ဟောလိဝုဒ်မင်းသမီး ဆစ်ဒနီဆွီနီရဲ့ Syrn အတွင်းခံ Brand ဟာ ဈေးကွက်ထဲမှာ အတော်လေးကို အောင်မြင်မှုရရှိနေပါတယ်။
ပြီးခဲ့တဲ့လက ထွက်ရှိခဲ့တဲ့ သူမရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ Birthday Boobs Collection ကြောင့် တတိယသုံးလပတ်မှာ အရောင်းနှစ်ဆကျော်အထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး ဇွန်လက ရောင်းအားထက် သုံးဆကျော်တောင် ပိုများလာခဲ့ပါတယ်။

အဲဒီ Collection အသစ်ကို စတင်မိတ်ဆက်လိုက်တဲ့ အချိန်မှာတင် ရောင်းအားက အမေရိကန်ဒေါ်လာ ၂ သန်းကျော်အထိ ရရှိခဲ့ပါတယ်။
အထူးသဖြင့် Blue Ditsy ဘရာနဲ့ ပန်တီဝမ်းဆက်ဆိုရင် ပထမဆုံးနေ့မှာတင် ချက်ချင်းရောင်းကုန်သွားတဲ့အထိ လူကြိုက်များခဲ့ပါတယ်။
ဒါကြောင့် စက်တင်ဘာလဟာ Syrn အမှတ်တံဆိပ်ရဲ့ သမိုင်းတစ်လျှောက် အရောင်းရဆုံးလ ဖြစ်လာခဲ့သလို အောက်တိုဘာလမှာလည်း စက်တင်ဘာလထက် ရောင်းအား ၂၀ ရာခိုင်နှုန်း ထပ်တက်လာဖို့ ရှိနေပါတယ်။

အရောင်းတွေ တဟုန်ထိုး တက်နေပေမယ့် ဝေဖန်မှုတွေကလည်း လိုက်ပါလာခဲ့ပါတယ်။ မကြာသေးခင်က ခရစ္စမတ်ပွဲတော် ကမ်ပိန်းအတွက် နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေလို ဝတ်ဆင်ပြီး ကြော်ငြာရိုက်ကူးခဲ့ရာမှာ ပြဿနာစတင်ခဲ့ပါတယ်။
The Grinch ရုပ်ရှင်ထဲက ကလေးဇာတ်ကောင် Cindy Lou Who ပုံစံကို ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ခဲ့တဲ့အတွက် ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုအဖြစ် အသုံးချပါတယ်ဆိုပြီး အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆစ်ဒနီဆွီနီအတွက် ဒီလိုအငြင်းပွားဖွယ်ရာတွေနဲ့ ရင်ဆိုင်ရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လကလည်း Novig အားကစားလောင်းကစားအက်ပ်အတွက် အဝတ်အစားမပါဘဲ အားကစားပစ္စည်းတွေနဲ့ သေသေချာချာ ဖုံးကွယ်ပြီး ရဲရဲဝံ့ဝံ့ ကြော်ငြာရိုက်ကူးခဲ့ပါတယ်။
အဲဒီလုပ်ရပ်ဟာ အမျိုးသမီးအားကစားကဏ္ဍကို လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုအဖြစ် အသုံးချပါတယ်ဆိုပြီး အမျိုးသမီးအားကစားသမားတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါသေးတယ်။
Ref: The Sun


