ဒီဘက်ခေတ်ရဲ့ Gaming Industry ဟာ တော်တော်ကြီး ကျယ်ပြန့်လာနေပါတယ်။ Global Games Market Report ရဲ့ အချက်အလက်တွေအရ ကမ္ဘာလုံးဆိုင်ရာ ဗီဒီယိုဂိမ်းရောင်းချမှု ဝင်ငွေဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၇၅.၈ ဘီလီယံကျော်ရှိခဲ့ပြီး လာမယ့် ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၂၀၀ ဘီလီယံကို ကျော်လွန်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ကမ္ဘာတဝှမ်း ဂိမ်းတွေရဲ့ အခန်းကဏ္ဍဟာ တစ်နှစ်ထက် တစ်နှစ်ပိုမို ကြီးထွားလာနေတယ်ဆိုတာ သိနိုင်ပါတယ်။ ခေတ်သစ်လူနေမှုပုံစံထဲမှာ ဂိမ်းကစားခြင်းဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာတစိတ်တပိုင်း ဖြစ်လာတာနဲ့အတူ Gamers တွေရဲ့ ဖျော်ဖြေတင်ဆက်မှု ၊ လူတွေနဲ့ ချိတ်ဆက်မှုပုံစံတွေကလည်း တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ ဂိမ်းကစားခြင်းကို အရင်က အပျင်းပြေ ဖျော်ဖြေရေး ကစားနည်းတစ်ခုအနေနဲ့ ထင်မှတ်ထားခဲ့ရာကနေ ယနေ့ခေတ်ရဲ့ နောက်ဆုံးပေါ်နည်းပညာသစ်တွေနဲ့ YouTube ၊ Twitch ၊  Facebook တို့လို့ ဆိုရှယ်မီဒီယာ ပလပ်ဖောင်းတွေကနေတဆင့် Streaming လုပ်ပြီး သန်းနဲ့ချီ ဝင်ငွေရနေကြတဲ့ ပရော်ဖက်ရှင်နယ် Gamers တွေလည်း များစွာရှိလာနေပါပြီ။ တစ်ခေါက်မှာတော့ ဂိမ်းကစားခြင်းနဲ့ ပတ်သတ်ပြီး နာမည်ကြီး လူကြိုက်များတဲ့ Gaming Youtuber ၅ ဦးအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) PewDiePie

PewDiePie ကတော့ ဆွီဒင်နိုင်ငံသား နာမည်ကြီး Gaming Youtuber တစ်ဦးဖြစ်ပါတယ်။ သူရဲ့ နာမည်အရင်းက Felix Arvid Ulf Kjellberg ဖြစ်ပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ မွေးခဲ့ပါတယ်။ Felix ကို Silent Hill ၊ Dead Island တို့လို Horror ဂိမ်းတွေနဲ့ လူသိများပြီး Minecraft နဲ့ တခြား ပေါ့ပေါ့ပါးပါး ပျော်စရာ Flash ဂိမ်းတွေလည်း အဓိကကစားပါတယ်။ သူဟာ ဗီဒီယို Views ၁၀ ဘီလီယံကျော် ရရှိတဲ့ ပထမဦးဆုံး Gaming Youtuber တစ်ဦးဖြစ်ပြီး လက်ရှိသူရဲ့ Channel မှာ Subscribers ၁၁၁ မီလီယံနဲ့ ကြည့်ရှု့သူ ၂၈.၃ ဘီလီယံကျော် ရရှိထားပါတယ်။

