Megan Fox ဟာ OnlyFans ကို တည်ထောင်သူ Tim Stokely နဲ့ ပူးပေါင်းပြီး Subs.com ဆိုတဲ့ subscription platform အသစ်ကို ပူးတွဲပိုင်ရှင်အနေနဲ့ စတင်လိုက်ပါတယ်။ သူမဟာ အဲဒီ platform မှာ သာမန် content creator တစ်ယောက်အနေနဲ့ ပါဝင်တာမဟုတ်ဘဲ အစုရှယ်ယာပါဝင်တဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ Instagram အကောင့်မှာ Subs.com ကို လူစိတ်ဝင်စားမှုရရှိစေဖို့ Halloween အငွေ့အသက်ပါတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ အဲဒီ ပို့စ်အောက်မှာ ပရိသတ်တစ်ယောက်က သူမကို OnlyFans အကောင့် ဖွင့်လိုက်ပြီလို့ ထင်မှတ်ပြီး ဝေဖန်တဲ့ မှတ်ချက်တစ်ခု ရေးသားခဲ့ပါတယ်။

အဲဒီ မှတ်ချက်ကို Megan Fox က သူမဟာ OnlyFans နဲ့ ဘာသက်ဆိုင်မှုမှ မရှိကြောင်း ကိုယ်တိုင် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ သူမဟာ Subs.com ရဲ့ ပူးတွဲပိုင်ရှင်တစ်ယောက် ဖြစ်ကြောင်းကိုလည်း သေချာရှင်းပြခဲ့ပြီး သူမရဲ့ အခန်းကဏ္ဍကို လူတွေ ရှင်းလင်းစွာ သိရှိစေဖို့ အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Subs.com မှာ Megan Fox ရဲ့ သီးသန့်အကြောင်းအရာတွေကို ကြည့်ရှုဖို့အတွက် တစ်လကို ၁၉ ဒသမ ၉၉ ဒေါ်လာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ သူမရဲ့ စာမျက်နှာမှာ လိင်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေကို လုံးဝလက်ခံမှာမဟုတ်ကြောင်း တားမြစ်ထားပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနဲ့ လေးလေးစားစား စကားပြောဆိုနိုင်ဖို့အတွက်သာ ရည်ရွယ်ဖန်တီးထားတာ ဖြစ်တယ်လို့ သူမက ရှင်းပြထားပါတယ်။

Ref: ladbible