အားလုံးသိကြတဲ့အတိုင်း အခုနောက်ပိုင်း လူတော်တော်များများ Youtube ပေါ်မှာ ဗီဒီယိုတွေ ဖန်တီးတင်ဆက်လာကြပြီး အချို့က ကြည့်ရှုသူ သန်းနဲ့ချီတဲ့ Subscribers တွေ အများကြီးရှိကြသလို မကြာသေးမီနှစ်တွေအတွင်း Youtube အသိုင်းအဝိုင်းက အဆမတန် ကျယ်ပြန့်လာခဲ့ကာ အရည်အချင်းရှိတဲ့ Youtuber တွေလည်း အများကြီး ပေါ်ပေါက်လာပါတယ်။ ဒီထဲမှာ အမျိုးသမီး နာမည်ကြီး Youtuber တွေလည်း တော်တော်များများ နေရာယူလာတာကို တွေ့ရပါတယ်။ စစ်တမ်းတွေအရ Youtuber တွေရဲ့ ၃၈ ရာခိုင်နှုန်းကပဲ အမျိုးသမီးတွေဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှုက အမျိုးသား Youtuber ထက် ပိုများကာ အချိန်တိုအတွင်းမှာတင် ကြည့်ရှုသူနဲ့ Subscribers အရေအတွက် အများအပြား ရရှိထားကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ပုရိသ ကွီးတို့ Subscribe And Follow လုပ်ထားသင့်တဲ့ ဆွဲဆောင်မှု အရှိဆုံးနဲ့ အချောဆုံး အမျိုးသမီး Youtuber ၅ ဦး အကြောင်း တင်ဆက်ပေးချင်ပါတယ်။
(၁) Alia Shelesh (Channel နာမည် – SSSniperwolf)
Source : SSSniperWolf
ပထမဆုံးတစ်ယောက်ကတော့ SSSniperWolf ဆိုတဲ့ Youtube Channel ထောင်ထားတဲ့ Alia Shelesh ပဲဖြစ်ပါတယ်။ သူမကတော့ အကောင်းဆုံး အင်္ဂလိပ်-အမေရိကန် အမျိုးသမီး YouTuber နဲ့ မင်းသမီးတွေထဲက တစ်ဦးဖြစ်ပြီး ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာမွေးခဲ့ပါတယ်။ Alia ရဲ့ Youtube Channel မှာတော့ Subscribers ပေါင်း ၃၂.၈ မီလီယံခန့် ရှိပါတယ်။ သူမကိုတော့ အမိုက်စား Reaction ဗီဒီယိုတွေ ၊ Vlogs တွေ ၊ DIY ဗီဒီယိုတွေနဲ့ Gaming ဗီဒီယိုတွေနဲ့ တွဲပြီး လူသိများပါတယ်။
(၂) Mariand Castañeda (Channel နာမည် – Yuya)
Source : Yuya
နတ်မိမယ်လေးလို ချောမောလှပတဲ့ Mariand Castrejón Castañeda ကတော့ ဆွဲဆောင်မှုအရှိဆုံး မက္ကဆီကို Beauty Vlogger နဲ့ Youtuber တစ်ဦး ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ မွေးခဲ့ပြီး လက်ရှိ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိန်းမချောလေးတစ်ဦး ဖြစ်ပါတယ်။ Mariand ဟာ Yuya ဆိုတဲ့ Youtube Channel ကိုထောင်ထားပြီး သူမရဲ့ Channel မှာ Subscribers ပေါင်း ၂၄.၉ မီလီယံခန့် ရှိပါတယ်။ သူမက ၂၀၁၆ ခုနှစ် မတ်လမှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှု ကမ်ပိန်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး YouTube Creators ၇ ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ #True လို့ခေါ်တဲ့ သူမရဲ့ ကိုယ်ပိုင် ရေမွှေးအမှတ်တံဆိပ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့ မိတ်ကပ် Collection တစ်ခုကိုလည်း ထုတ်ခဲ့ပါတယ်။
(၃) Elizabeth Koshy (Channel နာမည် – Liza Koshy)
Source : Liza Koshy
Liza Koshy Youtube Channel တည်ထောင်ထားတဲ့ Elizabeth Shaila ကတော့ အမေရိကန် နာမည်ကြီး အမျိုးသမီး YouTuber တစ်ဦးဖြစ်ပါတယ်။ သူမကို ၁၉၉၆ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ မွေးခဲ့ပါတယ်။ သူမရဲ့ Youtube Channel မှာတော့ Subscribers ပေါင်း ၁၇.၃ မီလီယံရှိပြီး တိုးတက်မှုအမြန်ဆုံး YouTube ချန်နယ်တစ်ခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ သူမဟာ အမေရိကန်ပြည်ထောင်စုမှာ ၅၈ ခုမြောက် Subscribers အများဆုံး YouTube Channel ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
(၄) Patricia Caeli López (Channel နာမည် – Caeli YT)
Source : Caeli YT
Caeli သို့မဟုတ် CaELiKe လို့လူသိများတဲ့ Patricia Caeli Santaolalla López ကတော့ နာမည်ကြီး မက္ကဆီကန် Vlogger နဲ့ Youtuber တစ်ဦးဖြစ်ပါတယ်။ သူမကို ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာမွေးခဲ့ပါတယ်။ သူမရဲ့ YouTube Channel နာမည်ကတော့ Caeli YT ဖြစ်ပြီး Subscribers ပေါင်း ၁၅.၆ မီလီယံခန့် ရှိပါတယ်။
(၅) Jenna Mourey (Channel နာမည် – Jenna Marbles)
Source : Jenna Marbles
ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး Youtuber တွေထဲက နောက်ဆုံးတစ်ယောက်ကတော့ အမေရိကန် ထိပ်တန်း အမျိုးသမီး YouTuber ဟောင်း Jenna Mourey ပဲ ဖြစ်ပါတယ်။ သူမကို ၁၉၈၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ မွေးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ “How To Trick People Into Thinking You’re Good Looking ” ဆိုတဲ့ လူကြည့်အများဆုံး ဗီဒီယိုတစ်ပုဒ် ထုတ်လွင့်ခဲ့ပါတယ်။ သူမရဲ့ Channel မှာတော့ Subscribers ပေါင်း ၁၉.၈ မီလီယံခန့်ရှိပါတယ်။ Jenna အနေနဲ့ အခုလက်ရှိမှာတော့ ဗီဒီယိုတွေ မဖန်တီးဖြစ်တော့ပေမယ့် ရှယ်မီဒီယာ ပလက်ဖောင်းတွေမှာတော့ သူမကို တွေ့နိုင်ပါသေးတယ်။
Featured Photo : Siachen Studios