နည်းပညာခေတ်ကြီးမှာ လူတိုင်းအထာကျဖို့ သိပ်လွယ်နေပါပြီ။ အခုခေတ်ပေါ် နည်းပညာအခြေခံ အသုံးအဆောင်ပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေရုံသာမက ဆန်းသစ်မှုတွေနဲ့ ပျော်စရာလည်း ကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ရှာရှာဖွေဖွေ တိုလိုမိုလီ ပစ္စည်းလေးတွေ နှစ်သက်တဲ့ အထာကျချင် ယောကျာ်းတိုင်း အတွက် ဆောင်ထားသင့်တဲ့ အမိုက်စား အသုံးအဆောင်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Evo Shaver ( အိတ်ဆောင် မုတ်ဆိတ်ရိတ်စက်)

Evo Shaver

Photo : Indiegogo

အထာကျတဲ့ ယောကျာ်းတိုင်း မုတ်ဆိတ်ရိတ်စက် ကောင်းကောင်းတစ်လုံးတော့ ရှိထားဖို့ လိုပါတယ်။ အရွယ်အစား သေးငယ်ပြီး ဘယ်သွားယူသွားလို့ရတဲ့ အိတ်ဆောင် မုတ်ဆိတ်ရိတ်စက် ကောင်းကောင်းရှာနေတယ်ဆိုရင်တော့ Evo Shaver က အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ဒီကောင်လေးက ကမ္ဘာ့အသေးဆုံး ခရီးဆောင် မုတ်ဆိတ်ရိတ်စက် အမျိုးအစားဖြစ်ပြီး Stainless Steel ကိုယ်ထည်နဲ့ ပေါ့ပါးကျစ်လစ်မှု အပြည့်ရှိပါတယ်။ USB C Charging စနစ်ကို အသုံးပြုထားတဲ့အတွက် နေရာတိုင်း အလွယ်တကူ အားသွင်းအသုံးပြုနိုင်မှာဖြစ်သလို အသံဆူညံမှုနည်းစေတဲ့ နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုထားပါတယ်။

(၂) Ember Mug 2 (အပူထိန်း စမတ်ခွက်)

Ember Mug 2

Photo : Amazon

ကော်ဖီချစ်သူ ၊ လက်ဖက်ရည်ချစ်သူ ယောကျာ်းတိုင်း ဆောင်ထားသင့်တဲ့ ပစ္စည်းလေးပါ။ Ember Mug 2 ခွက်လေးဟာ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်တို့ရဲ့ အပူချိန်ကို အကောင်းဆုံး အနေအထားမှာ ထိန်းထားပေးနိုင်ပြီး စမတ်ကျကျ အသုံးပြုလို့ရမယ့် စမတ်ခွက်လေး တစ်လုံးဖြစ်ပါတယ်။ ၁ နာရီခွဲ ဝန်းကျင် ဘက်ထရီသက်တမ်းရှိပြီး ဖုန်းနဲ့ချိတ်ဆက်ပြီးလည်း အထာကျကျ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၃) DISSIM (အထာကျတဲ့ မီးခြစ်)

 DISSIM

Photo : Everyday Carry

မီးခြစ် မိုက်မိုက်လေးတွေ ဝယ်ရတာကြိုက်တဲ့ ကွီးတို့အတွက်ပါ။ DISSIM မီးခြစ်လေးက ထူးခြားသစ်လွင်ပြီး ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းကို အခြေခံထုတ်ထားပြီး ဘယ်နေရာပဲသွားသွား အလွယ်တကူ သယ်ဆောင်သွားလို့ ရပါတယ်။ မီးစွဲအားကောင်းပြီး ရေစို/ရေစိမ်ခံသလို ဆီပြန်ဖြည့်ပြီးလည်း အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ မီးခြစ်ရတဲ့ ပုံစံကိုက တခြားပုံမှန် မီးခြစ်တွေနဲ့ မတူပဲ ပြောင်းပြန်အသုံးပြု ခြစ်ရတာဖြစ်တဲ့အတွက် လူကြားထဲမှာ အထာကျကျနဲ့ မိမိုက်နေစေမှာ ဖြစ်ပါတယ်။

(၄) Tile Pro ( Bluetooth ခြေရာခံစက်)

Tile Pro
Photo : Evening Standard

ကားသော့ ၊ အိမ်သော့တွေ အထားမှားလို့ ခဏခဏ ခေါင်းစားပြီး ရှာနေရတယ်ဆိုရင် Tile Pro လို့ခေါ်တဲ့ ပစ္စည်းလေးက ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ အိမ်သော့ ၊ ကားသော့နဲ့ တခြားသော အရေးကြီးသော့တွေနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပြီး မီတာ ၁၂၀ အကွာအဝေးအထိ Bluetooth ချိတ်ဆက်မှု ရနိုင်ပါတယ်။ IP67 ရေစိုခံနိုင်စွမ်းရှိပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုလို့ရကာ အသံနဲ့အတူ တည်နေရာကို ညွှန်ပြပေးမှာ ဖြစ်ပါတယ်။

(၅) Achedaway Cupper ( စမတ် Cupping ကုထုံး အနှိပ်ခွက်)

achedaway cupper

Photo : Weareready.hk – shopline

နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့ Cupping ကုထုံးကို ရှေးနှစ်ပေါင်းများစွာထဲက အသုံးပြုခဲ့ကြပါတယ်။ နောက်ကျော ၊ ဝမ်းဗိုက် ၊ လက်နဲ့ ခြေထောက်တွေအပြင် ခန္ဓာကိုယ် အခြားသော အစိတ်အပိုင်းတွေမှာ စုပ်ခွက်တွေကို ထားရှိပြီး ပြုလုပ်ရတဲ့ ရိုးရာကုထုံးနည်းပါ။ Achedaway Cupper ကတော့ ရိုးရာကုထုံးနည်းအတိုင်း အသုံးပြုနိုင်မယ့် စမတ် Cupping ကုထုံး အနှိပ်ခွက် ဖြစ်ပါတယ်။ ဒီ ပစ္စည်းလေး ရှိရုံနဲ့ Cupping ကုထုံးရော Red Light ကုထုံးပါ တပြိုင်နက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ USB C Charging စနစ်အသုံးပြုထားပြီး App ပေါ်ကနေလည်း တိုက်ရိုက်အသုံးပြုလို့ရတဲ့ Smart Device တစ်ခု ဖြစ်ပါတယ်။

Featured Photo : Everyday Carry