(၂) Vegetta777

Vegetta777 ရဲ့ ပဲ့ကိုင်ရှင် Samuel de Luque ကတော့ နာမည်အကြီးဆုံး Minecraft ဗီဒီယိုတွေ ဖန်တီးတဲ့ စပိန်နိုင်ငံသား Gaming Youtuber တစ်ဦးဖြစ်ပါတယ်။ သူ့ကို ၁၉၈၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ မွေးခဲ့ပါတယ်။ သူဟာ စပိန်ဘာသာစကားနဲ့သာ Streaming ပြုလုပ်လေ့ရှိပေမယ့် သူရဲ့ Channel ကတော့ ကြည့်ရှု့သူ ၁၄ ဘီလီယံကျော် ရရှိထားပါတယ်။ Luque ဟာ စပိန်နိုင်ငံရဲ့အကျော်ကြားဆုံး YouTubers တွေထဲက တစ်ဦးဖြစ်သလို Gaming နယ်ပယ်ထဲမှာလည်း လူကြိုက်များတဲ့ နာမည်ကြီး YouTubers တစ်ဦးဖြစ်ပါတယ်။

(၃) Markiplier

Markiplier လို့လူသိများတဲ့ Mark Edward Fischbach ကိုတော့ ၁၉၈၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ မွေးခဲ့ပါတယ်။ သူဟာ ဟာဝိုင်အီရဲ့ နာမည်အကြီးဆုံး အမေရိကန် Gaming Youtuber တစ်ဦးဖြစ်ပါတယ်။ Amnesia: The Dark Descent ၊ Never-Ending Nightmare ၊ SCP Containment Breach နဲ့ Slender တို့လို Survival Horror နဲ့ Action ဂိမ်းတွေ အဓိက ကစားပါတယ်။ Mark ဟာ ၂၀၁၇ ခုနှစ်မှာ Shorty Award ဆုရရှိခဲ့ပြီး Subscribers ၃၂.၉ မီလီယံ ၊ ကြည့်ရှု့သူ ၁၈.၂ ဘီလီယံကျော် ရရှိထားတဲ့ လူကြိုက်အများဆုံး Gaming Youtuber တစ်ဦးဖြစ်ပါတယ်။

(၄) Jacksepticeye

Jacksepticeye ကတော့ အိုင်းရစ်ချ် Gamer တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့နာမည်အရင်းက Seán William McLoughlin ဖြစ်ပြီး ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ မွေးခဲ့ပါတယ်။ Seán ဟာ ပျော်ရွှင်ရယ်မောဖွယ်ရာ ဂိမ်းတွေနဲ့အတူ လူသိများလာခဲ့ပြီး Resident Evil ၊ Super Mario Party စတဲ့ ဂိမ်းတွေနဲ့လည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ PewDiePie နဲ့ မကြာခဏဆိုသလို ဂိမ်းတွေ တွဲဆော့လေ့ရှိပြီး တခြားနာမည်ကြီး Streamer တွေနဲ့လည်း အလုပ်တွဲလုပ်နေသူတစ်ယောက် ဖြစ်ပါတယ်။ ‌သူရဲ့ Channel မှာ Subscribers ၂၈.၄ မီလီယံနဲ့ ကြည့်ရှု့သူ ၁၅.၂ ဘီလီယံကျော် ရရှိထားပါတယ်။

(၅) Vanoss Gaming

Vanoss Gaming ကတော့ ကနေဒါနိုင်ငံသား Evan Fong ထောင်ထားတဲ့ Channel ဖြစ်ပါတယ်။ Fong ကို ၁၉၉၂ ခုနှစ် မေလ ၃၁ ရက်မှာ မွေးခဲ့ပါတယ်။ သူရဲ့ Channel မှာ Subscribers ၂၅.၆ မီလီယံ ၊ ကြည့်ရှု့သူ ၁၄.၆ ဘီလီယံကျော် ရရှိထားပြီး Grand Theft Auto V ၊ Call of Duty: Black Ops ၊ Call of Duty: Modern Warfare ၊ Skate 3 ၊ Dead Rising နဲ့ Garry’s Mod စတဲ့ ဂိမ်းတွေနဲ့ ကျော်ကြားတဲ့ လူကြိုက်အများဆုံး Gaming Youtuber တစ်ဦးဖြစ်ပါတယ်။

Featured Photo : Siachen Studios