ကိုယ်ဝတ်ဆင်တဲ့ ဝတ်စားဆင်ယင်မှုပုစံက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် သက်ရောက်မှုရှိသည်သာမက ကိုယ်စိတ်ကူးဉာဏ် ကွန့်မြူးရင် ကွန့်မြူးသလောက် ကိုယ့်ရဲ့ အသွင်အပြင်ကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ ဖက်ရှင်က အမြဲလန်းနေဖို့ဆိုရင် ဖက်ရှင် နဲ့ပတ်သတ်ပြီး သိသားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် အမြဲတမ်း အမိုက်စား ဖက်ရှင်တွေနဲ့ လန်းဖို့အတွက် ထိပ်တန်း Tips လေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အရည်အတွက်ထက် အရည်အသွေးကို ဦးစားပေးပါ

အမိုက်စား ဖက်ရှင်တွေနဲ့

Photo : The Fashionista

ကွီးတို့က အထည်များရင် ပြီးရောသဘောမျိုးနဲ့ အရည်အသွေးကို အလေးမထားဘဲ အဝတ်အစားတွေကို များများဝယ်လေ့ ရှိပါသလား။ ဒါဆိုရင်တော့ အခုအချိန်ကစပြီး ဒီလိုလုပ်တာကို ရပ်လိုက်ပါ။ ရိုးရိုးအထည် (၃) ထည်လောက်ဝယ်မယ့်အစား အရည်အသွေးကောင်းတဲ့ အင်္ကျီတစ်ထည့် ဝယ်လိုက်ပါ။ ဖိနပ်ဆိုလည်း ဒီလိုပါပဲ။ အရံအများကြီး မလိုပါဘူး။ ကွီးတို့အမြဲ ဝတ်ဆင်နေကျပုံစံ သို့မဟုတ် ကွီးတို့မှာရှိတဲ့ အဝတ်အစားတွေနဲ့ လိုက်ဖက်တဲ့ ဖိနပ် (၂) ရံလောက် ရှိခြင်းက လုံလောက်ပါတယ်။ အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေက ကွီးတို့ ဝတ်ဆင်ရာမှာ ပိုမိုအဆင်ပြေစေပြီး ကြာရှည်လည်းခံပါတယ်။

ကိုယ်တိုင် ရွေးချယ်ဝယ်ယူပါ

အမိုက်စား ဖက်ရှင်တွေနဲ့

Photo : CNN

အမိုက်စား ဖက်ရှင်တွေနဲ့ လန်းဖို့ဆိုရင် ဒီအဝတ်အစားက ကိုယ်နဲ့ လိုက်ဖက်မှုရှိ၊ မရှိဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် အခုလို အွန်လိုင်းဈေးဝယ်ခေတ်ကြီးမှာ ကိုယ်လိုချင်တာကို ကလစ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ရတယ်ဆိုပေမယ့် တကယ်စမ်းဝတ်ကြည့်ပြီး ရွေးချယ်ဝယ်ယူတာလောက် အံဝင်ခွင်ကျဖြစ်ဖို့ အာမခံပါဘူး။ ဖက်ရှင်တစ်ခုရဲ့ ပြီးပြည့်စုံမှုက ကိုယ်နဲ့ လိုက်ဖက်ညီဖို့ အဓိကပါပဲ။

နေရာဒေသ အလိုက် ရွေးချယ်ဝတ်ဆင်ပါ

အမိုက်စား ဖက်ရှင်တွေနဲ့

Photo : Fashionbeans

ဘယ်နေရာမှာမဆို ကွီးတို့ရဲ့ ဖက်ရှင်စတိုင်လ်က လန်းလို့ရပါတယ်။ သို့သော်လည်း ကိုယ်သွားမယ့် နေရာဒေသ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှု ဖြစ်ဖို့တော့လိုပါတယ်။ ဘယ်လောက်ပဲ စတိုင်လ်ကျ‌အောင် ဝတ်စားဆင်ယင်ထားပါစေ၊ နေရာဒေသနဲ့ မလိုက်ဖက်ဘူးဆိုရင်တော့ အလကားပါပဲ။ ဒါ့ကြောင့် ကွီးတို့ လုပ်ငန်းခွင်အတွက်သော်လည်းကောင်း၊ ပေါ့ပေါ့ပါးပါးသော်လည်းကောင်း၊ ပါတီအတွက်သော်လည်းကောင်း၊ ပွဲအခမ်းအနားတွေ အတွက်သော်လည်းကောင်း လိုက်ဖက်ညီအောင် ဝတ်စားဆင်ယင်ပါ။

အရောင်တွေကို ရွေးချယ်ဖို့ မတွန့်ဆုတ်ပါနဲ့

Photo : Real Man Real Style

ပေါ့ပေါ့ပါးပါး ဝတ်တာပဲဖြစ်ဖြစ်၊ ဝတ်စုံပြည့် ဝတ်တာပဲဖြစ်ဖြစ်၊ အမျိုးသားအများစုက အရောင်တွေကို ရွေးချယ်ဖို့ တွန့်ဆုတ်ကြပါတယ်။ အခုအချိန်ကစပြီး အရောင်တွေကို ရွေးချယ်ဝတ်ဆင်ကြည့်ပါ။ အရောင်တွေက ကွီးတို့ကို တတ်ကြွလန်းဆန်းပြီး ပျိုပြစ်နုပျိုတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်သလို လေးနက်ပြီး တောက်ပတဲ့ အသွင်အပြင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

Accessories များကို အသုံးချပါ

Photo : The Wallet Shoppe

ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းအရ အမျိုးသားတွေအတွက်လည်း အသုံးအဆောင် (Accessories) တွေကလည်း ခေတ်စားလာပါတယ် အမျိုးသားတို့ရဲ့ ဖက်ရှင်အတွက် အရေးပါတဲ့ အသုံးအဆောင် တချို့ကတော့ ပုတီးစေ့လက်ကောက်များ၊ ဆွဲကြိုးများ၊  လက်ပတ်ကြိုးများ၊ ဆွဲသီးများ၊ ဆွဲဆောင်မှုရှိသော နာရီများနဲ့ နေကာမျက်မှန်များ စတာတွေပဲ ဖြစ်ပါတယ်။ အထာကျပြီး ကိုယ့်ရဲ့ စတိုင်လ်ကို တစ်ဆင့်မြှင့်ဖို့အတွက် ထိုအသုံးအဆောင်တွေက ကူညီပေးနိုင်ပါတယ်။ ကွီးတို့က ရိုးရိုးရှင်းရှင်းပဲ ကြိုက်နှစ်သက်တယ်ဆိုရင် နာရီ ကောင်းကောင်းတစ်လုံး သို့မဟုတ် နေကာမျက်မှန်နဲ့တင် လုံလောက်ပါတယ်။

ကွီးတို့ရေ အမိုက်စား ဖက်ရှင်တွေနဲ့ လန်းချင်တယ်ဆိုရင်တော့ ဒီလို ဖက်ရှင် Tips လေးတွေကို သိထားမှ ဖြစ်မှာနော်။

Featured Photo : Pinterest