ဒီတစ်ခေါက်မှာတော့ အချိန်နည်းနည်းပေးပြီး အမိုက်စား Abs ကြွက်သားတွေရဖို့ လေ့ကျင့်ခန်း နည်းတွေ ပြောပြပေးချင်ပါတယ်။ မည်သည်အားကစားကိရိယာမှ မလိုပါပဲ ကွီးတို့ တစ်နေ့တာလုံးမှာ အချိန် ၁၀ မိနစ်လောက်ပေးရုံနဲ့ အခုပြောပြမယ့် လေ့ကျင့်ခန်းတွေကို ကစားနိုင်ပါတယ်။ အမြောင်းမြောင်းထနေတဲ့ ဝမ်းဗိုက်ကြွက်သားတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ဘော်ဒီကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကွီးတို့ အချိန် ၁၀ မိနစ်လောက်ပဲပေးပြီး ဒီလေ့ကျင့်ခန်းတွေကို ကစားလိုက်ပါ။

(၁) V Sit-Up

V Sit-Up

Photo : Men’s Fitness

အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပလက်အနေအထား လှဲလျောင်းပြီး လက်နှစ်ဖက်ကို ဦးခေါင်းအပေါ် ဘေးတစ်ဖက်တစ်ချက်စီသို့ ချထားပေးပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထုတ်ပြီး ခန္ဓာကိုယ်ကို အပေါ်သို့ အနည်းငယ်ကြွကာ ခြေဖျားထိပ်နဲ့ လက်နှစ်ဖက်ကို နီးကပ်အောင် ထိပေးပါ။ ပုံမှာ မြင်ရတဲ့အတိုင်း ခန္ဓာကိုယ်က အင်္ဂလိပ်အက္ခရာ V ပုံစံမှာ ရှိနေရပါမယ်။ ပြီးရင်တော့ မူလစတင်ခဲ့တဲ့ အနေအထားသို့ ပြန်သွားပြီး နောက်တစ်ကြိမ် ထပ်မံပြုလုပ်ပေးပါ။ စက္ကန့် ၃၀ , ၃ ကျော့ ကစားပေးရပါမယ်။

(၂) Plank

Plank

Photo : Men’s Fitness

အမိုက်စား Abs ကြွက်သားတွေရဖို့အတွက် Plank လေ့ကျင့်ခန်းက မပါမဖြစ်ပါပဲ။ Plank ထောက်တဲ့အခါ ခန္ဓာကိုယ်ကို ဦးခေါင်းကနေ ခြေဖျားအထိ မျဉ်းဖြောင့်ပုံစံအတိုင်း ရှိနေရမှာဖြစ်ပြီး တံတောင်ဆစ်တွေက ပခုံးအောက်တည့်တည့်မှာ ရှိနေရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း စက္ကန့် ၃၀ , ၃ ကျော့ ပြုလုပ်ပေးပါ။

(၃) Ups and Downs

Ups and Downs

Photo : Men’s Fitness

Ups and Downs လေ့ကျင့်ခန်းကတော့ လွယ်ကူရိုးရှင်းပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပလက်အနေအထား လှဲလျောင်းပါ။ ဝမ်းဗိုက်က ကြွက်သားတွေကို ညှစ်ပြီး ခြေထောက်တွေကို ကြမ်းပြင်ကနေ ၁၂ လက်မကွာ မြှင့်တင်ပေးလိုက်ပါ။ ထိုအတိုင်း ၃ စက္ကန့်လောက် ထိန်းထားပြီး ခြေထောက်တွေကို အောက်သို့ဖြည်းဖြည်းချင်း ပြန်ချပါ။ ဒီလေ့ကျင့်ခန်းက အောက်ဗိုက်အဆီတွေကို လျှော့ချပေးမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ၄၅ စက္ကန့် ၊ ၃ ကျော့ ကစားပေးပါ။

(၄) Butterfly Sit-Up

Butterfly Sit-Up

Photo : Men’s Fitness

ဒီလေ့ကျင့်ခန်းကတော့ ထိုင်လျက်အနေအထားနဲ့ ဒူးကွေးပြီး ခြေဖဝါးနှစ်ဖက်ကို ထိကပ်ထားပါ။ ခြေထောက်တွေကို ထိုပုံစံအတိုင်း တည်ငြိမ်အောင်ထိန်းထားပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းနောက်သို့ လှန်ကာကြမ်းပြင်ပေါ် လှဲလိုက်ပါ။ ပြီးတဲ့နောက်မှာ ဝမ်းဗိုက်ကြွက်သားတွေကို အားပြုပြီး မူလထိုင်လျက်အနေအထားကို ပြန်သွားရပါမယ်။ ဒီလေ့ကျင့်ခန်းကို စက္ကန့် ၃၀ , ၃ ကျော့ ပြုလုပ်ပေးပါ။

(၅) Windscreen Wiper

Windscreen Wiper

Photo : Men’s Fitness

ဝမ်းဗိုက်ဘေးဘက်က အဆီပိုတွေကို ဖယ်ရှားပြီး အမိုက်စား Abs ကြွက်သားတွေ ရဖို့ ဒီလေ့ကျင့်ခန်းက အထိရောက်ဆုံး ကူညီပေးနိုင်ပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပလက်အနေအထား လှဲလျောင်းပြီး ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်စီမှာ လက်တွေကို ဖြန့်ကပ်ထားပါ။ ထို့နောက် ခြေထောက်တွေကို မြှောက်ထားပြီး ခန္ဓာကိုယ်ရဲ့ဘေးဘက်တစ်ချက်စီသို့ တစ်လှည့်စီ မ,ရွေ့ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေတဲ့အပြင် နောက်ကျောနာကျင်မှု ဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။ ၄၅ စက္ကန့် ၊ ၃ ကျော့ ကစားပေးပါ။

Featured Photo : Men’s Journal