Bodyweight လေ့ကျင့်ခန်း ဆိုတာ Gym Equipment မလိုဘဲ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို အသုံးချပြီး အားကစားလုပ်တာကို ပြောတာပါ။ ကိုယ့် Bodyweight ဟာ ကိုယ့်ရဲ့အားကစားပစ္စည်း ဖြစ်လာလို့ ကရိကထနည်းပါတယ်။ ကုန်ကျစရိတ်လည်း မရှိတာကြောင့် စရိတ်စက သက်သာပါတယ်။ ဒါကြောင့် အကုန်အကျနည်းပြီး ထိရောက်မှုရှိတဲ့ Bodyweight Exercises တွေအကြောင်းကို မျှဝေလိုက်ပါတယ်။

(၁) Push-Up

ဒိုက်ထိုးတာကတော့ ဘယ်တော့မှ မရိုးသလို ထိရောက်မှုမြင့်မားတဲ့ Bodyweight လေ့ကျင့်ခန်းတွေထဲမှာ ထိပ်ဆုံးက ပါနေပါတယ်။ လက် မောင်း ၊ ခြေထောက် နဲ့ ရင်ဘတ်ကြွက်သားတွေ သန်စွမ်းစေဖို့ဆို လက်နှစ်ဖက်ကို ပခုံးနဲ့အညီ ခွဲပြီး ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်း လုပ်ဖို့ ပြောချင်ပါတယ်။

(၂) Groiners

ဒိုက်ထိုးသလို ပုံစံအနေအထားနဲ့ လက်တွေကို ထိန်းထားပြီး ခြေထောက်တွေကို ကစားတာ ဖြစ်ပါတယ်။ လုပ်နည်းကိုင်နည်းကိုတော့ အပေါ်မှာ ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်မှာ ကြည့်နိုင်ပါတယ်။ Body Motion အပြင် သွေးလည်ပတ်မှုကိုပါ တိုးစေပါတယ်။ ပေါင်ခြံ ၊ တင်ပါးနဲ့ ခြေသလုံး ကြွက်သားတွေ သန်စွမ်းစေမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၃) Spider Crawl

ပင့်ကူလမ်းလျှောက်ပုံစံ လေ့ကျင့်ခန်းပါ။ အဓိကထိတဲ့ ကြွက်သားတွေက ကျောရိုးမကြီး ကြွက်သားတွေနဲ့ ပခုံး ၊ ရင်ဘတ် ၊ အပေါ်ကျောဘက် ၊ လက်မောင်း ၊ တင်ပါး စတဲ့ တစ်ကိုယ်လုံး ကြွက်သားတွေကို Target ထား ကစားပေးပါတယ်။ လေ့ကျင့်ခန်း လုပ်နည်းကို ဗွီဒီယိုမှာ ကြည့်နိုင်ပါတယ်။

(၄) Standing Long Jump

ပခုံးနဲ့အညီ ခြေခွဲ ရပ်နေရာကနေ အရှေ့ကို အားယူခုန်တာပါ။ အိုလံပစ်အဝေးခုန် Jumper တစ်ယောက်လိုမျိုး မြင်နိုင်ပါတယ်။ ဒီ လေ့ကျင့်ခန်းကလည်း ကိုယ်အလေးချိန်ကိုပဲ အသုံးချသွားတာ ဖြစ်ပြီး ဗိုက် ၊ ကျော ၊ တင်ပါးနဲ့ ပေါင်ကြွက်သားတွေ သန်စွမ်းစေပါတယ်။

Featured Photo : mensfitness