက်မှုရှိစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အဆီတွေ ရှယ်လောင်ကျွမ်းစေသလို ကြွက်သားကျစ်လစ်သန်မာမှုကိုလည်း တိုးစေမှာ ဖြစ်ပါတယ်။ Banded Chop လေ့ကျင့်ခန်းကိုလည်း ၁၀ ကြိမ် , ၄ ကျော့ ကစားပေးပါ။

Source : WeGymFit 

Featured Photo : The Fitness Phantom