ဖက်ရှင် ရေစီးကြောင်းတွေ ဘယ်လိုပဲပြောင်းလာလာ ၊ Trend အသစ်တွေဘယ်လောက်ပဲ ပေါ်ပေါ် အနက်ရောင် ဂျင်း Jacket တွေကတော့ ဘယ်တော့ ရိုးသွားတယ်ကို မရှိတဲ့ Timeless ဖက်ရှင်တစ်ခုပါပဲ။ ပေါ့ပေါ့ပါးပါး Casual ပဲဝတ်မလား ၊ ခရီးသွားချိန်တွေမှာပဲ အပေါ်ထပ်အနေနဲ့ ထပ်ဝတ်မလား ၊ ရုံးတက်ပွဲတက်ပဲ ဝတ်မလား အားလုံး အဆင်ပြေတဲ့ စွယ်စုံတဲ့ Jacket တစ်ထည်ပါ။ အနက်ရောင်ဂျင်း Jacket ကောင်း ကောင်းတစ်ထည် ဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့ကတော့ ကွာလတီကောင်း ၊ ချုပ်ရိုးချုပ်သားမိုက်ပြီး Cutting လည်း လန်းတဲ့ ဒီ Brand တွေထဲက ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။
(၁) Levi’s

Photo : Simons
ဂျင်းလို့ ပြောရင်တော့ ဘယ်တော့မှ မေ့ထားလို့ မရတဲ့ Brand တစ်ခုက Levi’s ပါ။ Levi’s က ကွာလတီကောင်းကောင်း ၊ ချုပ်ရိုးချုပ်သားမိုက်မိုက်နဲ့ ပေးရတဲ့ ဈေးနဲ့တန်တဲ့ အရည်အသွေးကို ရတဲ့ Brand တစ်ခုဖြစ်လို့ ကမ္ဘာ့နေရာအရပ်ရပ်မှာ နာမည်ကြီး လူကြိုက်များ ပြီးသားပါ။ လုံးဝမိမိုက် အထာကျနေတဲ့ အနက်ရောင် ဂျင်း Jacket ကောင်းကောင်းတစ်ထည် လိုချင်ရင်တော့ Levi’s အမှတ်တံဆိပ်က သေချာပေါက် ရွေးချယ်စရာပါ။
(၂) Wrangler

Photo : Wrangler
အကြမ်းခံ ဈေးတန် ဝတ်ပျော်တဲ့ အနက်ရောင် ဂျင်း Jacket လို့ပြောရင်တော့ Wrangler Brand ထဲကသာ ရွေးလိုက်ပါ။ Wrangler ရဲ့ ဂျင်း Jacket တွေက တော်တော်လေး အကြမ်းပတမ်း ခံနိုင်ရည်ရှိပြီး တစ်ထည်ဆိုတစ်ထည် မုန်းလောက်တဲ့အထိ နှစ်တွေအကြာကြီး ဝတ်လို့ ရပါတယ်။ Jacket တစ်ထည်လုံးမှာ အသေးစိတ်လွန်းလှတဲ့ အနုပညာဆန်ဆန် လက်ချုပ်ဖန်တီးမှု လက်ရာတွေကလည်း Wrangler ဂျင်း Jacket တွေရဲ့ ကျော်ကြားမှုတစ်ခုပါပဲ။
(၃) Lee

Lee Photo : Myer
Lee Brand ကိုတော့ ကလေးကအစ လူကြီးအဆုံး အားလုံးသိကြမယ် ထင်ပါတယ်။ Lee အမှတ်တံဆိပ်ရဲ့ ဂျင်း Jacket တွေကတော့ ဘယ်တော့မှ ရိုးမသွားပဲ Timeless ဖြစ်တယ် ၊ အရည်အသွေးပြည့်မီတဲ့ ကုန်ကြမ်းတွေနဲ့ ချုပ်ထားတယ် ၊ ချုပ်ရိုးချုပ်သား သေသပ်လှပပြီး အနုစိတ်ဖန်တီးထားတယ်ဆိုတဲ့ အချက်တွေကြောင့် နာမည်ကြီးပါတယ်။ အကြမ်းခံပြီး ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတာကြောင့် အနက်ရောင် ဂျင်း Jacket ကောင်းကောင်းတစ်ထည် ရှာနေရင် Lee Brand ကတော့ သေချာပေါက် ရွေးချယ်စရာတစ်ခုပဲ ဖြစ်ပါတယ်။
(၄) Jack & Jones

Photo : Jack & Jones
အနက်ရောင် ဂျင်း Jacket လို့ပြောရင် ခေတ်မီဆန်းသစ်သလို တစ်ပြိုင်နက်တည်းမှာလည်း ရိုးရှင်းမှုနဲ့ အချိုးကျကျ ပေါင်းစပ်ဖန်တီးထားတဲ့ Jack & Jones ရဲ့ Jacket တွေကို မေ့ထားလို့ မရပါဘူး။ Jack & Jones ရဲ့ ဂျင်း Jacket တွေ ရိုးရှင်းသလောက် ပေါ်လွင်မှုလည်း အပြည့်ရှိပြီး ခေတ်ပေါ် ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်လို့ လုံးဝအဆင်ပြေပါတယ်။ ခပ်မိုက်မိုက်နဲ့ အထာကျကျ ဖက်ရှင်တွေကိုမှ စွဲလမ်းတဲ့ ကွီးတို့ကတော့ Jack & Jones ရဲ့ ဂျင်း Jacket တွေကို မျက်စိမှိတ်ပြီးသား ရွေးချယ်လိုက်ပါ။
Source : magicpin
Featured Photo : Thursday Boot Company
 
											
				 
									 
	 
	 
	 
	 
	 
	