ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို ဖယ်ရှားဖို့ဆိုရင် ကယ်လိုရီတွက်ချက် စားသုံးခြင်းကဲ့သို့ Nutritional Habits တွေကို အလေးထား လိုက်နာသင့်သလို အဆီကျစေမယ့် Fat Loss Workout တွေကိုလည်း တွဲပြီးလုပ်ပေးဖို့ လိုပါတယ်။ Fat Loss Workout ဆိုရာမှာ လေ့ကျင့်ခန်းနည်းတွေကတော့ အများကြီးရှိပါတယ်။ အခုပြောပြပေးမှာက Gym လည်းသွားစရာမလို လေ့ကျင့်ခန်းသုံး ကိရိယာတွေလည်း မလိုပါပဲ ရေချိုးခါနီးတိုင်း တစ်ရက်ကို ၁၅ – ၂၀ မိနစ်လောက် အချိန်ပေးရုံနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပို တွေကို ပြုတ်ပြုတ်ပြုန်းစေမယ့် အဆီကျ လေ့ကျင့်ခန်းတွေပါ။
(၁) Star Jump
Source : Better
Jumping Jack လေ့ကျင့်ခန်းကို အားလုံးသိကြမှာပါ။ Star Jump ဆိုတာ Jumping Jack နဲ့ အတူတူပါပဲ။ ခြေထောက်တွေကို ခပ်ကျယ်ကျယ် ချဲ့ကားပြီး စည်းချက်ကျကျ ခုန်ပေးရမှာပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။
(၂) Mountain Climber
Source : EDGE Fitness
Mountain Climber လေ့ကျင့်ခန်းက ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
(၃) Plyometric Split Squat
Source : John Garey TV
Plyometric Split Squat ကတော့ ပေါက်ကွဲအားပြင်းပြင်းနဲ့ ခုန်ပြီး ကစားရမယ့် လေ့ကျင့်ခန်းတစ်ခုပါပဲ။ ကယ်လိုရီလောင်ကျွမ်းမှုများတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်သလို ခြေထောက်ကြွက်သားတွေကို ကျစ်လျစ်သန်မာလာစေဖို့ အထောက်အကူ ပြုပါတယ်။
(၄) Plank Shoulder Taps
Source : Functional Bodybuilding
Plank Shoulder Taps လေ့ကျင့်ခန်းက ပခုံး ၊ လက်မောင်းနဲ့ ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကြွက်သားများ ကျစ်လစ်လာစေမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမျှမှုကိုလည်း မြှင့်တင်ပေးပါတယ်။
(၅) Walkout
Source : Live Lean TV Daily Exercises
အဆီပို တွေ လောင်ကျွမ်းဖို့အတွက်ဆို Walkout လေ့ကျင့်ခန်းကိုလည်း မေ့မထားသင့်ပါဘူး။ ဒီလေ့ကျင့်ခန်းက ပခုံး ၊ လက်မောင်း ၊ နောက်ကျောနဲ့ ဝမ်းဗိုက်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးပါလိမ့်မယ်။
အထက်ပါ လေ့ကျင့်ခန်းတွေကို ရေချိုးခါနီးတိုင်း ကစားပေးရုံနဲ့ အဆီပို တွေ ပြုတ်ပြုတ်ပြုန်းစေဖို့ အာမခံပါတယ်။ လေ့ကျင့်ခန်း ၅ ခုလုံးကို ၃ ကျော့ ကစားပေးပါ။ လေ့ကျင့်ခန်းတစ်ခုစီကို စက္ကန့် ၃၀ ကနေ ၄၅ စက္ကန့် အထိ ကစားပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြား ၁၅ စက္ကန့်စီ နားပေးပါ။
Featured Photo : Food Fit